Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်က ဆေးရုံကို စစ်ကောင်စီဗုံးကြဲလို့ CDMဆရာဝန်အပါအဝင် ၅ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က ဆေးရုံနဲ့ ကျေးရွာထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ဆရာဝန်တစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး အမျိုးသမီးတွေအပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ကျောက်ကြီးမြို့နယ်ရှိ ​ဆေးခန်းကို စစ်တပ်ကဒီဇင်ဘာ ၃ ရက်မှာ ဗုံးကြဲပြီး​နောက် အပျက်အစီး​တွေကိုတွေ့ရစဉ်။ ဓာတ်ပုံ -CJ

ဒီဇင်ဘာ-၄၊၂၀၂၅။မိထက်/People’s Spring

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က ဆေးရုံနဲ့ ကျေးရွာထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ဆရာဝန်တစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး အမျိုးသမီးတွေအပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ကျောက်ကြီးမြို့နယ်၊ညောင်ပင်သာရွာက ဆေးရုံကို မနေ့က(ဒီဇင်ဘာ ၃ရက်) နေ့ခင်း ၁၂နာရီခန့်မှာ စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲတာလို့ဒေသခံတွေက ပြောပါတယ်။။

” လက်နက်ကြီးထိလို့ဆိုပြီးလူနာတွေ ကောက်ရတာ။ ပြီးမှပြန်ပြီးသိရတာက စက်တပ်လေထီးနဲ့ကြဲတာ။ ဆေးရုံတည့်တည့်ကိုရောဆေးရုံ ဘေး နေရာတွေကိုပါကြဲတာပါ”လို့ ထိခိုက်တဲ့သူတွေကို ကူညီခဲ့တဲ့သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ကြီးမြို့နယ်ရှိ ​ဆေးခန်းကို စစ်တပ်ကဒီဇင်ဘာ ၃ ရက်မှာ ဗုံးကြဲပြီး​နောက် အပျက်အစီး​တွေကိုတွေ့ရစဉ်။ ဓာတ်ပုံ -CJ

အဲဒီတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ဆေးရုံထဲမှာရှိနေတဲ့ CDM ဆရာဝန် ‌‌ဒေါက်တာဆန်းလွင်၊ ဆေးခန်းအကူ ကျန်းမာရေးဝန်ထမ်းတစ်ဦးနဲ့ ဆေးကုသမှုခံယူနေသူတစ်ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

ကျေးရွာထဲကို ဗုံးကြဲတဲ့ဖြစ်စဉ်မှာတော့ ဒေသခံအမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ဒဏ်ရာရသူရှစ်ဦးကို တောင်ငူဆေးရုံကိုခေါ်လာခဲ့ပြီး စိုးရိမ်ရတဲ့လူနာတွေကိုခွဲစိတ်ကုသခဲ့ရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ကျောက်ကြီးမြို့နယ်ဟာ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃) ထိန်းချုပ်ဒေသဖြစ်ပါတယ်။

မနေ့ကတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့သူတွေအပြင် ဒဏ်ရာရသူတွေထဲမှာ ကိုယ်လက်အင်္ဂါပျက်စီးတဲ့အထိထိခိုက်သူ ငါးဦးရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရတဲ့သူတွေတောင်ငူဆေးရုံမှာ ကုသနေလို့ ဆွေမျိုးတွေကသတင်းလာမေးတာကို စစ်ကောင်စီကာတားမြစ်ခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။

ဒီဇင်ဘာ ၁ရက်ကလည်း KNU တပ်မဟာ(၂)ကို စစ်ကောင်စီက ဗုံးကြဲလို့ ကိုယ်ဝန်ဆောင်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီဇင်ဘာ ၃ ရက်ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဖြစ်ပါတယ်။အဲ့ဒီနေ့မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာ၊ ဗုံးကြဲတာတွေကြောင့် မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာလည်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့‌နောက် အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ် ၄၂၀၀ကျူးလွန်ခဲ့ပြီး သေဆုံးသူစုစုပေါင်း ၄,၄၇၀ အထိ ရှိနေဝာယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူအခွင့်အရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၃ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။