Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

အပစ်ရပ် ကတိကို လေးစားလိုက်နာကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို ထရမ့် တောင်းဆိုထား

အပစ်ရပ် သဘောတူညီထားမှုကို ဆက်ပြီး လေးစား လိုက်နာပေးကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို အမေရိကန် အစိုးရက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အပစ်ရပ် သဘောတူညီထားမှုကို ဆက်ပြီး လေးစား လိုက်နာပေးကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို အမေရိကန် အစိုးရက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်တွေတုန်းက အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြား နယ်စပ် စစ်ရေး တင်းမာမှုတွေ ပြန်လည် စတင်လာပြီး ကမ္ဘောဒီးယားက လက်နက်ကြီးတွေနဲ့ ပစ်ခဲ့သလို ထိုင်းကလည်း နယ်စပ်မှာရှိတဲ့ ကမ္ဘောဒီးယား စစ်စခန်းတွေနဲ့ ကာစီနိုရုံ တစ်ခုကို F-16 တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းအခုံကို အကြောင်းပြုပြီး ဇူလိုင် လကုန်ပိုင်းတုန်းက ၅ ရက်ကြာ စစ်ခင်း တိုက်ခိုက်ခဲ့ဖူးပါတယ်။ အဲဒီနောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ မလေးရှား ဝန်ကြီးချုပ် အီဘရာဟင် အန်ဝါတို့ရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ကြပါတယ်။ အခုတော့ နယ်စပ်မှာ စစ်ရေးအရ ပြန်လည် တင်းမာလာပြီး အပစ်ရပ် သဘောတူညီမှုကလည်း ဆက်လက် တည်မြဲဖို့ မရေမရာ ဖြစ်လာပါတယ်။

ဒီဇင်ဘာ ၈ ရက် ညပိုင်းမှာတော့ အမေရိကန် အစိုးရရဲ့ အမည်မဖော်လိုတဲ့ အရာရှိ တစ်ဦးက သမ္မတ ထရမ့်ဟာ ပဋိပက္ခကို အဆုံးသတ်စေရေး ကတိကဝတ်တွေကို အပြည့်အဝ ဆက်လက် လေးစား လိုက်နာဖို့ ထိုင်းရော၊ ကမ္ဘောဒီးယားကိုပါ ဆက်သွယ် တိုက်တွန်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဒီဇင်ဘာ ၉ ရက်နေ့ထိ အခြေအနေ အရတော့ ထိုင်းက နိုင်ငံပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်နေတဲ့ ကမ္ဘောဒီးယား တပ်တွေကို အပြီးနှင်ထုတ်သွားမယ်လို့ ကြေညာထားပါတယ်။ ကမ္ဘောဒီးယားကတော့ ထိုင်းကသာ တမင် အပြစ်ရှာပြီး ရန်လို ကျူးကျော်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ကြောင်း နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲ ပြစ်တင်နေချိန်မှာ ထရမ့်က နှစ်ဖက်စလုံး အပစ်အခတ် ရပ်စဲရေး ကတိတွေကို ဆက်ပြီး ထိန်းသိမ်းဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက် နယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းစစ်သား ၁ ဦးနဲ့ ကမ္ဘောဒီးယား အရပ်သား ၆ ဦးတို့ သေဆုံးခဲ့ကြောင်း နှစ်ဖက် အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးတော့ နယ်စပ်တလျှောက်က တိုက်ပွဲ ပြင်းထန်ရာ ဧရိယာတွေမှာ နေထိုင်တဲ့ နှစ်ဖက် ဒေသခံ ထောင်နဲ့ချီပြီးလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား တင်းမာမှုတွေ ပြန်လည် မြင့်တက်လာတာကို စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ပြဿနာကို နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။

အပစ်အခတ် ရပ်စဲထားချိန် အတောအတွင်း နယ်စပ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ ဖြစ်ပြီး ထိုင်းစစ်သားတွေ ထိခိုက် ဒဏ်ရာရခဲ့တဲ့နောက် အပစ်ရပ် သဘောတူညီမှုတွေကို ဆိုင်းငံ့ထားမယ်လို့ နိုဝင်ဘာ လထဲမှာ ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းစစ်တပ်က ကမ္ဘောဒီးယားဟာ အပစ်ရပ်ပြီး နောက်ပိုင်းကျမှ နောက်ထပ် မြေမြှုပ်မိုင်း အသစ်တွေ ထပ်ထောင်ခဲ့တယ်လို့ စွပ်စွဲထားပြီး ကမ္ဘောဒီးယားကတော့ ငြင်းဆိုထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။