Connect with us

Hi, what are you looking for?

News

ပြည်ပရောက်မြန်မာသံတမန်တွေ စစ်အာဏာရှင်ကို ကာကွယ်နေမယ့်အစား ပြည်သူတွေနဲ့ အတူရပ်တည်ကြဖို့ ​NUG တိုက်တွန်း

သံတမန်တွေအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ စစ်အာဏာရှင်ရဲ့အကျိုးစီးပွားကို ကာကွယ်မြှင့် တင်နေမယ့်အစား နိုင်ငံတော်နဲ့ အနာဂတ်မျိုးဆက်သစ်တွေရဲ့ ရှေ့ရေးကို လေးနက်စွာ ရှေးရှုကြဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့(နိုဝင်ဘာ ၂၉ရက်)ထုတ်ပြန်ပါတယ်။

People's Spring
People's Spring

စစ်အာဏာရှင်စနစ် အမြန်ဆုံးအဆုံးသတ်ရေးဆောင်ရွက်ကြဖို့ နောက်ဆုံးအကြိမ်သတိပေး

ပြည်ပရောက် မြန်မာသံတမန်များအနေနဲ့ စစ်အာဏာရှင်အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နေမှုကနေရုန်းထွက်ပြီး ပြည်သူတွေနဲ့အတူရပ်တည်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထုတ်ပြန်ပါတယ်။

သံတမန်တွေအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ စစ်အာဏာရှင်ရဲ့အကျိုးစီးပွားကို ကာကွယ်မြှင့် တင်နေမယ့်အစား နိုင်ငံတော်နဲ့ အနာဂတ်မျိုးဆက်သစ်တွေရဲ့ ရှေ့ရေးကို လေးနက်စွာ ရှေးရှုကြဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့(နိုဝင်ဘာ ၂၉ရက်)ထုတ်ပြန်ပါတယ်။

‘ပြည်သူသာ အဓိက၊ ပြည်သူနှင့်အတူ’ ဆိုတဲ့စကားလုံးတွေကို စာရွက်ပေါ်မှာ မထားကြဘဲ လက်တွေ့ဖော်ဆောင်ပြသကြဖို့နဲ့ နိုင်ငံနဲ့ ပြည်သူများအတွက် သံတမန်ကောင်းပီသစွာ တရားသော ဓမ္မဘက်သို့ အချိန်မှီကူးပြောင်းကာ ပြည်သူတွေနဲ့ အမြန်ဆုံးလက်တွဲညီညီ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံးအဆုံးသတ်ရေးဆောင်ရွက်ကြဖို့ နောက်ဆုံးအကြိမ်သတိပေး တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး စစ်ကောင်စီခန့် ဝဏ္ဏမောင်လွင်အပါအဝင် ၎င်းရဲ့ ဘက်တော်သားဝန်ထမ်းများ၊ ပြည်သူ့ဘက်တော်သား CDM ဝန်ထမ်းတွေအပေါ် ဖိအားပေးအရေးယူတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အနေနဲ့ မတရား လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့နဲ့ အဲဒီဝန်ထမ်း များကို ပြည်သူအပေါ် သစ္စာဖောက်ဖျက်မှုနဲ့ ကြီးလေးသောပြစ်ဒဏ်များ ချမှတ် အရေးယူသွားဖို့ စီစဉ်ထားရှိပြီး ဖြစ်တယ်လို့ ဆက်လက်ဖော်ပြပါတယ်။

ပြည်သူနှင့် အတူ ရပ်တည်တဲ့ မြန်မာသံတမန်တွေကို NUG က အစဉ်လက်ကမ်းကြိုနေမှာဖြစ်ပြီး ပြည်ပရောက် မြန်မာသံတမန်တွေအနေနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ချက်သမ္မတနိုင်ငံ၊ ယူကေ နိုင်ငံတို့ရှိ NUG ကိုယ်စားလှယ်ရုံးတွေကို ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook