Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်က ရထားပေါ်မှာ ဓားထိုးတိုက်ခိုက်မှုဖြစ်ပြီး ၉ ဦး အသက်အန္တရာယ် စိုးရိမ်ရ

လန်ဒန်မြို့တော်ဆီ ဦးတည် ခုတ်မောင်းနေတဲ့ ရထားတစ်စီးပေါ်မှာ လူတွေ အစုအပြုံလိုက် ဓားထိုးခံခဲ့ရပြီး ၁၀ ဦး ဆေးရုံရောက်နေကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ - AP

လန်ဒန်မြို့တော်ဆီ ဦးတည် ခုတ်မောင်းနေတဲ့ ရထားတစ်စီးပေါ်မှာ လူတွေ အစုအပြုံလိုက် ဓားထိုးခံခဲ့ရပြီး ၁၀ ဦး ဆေးရုံရောက်နေကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းက ဖြစ်စဉ်မှာ ဒဏ်ရာရခဲ့သူတွေထဲက ၉ ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေထိ ပြင်းထန်တယ်လို့လည်း သိရပါတယ်။ ရထားပေါ်က တိုက်ခိုက်မှု သတင်းကို ကြားကြားချင်း တုံ့ပြန်ခဲ့တဲ့ ဗြိတိန် သယ်ယူပို့ဆောင်ရေး ရဲဌာနက ဖြစ်စဉ်နဲ့ ပတ်သက်လို့ လူ ၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့ပါတယ်။

အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် စုံစမ်းစစ်ဆေးမှုတွေမှာ ဗြိတိန် အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ပါ ပူးပေါင်း ပါဝင်နေတယ်လို့ ယုံကြည်ရပါတယ်။ ၁၀ ဦးကို ဆေးရုံပို့ခဲ့ရပြီး ၉ ယောက်က အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သယ်ယူပို့ဆောင်ရေး ရဲဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ သတင်းပေးပို့မှုတွေထဲမှာ ပလေတိုဆိုတဲ့ ကုတ်ဒ်ကိုလည်း ထည့်သုံးထားခဲ့ပြီး အဓိပ္ပါယ်ကတော့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်နိုင်ခြေကို ရည်ညွှန်းတာပါ။ နောက်တော့ အဲဒီ ကုတ်ဒ်ကို ပြန်ရုပ်သိမ်းခဲ့ပေမယ့် တိုက်ခိုက်မှုရဲ့ အကြောင်းရင်းကိုလည်း တိတိကျကျ မထုတ်ပြန်သေးပါဘူး။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှု နောက်ကွယ်က အကြောင်းတရားနဲ့ ဝါဒစွဲက ဘာမဆို ဖြစ်နိုင်ကြောင်း၊ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုတွေက စောလွန်းနေသေးတဲ့ အဆင့်မှာ ရှိနေသေးတဲ့ အချိန်မှာတော့ မလိုလားအပ်တဲ့ အရှုပ်အထွေးတွေ ဖြစ်လာစေမယ့် ထင်ကြေးတွေကို ရှောင်သင့်ကြောင်း ရဲဝန်ထောက်ချုပ် ခရစ္စကေစီက ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှုဟာ ဒွန်ကက်စတာနဲ့ လန်ဒန်ကြား ပြေးဆွဲတဲ့ ရထားပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ရထားဟာ စျေးမြို့တစ်ခုဖြစ်တဲ့ ဟန်တင်ဒန်ဆီ တောင်ဖက်ကို ဦးတည်ပြီး ခုတ်မောင်းနေချိန် တိုက်ခိုက်မှု စတင်ခဲ့တာလို့ သိရပါတယ်။ ရထားဟာ ဟန်တင်ဒန် ဘူတာကို ဆိုက်ဆိုက်ချင်းမှာပဲ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရထားတွဲကို စီးနင်းပြီး အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဟန်တင်ဒန်မြို့ တည်ရှိရာ ကမ်းဘရစ်ဂျ်ရှိုင်းယား ဒေသ ရဲတပ်ဖွဲ့က အဲဒီနေရာဆီ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ အထူးရဲယူနစ်တွေပါ သွားရောက်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက အခုသတင်းကြောင့် ထိတ်လန့်တုန်လှုပ်မိကြောင်း ပြောကြားခဲ့ပြီး ထိခိုက်နစ်နာသူ အားလုံးအတွက် ဆုတောင်းပေးကြောင်း ဆိုပါတယ်။

လန်ဒန် အရှေ့မြောက် ရထား ကုမ္ပဏီက သူတို့ရဲ့ ရထားတစ်စီးပေါ်မှာ တိုက်ခိုက်မှု ဖြစ်ပွားကြောင်း အတည်ပြု ကြေညာပြီး လတ်တလောမှာ နှောင့်နှေးမှုတွေ ကြုံနိုင်လို့ ရထားစီးပြီး သွားလာတာမျိုး မလုပ်ကြဖို့ ခရီးသည်တွေကို တိုက်တွန်းခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မီးရထား တစ်စီးပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ ဆယ်ကျော်သက် လူငယ်လေးတွေကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီ သံရုံးက ပြန်လည် တောင်းပန်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။