Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေမှုတ် ကစားကွင်း ပေါက်ကွဲမှုကြောင့် ရုရှားမှာ ကလေးနှစ်ဦး အပြင်းအထန် ဒဏ်ရာရ

ရုရှားနိုင်ငံမှာ လေမှုတ် ပျော့ပျော့အိအိ ကစားကွင်း ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ယောက် ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာရသွားခဲ့ပါတယ်။

မေ ၃၁ ရက်က ရုရှားနိုင်ငံ၊ ဘာနောလ်မြို့မှာ မတော်တဆမှု ဖြစ်ခဲ့တာပါ။ လေမှုတ် ပျော့ပျော့အိအိ ကစားကွင်းကြီးမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံ ကြားလိုက်ရပြီး အသက် ၃ နှစ်နဲ့ ၄ နှစ်အရွယ် ကလေးမလေး နှစ်ဦးဟာ ၂၅ ပေလောက်ထိ လွင့်စဉ်ထွက်သွားခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

အဲဒီ ကလေးနှစ်ယောက်ရဲ့ ဒဏ်ရာ အခြေအနေက ပြင်းထန်ပြီး နောက်ထပ် လွင့်စဉ်သွားတဲ့ ကလေး ၃ ယောက်ကတော့ ပွန်းပဲ့ရုံလောက်သာ ဒဏ်ရာရခဲ့ကြပါတယ်။ ဒဏ်ရာပြင်းတဲ့ ကလေးနှစ်ယောက်က အရှိန်နဲ့ လွင့်သွားပြီး သတ္တုစည်းရိုး တစ်ခုနဲ့ပါ ဆောင့်မိခဲ့ကြပါတယ်။ ကလေးမလေး တစ်ယောက်က လောလောဆယ် အသက်ရှူ အထောက်အပံ့ ကိရိယာ Ventilatorပါ တပ်ထားရတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

ကလေးတွေ ကစားတဲ့ နေရာမှာ အခုလို ဆိုးဆိုးရွားရွား အခြေအနေ ကြုံခဲ့တာနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပါတယ်။ လေမှုတ် ပျော့ပျော့အိအိ ကစားကွင်းကြီး ဘာကြောင့် ပေါက်ကွဲခဲ့သလဲ ဆိုတာကို လောလောဆယ် မသိရသေးပါဘူး။

ကစားကွင်းထဲ လေထိုးထည့်တာ အရမ်းများသွားလို့ ဖိအားဒဏ် မခံနိုင်ဘဲ ပေါက်ကွဲထွက်သွားတာ ဖြစ်နိုင်တယ်လို့ ကနဦး ယူဆထားသလို ချည်ထားတဲ့ ကြိုးတွေ မခိုင်တာကိုလည်း တွေ့ရှိထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။