Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီနှင့်ပူး​ပေါင်းသစ်ခိုးထုတ်​သောသစ်ကားနှစ်စီးကို ဆားလင်းကြီးPDFမိုင်းဆွဲဖျက်ဆီး

ဆားလင်းကြီးမြို့နယ်နှင့် နယ်မြေခြင်းထိဆက်နေသည့် ယင်းမာပင်မြိူ့နယ်တွင်လည်း သစ်ခိုးကားများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးခြင်း၊ ခိုးယူလာသည့် သစ်များအားသိမ်းဆည်းခြင်းများပြုလုပ်လျက်ရှိသည်။

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီနှင့်ပူးပေါင်းကာ သစ်ခိုးထုတ်နေသော သစ်ကား နှစ်စီး ကို ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ ကမိုင်းဆွဲဖျက်ဆီးခဲ့သည်။

စီးပွားရေးသမားနှင့် စစ်ကောင်စီတို့ပူးပေါင်းပြီးစစ်ကောင်စီကို အခွန်ငွေပေးဆောင်ကာ သစ်ခိုးထုတ်နေသော သစ်ကား ၂ စီးအား ဆားလင်းကြီးမြို့နယ်ရှိ ညီနောင်မဟာမိတ်များပေါင်းကာ ယနေ့ (နိုဝင်ဘာလ ၂၇ ရက်) နံနက် ၅ နာရီခန့်က မိုင်းဆွဲဖျက်ဆီးခဲ့ကြောင်းဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်ထုတ်ပြန်သည်။

ယခင်အကြိမ်များကတည်းက သတိပေးတားမြစ်ခဲ့သည့်ကြားမှ ထပ်မံဖြတ်သန်းနေသောကြောင့်နမူနာအဖြစ် ဖျက်ဆီးပစ်ခဲ့ကြောင်း၊ စစ်ကောင်စီနှင့်ပေါင်းကာ သစ်ခိုးထုတ်မှုများအား မိမိတို့မြို့နယ်အတွင်း လက်မခံနိုင်သောကြောင့် နောက်နောင် ဖြတ်သန်းသွားလာခြင်းလုံးဝမပြုလုပ်ရန်နှင့် ဖြတ်သန်းပါက ပစ္စည်းကောအသက်အန္တရာယ်ပါ တာဝန်မယူကြောင်း ပြင်းထန်စွာသတိပေးလိုက်ကြောင်းသစ်ကားများနည်းတူ ဆီဘောက်ဆာကားများသည်လည်း စစ်ကောင်စီကိုအခွန်ပေးကာ သွားလာနေကြကြောင်း၊ ထိုကားများ၏ အခွန်ဆောင်ပမာဏသည်လည်း များပြားသောကြောင့် စစ်ကောင်စီအတွက်များစွာအထောက်အကူပြုကြောင်း၊ ထို့ကြောင့်၎င်းကားများအားလည်း ဆားလင်းကြီးမြို့နယ်အတွင်း လုံးဝဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဆားလင်းကြီး PDF)ကအသိပေးသည်။

ဆားလင်းကြီးမြို့နယ်နှင့် နယ်မြေခြင်းထိဆက်နေသည့် ယင်းမာပင်မြိူ့နယ်တွင်လည်း သစ်ခိုးကားများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးခြင်း၊ ခိုးယူလာသည့် သစ်များအားသိမ်းဆည်းခြင်းများပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။