Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းအတွင်းရှိ လမ်းပိုင်း​လေးခုပြန်အသုံးပြုနိုင်ပြီဟု ပြည်သူ့ကာကွယ်​ရေးအဖွဲ့ ကြေညာ

စစ်ကိုင်းတိုင်းအတွင်း အဆိုပါလမ်းပိုင်းများတွင် စစ်ကောင်စီတ​ပ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ခုခံတိုက်ခိုက်ခြင်းများပြုလုပ်နေသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ လမ်းပိုင်းလေးခုအား ပြန်လည်အသုံးပြုသွားလာနိုင်ပြီဟု ချောင်းဦးနှင့်မုံရွာ PDFများက အသိပေးသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၇နာရီ၁၅မိနစ်မှစတင်ကာ မန္တလေး-မြင်းမူ-မုံရွာလမ်းပိုင်း၊ မန္တလေး-အရာတော်-မုံရွာလမ်းပိုင်း၊ မန္တလေး-ရွှေဘို-မုံရွာလမ်းပိုင်း၊ ပခုက္ကူ-ချောင်းဦး-မုံရွာလမ်းပိုင်းများအား အသုံးပြုခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန် တားမြစ်ခဲ့ပြီးနောက် ယနေ့(နိုဝင်ဘာ ၃၀ ရက်) နံနက် ၁၀နာရီခွဲမှစတင်ကာ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ချောင်းဦးနှင့်မုံရွာ PDFများက အသိပေးကြေညာသည်။

လမ်းပိုင်းများအသုံးပြုရာတွင် ကားမှန်များချထားပြီး အတွင်းမီးများဖွင့်မောင်းပေးရန်၊ ကားများပေါ်တွင် မိုးကာ၊ အကာများမအုပ်ပဲမောင်းနှင်ရန်၊ စစ်ကောင်စီနှင့် ဆက်နွယ်သည်ဟုယူဆရသော ကားများနှင့် ကပ်မလိုက်ဘဲ ခွာလိုက်ရန် အစရှိသည့်အချက်များလိုက်နာပေးစေလိုကြောင်း ချောင်းဦးနှင့်မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးသည်။

စစ်ကိုင်းတိုင်းအတွင်း အဆိုပါလမ်းပိုင်းများတွင် စစ်ကောင်စီတ​ပ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ခုခံတိုက်ခိုက်ခြင်းများပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။