Connect with us

Hi, what are you looking for?

သတင်း

ဖြူးမြို့နယ်ကိုဗုံးလာကြဲတဲ့ဂျိုင်ရိုကော်ပတာ အပြန်မှာပျက်ကျ စစ်သား ၂ဦးသေဟုပဲခူးတိုင်း စစ်ဌာနကထုတ်ပြန်

ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြိုနယ်၊ မန်ကျည်းကုန်းတောင်ရွာကို စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးလာကြဲလို့ အရပ်သား သေဆုံးမှု ရှိသလို ဗုံးကြဲပြီးအပြန် မှာ ဗုံးလာကြဲတဲ့ ဂျိုင်ရိုကော်ပတာ တစီးပျက်ကျလို့ စစ်ကောင်စီတပ်သား ၂ဦးလည်း သေဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

ဗုံးကြဲခံရတဲ့​​နေအိမ်အချို့ ။ ဓါတ်ပုံ-ပဲခူးတိုင်းစစ်ဌာ

နိုဝင်ဘာ ၆၊ ၂၀၂၅။ထားမြတ်/People’s Spring

ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြိုနယ်၊ မန်ကျည်းကုန်းတောင်ရွာကို စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးလာကြဲလို့ အရပ်သား သေဆုံးမှု ရှိသလို ဗုံးကြဲပြီးအပြန် မှာ ဗုံးလာကြဲတဲ့ ဂျိုင်ရိုကော်ပတာ တစီးပျက်ကျလို့ စစ်ကောင်စီတပ်သား ၂ဦးလည်း သေဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၆ရက် မွန်းလွဲ ၁နာရီခွဲလောက်မှာ ဖြူးမြို့နယ် မန်ကျည်းကုန်း တောင်ရွာကို စစ်ကောင်စီက ဂျိုင်ရိုကော်ပတီ (gyrocopter) ၂စီးနဲ့ ဗုံးလာကြဲတာလို့ ဆိုပါတယ်။

တိုက်ပွဲမဖြစ်ဘဲ အခုလို ဗုံးလာကြဲတာဖြစ်ပြီး ပြည်သူလူထုကျေးရွာ နေအိမ်များပေါ်သို့ ဗုံးသီး ၂လုံး ကြဲချသွားကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို ယုတ်မာရက်စက်စွာနဲ့ ပြည်သူလူထုနေထိုင်ရာနေရာကို ဗုံးသီးကြဲချခဲ့လို့ မန်ကျည်းတောင်ရွာသား အသက် ၅၅ နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် နေအိမ်အဆောက်အဦး (၆)လုံး ပျက်စီးခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

“စက်တပ်ယာဉ်(၂)စီးအနက် တစ်စီးမှာ အပြန်လမ်းတွင် ပျက်ကျပြီး အကြမ်းဖက် ဗုံးကျဲခဲ့သူ စကစနှစ်ဦး ပျက်ကျမှုတွင် သေဆုံးသွားခဲ့ကြောင်း အတည်ပြုပါသည်” လို့ ပဲခူးတိုင်း စစ်ဌာနက ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတီ ပျက်ကျမှုကို အာဠာ၀က စစ်ကြောင်းကလည်း သတင်းထုတ်ပြန်ထားပါတယ်။ ဖြူးမြို့နယ် မန်ကျည်းကုန်းဘောင်ရွာကို ဗုံးကြဲပြီးအပြန် ဖြူးမြို့နယ် တံခွန်တိုင်ရွာအနီးမှာ စစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ ပျက်ကျခဲ့တာဖြစ်ပြီး မောင်းနှင်လိုက်ပါသူ နှစ်ဦးသေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

“တစီးတည်း ပျက်ကျရသလား ပြည်သူကို အမျိုးမျိုး ဒုက္ခပေးတဲ့ကောင်တွေ။ စခ ၂ကောင်တော့ ငရဲအိုး ဇောက်ထိုးဆင်း” ဟု လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု မကြာခဏ ကြုံနေရတဲ့ မင်းတပ်မြို့နယ်မှ ​တော်လှန်​ရေးမှာပါဝင်​နေသူတဦး စစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ ၁စီး ပျက်ကျမှု ဖြစ်စဉ်အပေါ် လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဂျိုင်ရိုကော်ပတာနဲ့ ဗုံးလာမကြဲခင် စစ်ကောင်စီရဲ့ မုန်းမြို့အခြေစိုက် ခမရ(၅၉၀) တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို အသေခံ ဒရုန်း တစီးနဲ့လည်း ပြည်သူလူထု နေထိုင်ရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။

စစ်တပ်ဟာ အရပ်သား လူထုကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

၂၀၂၅ မတ်လ ၂၈ရက် စစ်ကိုင်း ငလျင်အပြီး စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၆၀၀ ကျော် သေဆုံးခဲ့ရပြီး ပြည်သူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာတွေအပါအဝင် ဒေသခံ ၅ ဦးသေဆုံး၊ ၁၀ဦးခန့် ဒဏ်ရာရ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

Facebook