Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဆီယံ ညီလာခံတက်ဖို့ မလေးရှားကို ထရမ့်ရောက်ရှိလာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အောက်တိုဘာ ၂၆ ရက်နေ့မှာ မလေးရှားနိုင်ငံကို ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။ သူ့ကို မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကိုယ်တိုင် ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အောက်တိုဘာ ၂၆ ရက်နေ့မှာ မလေးရှားနိုင်ငံကို ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။ သူ့ကို မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကိုယ်တိုင် ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့ပါတယ်။

သူဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားရဲ့ ဖိတ်ကြားမှုကို လက်ခံပြီး ကွာလာလမ်ပူမြို့ဆီ ရောက်လာခဲ့တာပါ။ မလေးရှားမှာ ရှိနေစဉ် အတောအတွင်း ထရမ့်ဟာ အာဆီယံ နှစ်နိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ် ချုပ်ဆိုမယ့် အစီအစဉ်ကိုလည်း တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

မလေးရှားကို ဆိုက်ရောက်လာတာဟာ ထရမ့်ရဲ့ အာရှခရီးစဉ် အစပြုမှုလို့လည်း ဆိုနိုင်ပါတယ်။ ရှီဟာ တောင်ကိုရီးယားဆီ ခရီးဆက်ပြီး အဲဒီမှာ အမေရိကန်ရဲ့ အဓိကပြိုင်ဘက် တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး သူဟာ အရှေ့အာရှ မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံကိုလည်း သွားရောက်မှာပါ။

ထရမ့်က သူ့ရဲ့ အာရှခရီးစဉ် အတောအတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ ၂၀၁၉ နောက်ပိုင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံတာမျိုးလည်း ရှိကောင်း ရှိလာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားထားပါတယ်။ ကင်မ်နဲ့ တွေ့ဖြစ်မလားဆိုတဲ့ မေးခွန်းတွေကို ထရမ့်က တိုက်ရိုက် မဖြေဘဲ ဒီကိစ္စအတွက် လမ်းပွင့်နေဆဲလို့သာ မယုတ်မလွန် တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ သူ့ရဲ့ အမေရိကန် သမ္မတသက်တမ်း ပထမ ၄ နှစ်တုန်းက အာဆီယံ ထိပ်သီး ညီလာခံတွေကို ကိုယ်တိုင်မတက်ဘဲ ရှောင်လွှဲခဲ့ပေမယ့် ဒုတိယသက်တမ်းရဲ့ ပထမဆုံးနှစ်မှာတင် အာဆီယံ ညီလာခံဆီ ရောက်လာတာပါ။ မလေးရှားကို သူရောက်ရောက်ချင်း ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုမှု အစီအစဉ်မှာ ပါဝင်မယ်လို့ ထရမ့်က ပြောပါတယ်။ အဲဒီနှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ လပိုင်းက နယ်စပ် အငြင်းပွားမှုကြောင့် ၄ ရက်ကြာ စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။

ထရမ့်ဟာ မလေးရှား ခရီးစဉ် အတောအတွင်း အိမ်ရှင်နိုင်ငံနဲ့ အမေရိကန်တို့ကြား ကုန်သွယ်ရေး သဘောတူ စာချုပ်တစ်ခုကိုလည်း လက်မှတ်ရေးထိုးဖို့ ရည်ရွယ်ထားပါတယ်။

သူက အမေရိကန်နဲ့ သဘောထား ကွဲလွဲမှုတွေ ရှိနေတဲ့ ဘရာဇီး သမ္မတ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားကိုလည်း မလေးရှားမှာ လူချင်းတွေ့ပြီး ဆွေးနွေးတာမျိုး ရှိလာနိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။ လူလာကလည်း ကွာလာလမ်ပူမှာ အာဆီယံ ညီလာခံ တက်ရောက်မှာပါ။

ထရမ့်ဟာ အောက်တိုဘာ ၂၉ ရက်နေ့ကျရင် တောင်ကိုရီးယားနိုင်ငံရဲ့ ဆိပ်ကမ်းမြို့ ဘူဆန်ကို သွားရောက်ပြီး အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (အေပက်) ညီလာခံကို တက်ရောက်မှာ ဖြစ်သလို အိမ်ရှင်နိုင်ငံ သမ္မတ လီဂျေမြောင်နဲ့လည်း တွေ့ဆုံမှာပါ။ အောက်တိုဘာ ၃၀ မှာတော့ သူနဲ့ရှီတို့ တွေ့ဆုံကြပါမယ်။ ကုန်သွယ်ရေးအရ တင်းမာတဲ့ အားပြိုင်မှုတွေ ရှိနေတဲ့ ကမ္ဘာ့ဟဲဗီးဝိတ် နှစ်နိုင်ငံကြားက ဆက်ဆံရေး အစိုင်အခဲတွေကို အဲဒီတွေ့ဆုံမှုက ဖြေလျှော့ပေးနိုင်မလား ဆိုတာကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြမှာပါ။

တရုတ်က မြေရှားသတ္တု တင်ပို့မှုတွေကို ကန့်သတ်တင်းကျပ်မယ်လို့ ကြေညာခဲ့တဲ့နောက် အစောပိုင်းမှာ ထရမ့်က အဲဒီ ဆွေးနွေးပွဲကို ဖျက်ဖို့ထိ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူနဲ့ရှီတို့ လူချင်းတွေ့ဖြစ်ကြမယ်လို့ ပြန်လည် အတည်ပြုခဲ့ပါတယ်။ ထရမ့်ဟာ တောင်ကိုရီးယားကို ရောက်နေချိန် အတောအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နဲ့လည်း လူချင်းတွေ့ဖို့ ဖြစ်နိုင်ခြေ အတိုင်းအတာ တစ်ခုထိ ရှိနေကြောင်း တောင်ကိုရီးယား အစိုးရရဲ့ ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

သတင်းဆောင်းပါး

အမေရိကန်ရုပ်သံလိုင်းများကလည်း 'ထရမ့်'သတင်းတိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်း

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook