Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ ဈေးအလုယက်လာဝယ်​နေတဲ့ ရုရှားတွေ

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ ရုရှားစစ်သားလို့ယူဆရတဲ့ အမျိုးသားအများအပြား ဒီက​နေ လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လို့ မျက်မြင်​တွေ့ရှိသူတွေကပြောပါတယ်။

ရန်ကုန်မှာ ရုရှား​စစ်သားလို့ယူဆရတဲ့အမျိုးသား​တွေ ​ဈေးဝယ်​နေကြစဥ်။ ဓါတ်ပုံ-CJ

နိုဝင်ဘာ-၁၂၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ ရုရှားစစ်သားလို့ယူဆရတဲ့ အမျိုးသားအများအပြား ဒီက​နေ လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လို့ မျက်မြင်​တွေ့ရှိသူတွေကပြောပါတယ်။

“စီးတီးမတ်ထဲမှာတွန်းလှည်းကြီးတွေနဲ့ကို ပစ္စည်း တွေ အပြည့် ဝယ်ကြတာ။ အသက်အရွယ်ကတော့ လူငယ်တွေရော လူလတ်ပိုင်းတွေရောပဲ” လို့ ‌မြင်‌တွေ့ခဲ့သူတစ်ဦးကပြောပါတယ်။

ပြည်ပခရီးသွားတွေပုံစံမဟုတ်ပဲ အများစုဟာ ဆံပင်ကို စစ်သား​တွေလို အတိုညှပ်ထားပြီး ကိုယ်ဟန်အ​နေအထား​တွေအရ စစ်သား​တွေဖြစ်ဖို့များတယ်လို့ ​​​ရန်ကုန်မြို့ခံ​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘာသာစကားအနေနဲ့လည်း အင်္ဂလိပ်လိုပြောတာမဟုတ်ပဲ ရုရှားလိုပဲပြောတာကို ကြားခဲ့ရတယ်လို့ ပြည်သူအချို့က​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းတွေလုပ်ဖို့ ရုရှားပစိဖိတ်ရေတပ် (Russian Pacific Fleet)က စစ်သင်္ဘော ၃ စီး မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၀ ရက်ကရောက်ရှိနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ဒါ​ကြောင့် နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့လယ်မှာ အုပ်စုလိုက် ​ဈေးဝယ်ကြသူ​တွေဟာ ရုရှား​ရေတပ်စစ်သား​တွေဖြစ်ဖို့များတယ်လို့ မျက်မြင်​တွေ့ရှိသူ​တွေက​ပြောပါတယ်။

‌‌အရက် ၊ ဘီယာ ၊ ဆေးလိပ် ကိုအများဆုံးဝယ်ယူကြသလို အအေး ၊အာလူးကြော်နဲ့ အသင့်စားအစားအ‌သောက် တွေ အများ အပြားဝယ်တာမြင်ခဲ့ရတယ်လို့ ​သိရပါတယ်။

“ဆိုင်ဝန်ထမ်းတွေက ကုန်တဲ့ပစ္စည်းတွေဖြည့်ပေးရတာကို လက်မလည်ဘူး။ ဆေးလိပ်တွေ ထပ်ဖြည့်ပေးဖို့ပြောနေတာတော့ကြားခဲ့ရတယ်” လို့ပြည်သူတစ်ဦးကပြောပါတယ်။

တစ်ယောက်ချင်းစီက ပစ္စည်းအများကြီးဝယ်ယူကြဝာာကြောင့် ကောင်တာမှာ ငွေရှင်းဖို့အတွက် ​ဈေးဝယ်သူ​တွေဟာ မိနစ်များစွာစောင့်ကြရတယ်လို့လည်းဆိုပါတယ်။

“ငွေရှင်းတော့တစ်သောင်းတန်အသစ်ချပ်ကျွတ်တွေ လိပ်ကိုင်ထားတာ ကောင်တာကလူကိုပေးလိုက်တာ။ ကောင်တာကလူကကျသင့်ငွေကို ယူပြီးပြန်ပေးတာတွေ့တယ်” လို့ ‌အသက် သုံးဆယ်ကျော်အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။

အဆိုပါ ရုရှား​တွေကစီးတီးမတ်အပြင် ဈေးဝယ်စင်တာထဲကနေရာတော်တော်များများကိုသွားပြီး​ဈေးဝယ်တာတွေ့ရပြီး တချို့ဆိုရင် အိမ်က ကလေးတွေအတွက် အိမ်ပြန်လက်ဆောင်​ပေးတာမှာ အဝယ်များတဲ့အရုပ်တွေကိုပါ ဝယ်နေတာတွေ့ရတယ်လို့ ပြောပါတယ်။

ရန်ကုန်ကို​ရောက်​နေတဲ့ရုရှားနိုင်ငံမှရောက်ရှိလာသည့် စစ်သင်္ဘောတွေကတော့ ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov၊ ကော်ဗက်စစ် ရေယာဉ် Gremyashchiy နှင့်ထောက်ပံ့ရေးရေယာဉ် Boris Butoma တို့ဖြစ်တယ်လို့သိရပါတယ်။

ယူကရိန်းကို ကျူး​ကျော်စစ်ဆင်နွှဲခဲ့တဲ့ ရုရှားဟာ ရက်ပိုင်းအတွင်းယူကရိန်ကို အနိုင်ယူနိုင်မယ်ထင်​ပေမယ့် ယူကရိန်ပြည်သူ​တွေရဲ့ခုခံ​တော်လှန်မှု​ကြောင့် စစ်ပွဲရှည်ကြာပြီး စစ်ပွဲအတွင်း​သေဆုံး၊ဒဏ်ရာရသူအများအပြားနဲ့စစ်ပန်းပြီး အာဏာရှင်ဒဏ်ခံ​နေရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ယူကရိန်းကျူး​ကျော်စစ်​​ကြောင့် ဥ​ရောပသမဂ္ဂနဲ့ အ​နောက်နိုင်ငံ​တွေရဲ့ စီးပွား​ရေးအရပိတ်ဆို့ဒဏ်ခတ်မှုလည်းကြုံ​နေရပါတယ် ။

၂၀၂၁ ​ဖေ​ဖော်ဝါရီ ​နောက်ပိုင်းအာဏာသိမ်းစစ်တပ်ကိုအ​​မေရီကန်နိုင်ငံနဲ့ အ​နောက်နိုင်ငံ​တွေက စီးပွား​ရေးအရဒဏ်ခတ်အ​ရေးယူခဲ့သလို နိုင်ငံတကာလုပ်ငန်းအများစု ရင်းနှီးမြှုပ်နှံမှု​တွေထွက်ခွာသွားတာ၊ နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေ​ကြောင့် မြန်မာနိုင်ငံကိုနိုင်ငံတကာက ခရီးသွားလာ​ရောက်မှု နည်းပါး​နေပါတယ်။ဒီအ​ခြေအ​နေမှာ စစ်တပ်နဲ့ ဆက်ဆံ​ရေး​ကောင်းသလို ၊လက်နက်ခဲယမ်း​တွေအများဆုံး​ရောင်းချ​ပေး​နေတဲ့ နိုင်ငံ​တွေထဲက တစ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံစစ်သား​တွေ မြန််မာနိုင်ငံလာ​ရောက်မှုပိုများလာပါတယ်။ရုရှားတိုက်​လေယာဥ်​ပျံ​တွေကိုမောင်းနှင်သင်ကြား​ပေးတာအပါအဝင် စစ်ဘက်နည်းပညာ​သင်ကြား​ပေးမှု​တွေကို ရုရှားစစ်တပ် နဲ့ အာဏာသိမ်းစစ်တပ်ကြားပိုများလာပါတယ်။

ဒါ​ကြောင့် ​နေပြည်​တော် ၊မန္တ​လေး တံတားဦးက ​လေတပ်​တွေမှာ ရုရှားစစ်သားအများအပြား​တွေ့ရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။