Connect with us

Hi, what are you looking for?

သတင်း

မကွေးမှာသုံးရက်အတွင်းစစ်ကောင်စီတပ်သားလေးဦး ဘက်ပြောင်း

မကွေးတိုင်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက တပ်သားလေးဦး လက်နက်နဲ့ တကွ ဘက်ပြောင်းလာတယ်လို့ အညာမြေတပ်ပေါင်းစုအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်စင်ကပြောပါတယ်။

နိုဝင်ဘာ – ၂၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မကွေးတိုင်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက တပ်သားလေးဦး လက်နက်နဲ့ တကွ ဘက်ပြောင်းလာတယ်လို့ အညာမြေတပ်ပေါင်းစုအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်စင်ကပြောပါတယ်။

နိုဝင်ဘာလ ၂၂ ရက်ကနေ ၂၄ ရက် အထိ သုံးရက်တာအတွင်း စစ်ကောင်စီ တပ်သား လေးဦး ဘက်ပြောင်းလာတာပါ။

“ ကျနော်တို့အတည်ပြုထားသလောက်ဆိုရင် ပကဖ တွေဆီမှာ သုံး ယောက်နဲ့ ကျနော်တို့ဆီမှာ ဝင်တာ တစ်ယောက်နဲ့ဆိုရင် လေး ယောက်ပေါ့ အတည်မပြုနိုင်သေးတာတွေလည်း ရှိဦးမှာပါ “ လို့ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘက်ပြောင်းလာသူတွေတွေ သေနတ်တွေပါသယ်ယူလာကြတာဖြစ်ပြီး တပ်သားပြည့်စုံဟိန်း ၊ တပ်သားအောင်မိုး ၊ တပ်သား သန့်ဇင် နဲ့ တပ်သား တင်ထွန်းတို့ဖြစ်ပါတယ်။

သူတို့လေးဦးစလုံးဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ နဲ့ တပ်သားစုဆောင်းခံရသူတွေဖြစ်ပြီး အပတ်စဉ် ၁၁ ၊ ၁၂ နဲ့ ၁၅ သင်တန်းဆင်းတွေဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းက နိုဝင်ဘာလ ၁၆ ရက်ကစတင်ပြီး စစ်ကြောင်းထိုးနေတာပါ။

အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်တွေကိုအပါအသုံးပြုနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းကမြို့တွေမှာ အပူချိန်မြင့်တက်နေမှုကြောင့် ၂၄နာရီအတွင်း သက်ကြီးပိုင်း ၂ဦး ဦးနှောက်သွေးကြောပြတ် သေဆုံးပြီး သက်ကြီးပိုင်းတစ်ဦးလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA - Magway ) ရဲဘော်တွေအနေနဲ့ လူထုအကျိုးစီးပွားကို အသက်ထက်မြတ်နိုးဖို့ အပါအဝင် အချက်သုံးချက် လုပ်ဆောင်ပြီး ရှေ့ဆက်ကြရမယ်လို့ PRA-Magway ဗဟိုကော်မတီ ဥက္ကဋ္ဌ ကိုနေမွန်က ပြောကြားပါတယ်။