စစ်ကိုင်းတိုင်းအတွင်းရှိ လမ်းပိုင်းလေးခုအား ယနေ့ညမှစတင်ကာ သွားလာအသုံးပြုခြင်း လုံးဝမပြုလုပ်ရန် ချောင်းဦးနှင့်မုံရွာ PDFများကထုတ်ပြန်လိုက်သည်။
ယနေ့( နိုဝင်ဘာလ ၂၈ ရက်နေ့) ည ၇း၁၅ နာရီမှစတင်ကာ မန္တလေး-မြင်းမူ-မုံရွာလမ်းပိုင်း၊ မန္တလေး-အရာတော်-မုံရွာလမ်းပိုင်း၊ မန္တလေး-ရွှေဘို-မုံရွာလမ်းပိုင်း၊ ပခုက္ကူ-ချောင်းဦး-မုံရွာလမ်းပိုင်းများအား အသုံးပြုခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန် အသိပေးတိုက်တွန်းကြောင်း ချောင်းဦးနှင့်မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကအသိပေးသည်။
အဆိုပါလမ်းပိုင်းများအား ပြန်လည်အသုံးပြုနိူင်မည့် အချိန်နှင့်နေ့ရက်အား မဟာမိတ်အဖွဲ့များက ထပ်မံအသိပေးအကြောင်းကြားသွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စစ်ကိုင်းတိုင်းအတွင်း အဆိုပါလမ်းပိုင်းများတွင် စစ်ကောင်စီတပ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ခုခံတိုက်ခိုက်ခြင်းများပြုလုပ်နေပြီး ယမန်နေ့ညပိုင်းကလည်း မန္တလေး-ရွှေဘိုလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မိုင်းဆွဲခံခဲ့ရသေးသည်။

Public Service Announcement


















































