Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်ပရောက်မြန်မာသံတမန်တွေ စစ်အာဏာရှင်ကို ကာကွယ်နေမယ့်အစား ပြည်သူတွေနဲ့ အတူရပ်တည်ကြဖို့ ​NUG တိုက်တွန်း

သံတမန်တွေအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ စစ်အာဏာရှင်ရဲ့အကျိုးစီးပွားကို ကာကွယ်မြှင့် တင်နေမယ့်အစား နိုင်ငံတော်နဲ့ အနာဂတ်မျိုးဆက်သစ်တွေရဲ့ ရှေ့ရေးကို လေးနက်စွာ ရှေးရှုကြဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့(နိုဝင်ဘာ ၂၉ရက်)ထုတ်ပြန်ပါတယ်။

People's Spring
People's Spring

စစ်အာဏာရှင်စနစ် အမြန်ဆုံးအဆုံးသတ်ရေးဆောင်ရွက်ကြဖို့ နောက်ဆုံးအကြိမ်သတိပေး

ပြည်ပရောက် မြန်မာသံတမန်များအနေနဲ့ စစ်အာဏာရှင်အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နေမှုကနေရုန်းထွက်ပြီး ပြည်သူတွေနဲ့အတူရပ်တည်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထုတ်ပြန်ပါတယ်။

သံတမန်တွေအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ စစ်အာဏာရှင်ရဲ့အကျိုးစီးပွားကို ကာကွယ်မြှင့် တင်နေမယ့်အစား နိုင်ငံတော်နဲ့ အနာဂတ်မျိုးဆက်သစ်တွေရဲ့ ရှေ့ရေးကို လေးနက်စွာ ရှေးရှုကြဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့(နိုဝင်ဘာ ၂၉ရက်)ထုတ်ပြန်ပါတယ်။

‘ပြည်သူသာ အဓိက၊ ပြည်သူနှင့်အတူ’ ဆိုတဲ့စကားလုံးတွေကို စာရွက်ပေါ်မှာ မထားကြဘဲ လက်တွေ့ဖော်ဆောင်ပြသကြဖို့နဲ့ နိုင်ငံနဲ့ ပြည်သူများအတွက် သံတမန်ကောင်းပီသစွာ တရားသော ဓမ္မဘက်သို့ အချိန်မှီကူးပြောင်းကာ ပြည်သူတွေနဲ့ အမြန်ဆုံးလက်တွဲညီညီ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံးအဆုံးသတ်ရေးဆောင်ရွက်ကြဖို့ နောက်ဆုံးအကြိမ်သတိပေး တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး စစ်ကောင်စီခန့် ဝဏ္ဏမောင်လွင်အပါအဝင် ၎င်းရဲ့ ဘက်တော်သားဝန်ထမ်းများ၊ ပြည်သူ့ဘက်တော်သား CDM ဝန်ထမ်းတွေအပေါ် ဖိအားပေးအရေးယူတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အနေနဲ့ မတရား လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့နဲ့ အဲဒီဝန်ထမ်း များကို ပြည်သူအပေါ် သစ္စာဖောက်ဖျက်မှုနဲ့ ကြီးလေးသောပြစ်ဒဏ်များ ချမှတ် အရေးယူသွားဖို့ စီစဉ်ထားရှိပြီး ဖြစ်တယ်လို့ ဆက်လက်ဖော်ပြပါတယ်။

ပြည်သူနှင့် အတူ ရပ်တည်တဲ့ မြန်မာသံတမန်တွေကို NUG က အစဉ်လက်ကမ်းကြိုနေမှာဖြစ်ပြီး ပြည်ပရောက် မြန်မာသံတမန်တွေအနေနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ချက်သမ္မတနိုင်ငံ၊ ယူကေ နိုင်ငံတို့ရှိ NUG ကိုယ်စားလှယ်ရုံးတွေကို ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။