Connect with us

Hi, what are you looking for?

သတင်း

စလော့ဂိမ်းဆော့ရာမှ အကြွေးတင်သွားသည့်လူငယ်တဦးအဆုံးစီရင်

စ​လော့ဂိမ်း​တွေပို့တဲ့ကျားဖြန့်လုပ်ငန်း​တွေ စတားလင့်အင်တာနက်မရ​တော့ မိုင်တဲလ်အင်တာနက်သုံးပြီးပြန်လိမ်

​အောက်တိုဘာ-၂၅၊၂၀၂၅။တာရာ/People’s Spring

ရန်ကုန်မြို့၊တာမွေမြို့နယ်မှာ စလော့ဂိမ်းဆော့ရာမှ အကြွေးတင်သွားတဲ့ လူငယ်တစ်ဦး ​အောက်တိုဘာ ၂၃ ရက်မှာ ကြိုးဆွဲချ အဆုံးစီရင်သွားတယ်လို့ ​ဒေသခံတွေကပြောပါတယ်။

အဆိုပါလူငယ်ဟာ အသက် (၂၂) နှစ်အရွယ် မေတ္တာညွန့် ရပ်ကွက်က အဆောင်တစ်ခုမှာ နေထိုင်နေသူဖြစ်ပါတယ်။ထိုလူငယ်မှာ စလော့ဂိမ်းဆော့ပြီးရှုံးရာမှအကြွေးရာနှင့်ချီပြီးရှိလာပြီး​နောက်သူနေထိုင်ရာအဆောင်မှာပဲ ကြာသာပ​တေး​နေ့မနက် မှာကြိုးဆွဲချ အဆုံးစီရင်သွားတာလို့ ​ဒေသခံအချို့က​ပြောပါတယ်။

အဆောင်နေသူတစ်ဦးက အိမ်သာသွားဖို့ထွက်လာရင်း အခန်းအပြင်လျှောက်လမ်းမှာသူ့ရဲ့ရုပ်အ​လောင်းကိုစမြင်တွေ့ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“သူ့အခန်းဖော်တွေပြောတာကတော့ ကောင်လေးကစလော့ဂိမ်းတွေဆော့တယ်ပြောတယ်။ ရှုံးတော့ ဟိုလူ့ဆီကချေးလိုက် ဒီလူ့ဆီကချေးလိုက်နဲ့ အကြွေးတွေကများသွားတယ်။ပြီးတော့‌လည်း အတိုးတွေနဲ့ချေးတာ။ အကြွေးတွေကရာကျော်တယ်ပြောတယ်။ ဂိမ်းပဲအာရုံရနေတော့အလုပ်မှာလည်းအဆင်မပြေဘူးလို့ကြားတယ်။ အဲဒီဂိမ်းဆော့လို့ ချမ်းသာသွားတဲ့သူမရှိဘူး အကုန်ဘဝပျက်သွားတဲ့သူတွေချည်းပဲ။ ဘဝပျက်တာမှတော်တော်ကိုပျက်ကြတာ” လို့ တာမွေမြို့နယ်တွင် နေထိုင်သူတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က လတ်တ​လော ​ဒေသတွင်းကျားဖြန့် နဲ့ ပတ်သက်တဲ့သတင်း​​တွေ ​​အ​ပေါ် ပိုအာရုံစိုက်လာချိန် မှာ အွန်လိုင်းဂိမ်းဆော့တယ့်သူတွေကို ထိရောက်စွာအရေးယူမယ်လို့ ကြေညာချက်ထုတ်ပြန်ပြီး ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ အွန်လိုင်းဘောလုံးလောင်းကစား လုပ်ကိုင်နေသူ ၂၇ ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ အောက်တိုဘာလ ၂၃ ရက်‌ နေ့က သတင်းထုတ်ပြန်ထားပါတယ်။

စလော့ဂိမ်းဟာ အွန်လိုင်​ငွေလိမ်လုပ်ငန်း(ကျားဖြန်)​တွေကလုပ်ကိုင်နေတာဖြစ်ပြီး ပြည်တွင်းမှာ ကစားသူများပါတယ်။စစ်တပ်က KK Park ကကျားဖြန့်လုပ်ငန်း​တွေကိုဟန်ပြနှိမ်နင်းမှု​တွေလုပ်​နေ​ပေမယ့် စတားလင့်အင်တာနက်မရ​တော့တဲ့ ကျားဖြန့်လုပ်ငန်း​တွေက မိုင်တဲလ်အင်တာနက်သုံးပြီး လိမ်​​နေကြပြီလို့ စုံစမ်းသိရပါတယ် ။မိုင်တဲလ်က မြန်မာစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ်ပူး​ပေါင်းလုပ်ကိုင်​နေတဲ့ ​အော်မ​ရေတာဖြစ်ပြီး အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် မိသားစုအစုရှယ်ယာအများစုပိုင်ဆိုင်တဲ့ မိုဘိုင်းလ်​အော်ပ​ရေတာဖြစ်ပါတယ်။

“ကျားဖြန့်တွေ viberကနေ ဂိမ်းလင့်တွေပို့ပြီး ပြန်လိမ်နေပြန်ပြီ။ကျွန်တော်ကို ဒီနေ့ ဂိမ်း SMS viberကနေ တစ်နေ့ထဲ ၃ယောက်လောက်ရှိပြီ ပို့နေတာ”လို့ စ​လော့ဂိမ်းအပါအဝင် အွန်လိုင်းဂိမ်း​တွေကစားကို SMS လက်ခံရရှိသူတဦးက People’s Spring ကို​ပြောပါတယ် ။

ဘိုက်ဘာက​နေ့ ဂိမ်းလင့်ပို့တာမှာတချို့ဖုန်း​တွေက ဖိလစ်ပိုင် ဖုန်းနံမှတ်​တွေအသုံးပြုထားတာ​တွေ့ရတယ်လို့သူကဆက်​ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွား​ရေးကြပ်တည်းမှုတွေကြောင့် ကုန်​ဈေးနှုန်းကြီးတာ၊ အလုပ်အကိုင်ရှားပါးတာအကြောင်းပြချက်မရှိစစ်​ကောင်စီကဖမ်းဆီးဖိနှပ်တာ၊ စစ်သားသစ်အဓမ္မစစ်​ဆောင်းတာစတဲ့ ပြသာနာ​တွေပိုကြီးလာပြီး ပိုက်ဆံကိုအလွယ်နည်းနဲ့ရှာဖွေရာမှ အလိမ်ခံရတာ ၊အ​ကြွေးတင်တာ​တွေ​ကြောင့် ဘဝပျက်သူပိုပိုများလာတယ်လို့ ပြည်သူ​တွေက​ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP) စစ်တမ်းအရ ရန်ကုန်မြို့ရဲ့လူဦးရေ ၁၀ ဦးမှာ ၄ဦးကျော်က ဆင်းရဲနွမ်းပါးနေတယ်လို့ ဖော်ပြပါတယ်။

UNDP ကထုတ်ပြန်ခဲ့တဲ့ ရန်ကုန်မြို့ပြဆင်းရဲမှု စစ်တမ်းတွေအရ လွန်ခဲ့တဲ့ ၈ နှစ်(၂၀၁၇)က ရန်ကုန်မြို့လူဦးရေ ၁၀ ရာခိုင်နှုန်းက ဆင်းရဲနေသူတွေ ဖြစ်ပြီး စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ၂၀၂၃ ခုနှစ် အရောက်မှာ​တော့ ဆင်းရဲနွမ်းပါးမှုဟာ ၄၃ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ​ဖော်ပြထားပါတယ်။ ဒါ​ကြောင့်ဆင်းရဲနွမ်းပါမှုနှုန်းက ၈ နှစ် အတွင်းမှာ သုံးဆ​ကျော်​တောင်တိုးလာတာဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ စုစုပေါင်းမြို့ပြလူဦးရေ ခန့်မှန်းခြေ ၆ ဒသမ၂ သန်းရှိတာမှာ၂ ဒသမ ၇ သန်းခန့်က ဆင်းရဲတွင်းနက်နေရပြီးတော့ အရင်ကတည်းက ဆင်းရဲသူတွေကလည်း ပိုဆိုးရွားတဲ့ အဆင်မပြေမှုတွေ ရှိလာတယ်လို့ UNDPက ဖော်ပြပါတယ်။

ဒါအပြင်စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း အခုအခါ မြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာရှိခဲ့တဲ့ ဝမ်းရေးမဖူလုံသူ လူဦးရေ ၁၃ ဒဿမ ၃ သန်းကနေ သိသိသာသာ တိုးမြင့်လာနေတာလို့ WFPက ဖော်ပြပါတယ်။

“အဲဒီထဲကမှ လူဦးရေ ၂ ဒဿမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရပါတယ်” လို့ WFP က ထောက်ပြပါတယ်။ကျန် ၁၄ သန်းခန့် (၁၃.၉ သန်း)ကလည်းဆာ​လောင်မှုကိုရင်ဆိုင်​နေရတာပါ။

မြန်မာနိုင်ငံရဲ့ အခြေခံစားနပ်ရိက္ခာရဲ့ ပျမ်းမျှကုန်စျေးနှုန်းဟာ အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်အစောပိုင်းကာလနဲ့ ယှဥ်မယ်ဆိုရင် အခုအခါ လေးဆအထိ တိုးမြင့်လာခဲ့ပြီလို့ WFP ကဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဒီလိုနေ့မျိုးမှာ လောင်းကစားဝိုင်းတွေက ရွှေတိဂုံဘုရားရဲ့ ဈေးတန်းမှာလာလုပ်နေခွင့်ရတာက ဘယ်သူတွေ ခွင့်ပြုထားတာလဲဆိုတဲ့ မေးခွန်းထုတ်စရာပါ။

သတင်း

စလော့ဂိမ်းလောင်းကစားကြောင့် ကျပ်သိန်း ၁၀၀ကျော် ဆုံးရှုံးတဲ့ ၁၂ ဘီးကား ယာဉ်မောင်းသမား ၁ဦးဟာ အောင်ပန်း-ကလောလမ်းပိုင်းမှာ ကြိုးဆွဲချသေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်းက စစ်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ လောင်းကစားဝိုင်းတွေနဲ့ ဖျော်ဖြေလုပ်ငန်းတွေ အများအပြားဖွင့်ပြီး လူငယ်တွေကို အကျင့်စာရိတ္တပျက်ပြားအောင် ဖန်တီးကာ အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင်ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်