Connect with us

Hi, what are you looking for?

သတင်း

လေးကေ့ကော်ဒေသမှာ စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာတဲ့ BGF (၈၈၈)ဗျူဟာ အထိနာ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ဖလူးကျေးရွာကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ (၈၈၈) ဗျူဟာက စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာရာ ​​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် အထိနာသွားတယ်လို့ လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

BGF တပ်ဖွဲ့ဝင် အချို့။ ဓါတ်ပုံ-CJ

အောက်တိုဘာ-၁၆၊၂၀၂၅၊နေ့သစ်/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ဖလူးကျေးရွာကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ (၈၈၈) ဗျူဟာက စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာရာ ​​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် အထိနာသွားတယ်လို့ လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ BGFရဲ့ (၈၈၈)ဗျူဟာ ဒုဗျူဟာမှူးကွပ်ကဲတဲ့ အင်အား၄၀၀ ​ခန့်ပါတဲ့ စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ဖလူးရွာဘက်ကို စစ်ကြောင်းထိုးလာတာလို့ စုံစမ်းသိရပါတယ်။

BGFနဲ့ စစ်ကောင်စီပူးပေါင်းတပ်ရဲ့ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDFပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာသွားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကရင်အချင်းချင်း သစ္စာဆိုထားတာ အခု သစ္စာစူးပြီပေါ့။ သူတို့က ဖလူးရရေးထိုးလာနေတာ။ လေးကေ့ကော်ရရင်လည်း နောက်ကျောမလုံတော့ သူတို့က ဖလူးကို ရချင်နေတာ”လို့ တပ်မဟာ (၆)နယ်မြေက တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဖလူးရွာနဲ့ လေးကေ့ကော်မြို့သစ်ဟာ (၁၀)မိုင်ကျော် ကွာဝေးပါတယ်။

လေးကေ့ကော်မြို့သစ်တိုက်ပွဲအတွင်း စစ်တပ်က ၁၀၀ခန့် သေဆုံးပြီး အလင်းဝင်လာသူများရှိနေတယ်လို့ ကျားသစ်နက်စစ်ကြောင်း အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ထားပါတယ်။

လက်တလောမှာ စစ်ကောင်စီတပ်နဲ့ BGFပူးပေါင်းတပ်တွေက လေးကေ့ကော်မြို့သစ်ပြန်ဖို့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ လေးကေ့ကော်မြို့ နေရာအချို့ကို ပြန်ရထားပေမယ့် အလုံးစုံမရသေးဘူးလို့လည်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တပ်ရင်းတချို့ရဲ့ အကူအညီနဲ့ လေးကေ့ကော်မြို့သစ်ကို စက်တင်ဘာ ၂၁ရက်စပြီး စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။

လေးကေ့ကော်မြို့သစ်ဆီကိုစစ်ကြောင်း၅ကြောင်းနဲ့ ထိုးစစ်ဆင်ရာမှာ BGFရဲ့ ဗိုလ်တင်ဝင်းအဖွဲ့က လေးကေ့ကော်ရဲ့ အရှေ့မြောက်ဘက် မယ်ဝါးခီးရွာဘက်ကနေ စစ်ကြောင်းကူထိုးတယ်လို့သိရပါတယ်။ BGFရဲ့ ဗိုလ်မုတ်သုန်အဖွဲ့က လေးကေ့ကော်ရဲ့ အနောက်မြောက်ဘက်က ကျောက်ဂူရွာကနေ စစ်ကြောင်းကူထိုးလာတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လေးကေ့ကော်မြို့သစ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) /KNLA ၊ ဗျူဟာအမှတ် (၃၂) ကျားသစ်နက်စစ်​ကြောင်း ၊ ​ကော်ဘရာစစ်​ကြောင်း ၊ ဗွီနွန်စစ်​ကြောင်း ၊ Justice Solider စစ်​ကြောင်း မဟာမိတ်ပူး​ပေါင်းစစ်​ကြောင်းတွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ နေ့စဉ် တိုက်ပွဲပြင်းထန်နေတယ်လို့ ကျားသစ်နက်စစ်ကြောင်းက အသိပေးပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်က ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောကိုယ်တိုင် စစ်မြေပြင်မှာ ဦးဆောင်တိုက်ခိုက်နေတဲ့ရုပ်သံ စက်တင်ဘာ ၂၆ရက်က လူမှုကွန်ရက်မှာ ပေါ်ထွက်လာပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့စစ်တပ်သားသစ်တွေကို မူးယစ်ဆေးတွေကျွေးပြီးရှေ့တက်ခိုင်းတာလို့လည်း လေးကေ့ကော်ဒေသမှာ တိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးရဲဘော်တွေက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။