Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး ပြည်သူ ၁၁ဦးခန့် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကျောက်ကုန်း ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၁၁ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ-၁၉၊ ၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကျောက်ကုန်း ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၁၁ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီကနေ့(အောက်တိုဘာ ၁၉ ရက်) မနက် ၇နာရီမှာ အရာတော်မြို့နယ် သလဲဘာ ပျူစောထီးကျေးရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ၅၀ ဝန်းကျင်​​​ဟာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ကျောက်ကုန်းကျေးရွာကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

“နှစ်ဦးတော့ အတည်ပြုလို့ရတယ်။အမျိုးသမီး နှစ်ဦး။ဓားစားခံအနေနဲ့။စစ်ကြောင်းက ရွာထဲမှာပဲရှိသေးတယ်။ရွာထဲက ပြည်သူပိုင်ပစ္စည်းတွေ ကို ယူနေကြတယ်။ရွာပြင် မထွက်သေးဘူး”လို့ ဝက်လက်အခြေစိုက် သတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်နေသူတစ်ဦးကလည်း”သလဲဘာနဲ့ ကျောက်ကုန်းနဲ့က မူးမြစ်တံတားပဲ ခြားတာ။ဘာမှမဝေးဘူး။ကျောက်ကုန်းက ခဏခဏ စစ်ကြောင်းထိုးခံရတယ်”လို့ ပြောပါတယ်။

​ဝက်လက်မြို့နယ်ပကဖရဲ့အချက်အလက်တွေအရ အခု စစ်အုပ်စုစစ်ကြောင်းထိုးတာဟာ သုံးကြိမ်မြောက်ဖြစ်ပြီး အရင်စစ်ကြောင်းထိုးတုန်းကလည်း ရွာခံလေးဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေဘို- မုံရွာ ဖြတ်လမ်း လမ်းဆုံမှာရှိတဲ့ ဝက်လက်မြို့နယ်ထဲက ရွာသာကြီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူအချို့ထိခိုက်သေဆုံးတာရှိပါတယ်။

အခု အောက်တိုဘာပထမပတ်မှာလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိခဲ့ပါတယ်။

စစ်ရေးအခြေအနေအရ ဝက်လက်မြို့နယ်အရှေ့ခြမ်းက လမ်းပိုင်းတွေအားလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၅ ရက် ကစပြီး အသုံးပြုခွင့် ယာယီပိတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

Facebook