Connect with us

Hi, what are you looking for?

သတင်း

မြန်မာ၊ထိုင်း နဲ့ ကမ္ဘောဒီးယားရဲ့ဒေသတချို့ကိုမသွားဖို့ နယ်သာလန်အစိုးရ သတိပေးထား

မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ တချို့သော အစိတ်အပိုင်းတွေကို အလည်အပတ် သွားရောက်တာမျိုး မလုပ်ဖို့ နယ်သာလန် အစိုးရက နိုင်ငံသားတွေကို သတိပေးခဲ့ပါတယ်။

နယ်သာလန် နိုင်ငံအလံကို​တွေ့ရစဥ်။ ဓါတ်ပုံ- Chris Robert / Unsplas

ဒီဇင်ဘာ-၁၁၊၂၀၂၅။People’s Spring

မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ တချို့သော အစိတ်အပိုင်းတွေကို အလည်အပတ် သွားရောက်တာမျိုး မလုပ်ဖို့ နယ်သာလန် အစိုးရက နိုင်ငံသားတွေကို သတိပေးခဲ့ပါတယ်။

နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ထုတ်ပြန်ချက်မှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေတဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွေဆခရီးသွားလာတာမျိုးကိုရှောင်ဖို့အလေးအနက် တိုက်တွန်းထားပါတယ်။ ဒါတင် မကသေးဘဲ ထိုင်းနဲ့မြန်မာ နယ်စပ်တွေကိုလည်း မသွားသင့်ကြောင်း ဖော်ပြထားပါသေးတယ်။

အထူးသဖြင့် ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက နယ်စပ်ရဲ့ ကီလိုမီတာ ၂၀ လောက်ရှည်လျားတဲ့ အပိုင်းတစ်ခုကို အနီရောင်အဆင့် အန္တရာယ်ဇုန်လို့ နယ်သာလန်က သတ်မှတ်ထားပါတယ်။ ထိုင်းနိုင်ငံ တောင်ဖက်စွန်းက မြန်မာနဲ့ ထိစပ်ရာ နယ်စပ်ကိုတော့ လိမ္မော်ရောင်အဆင့်ထားရှိပြီးကျန်တဲ့ ဒေသတွေကတော့ သတိထားသင့်တဲ့ အဝါရောင်အဆင့် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားဖက်ခြမ်းမှာလည်း ထိုင်းနဲ့ နယ်စပ်ကို အနီရောင်လို့ သတ်မှတ်ပြီးကျန်တဲ့နိုင်ငံ အစိတ်အပိုင်းတွေကို အဝါရောင် သတိပေးချက် ထားရှိပါတယ်။အဝါရောင်ကကိစ္စရှိရင်ခရီးသွားလာလို့ အဆင်ပြေပေမယ့် အမြဲတမ်း နိုးကြား သတိရှိနေသင့်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

သတိပေးချက် ထုတ်ပြန်ထားတဲ့ နယ်မြေတွေဆီ သွားရောက်မယ့် နိုင်ငံသားတွေ အနေနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရေးပေါ် သတင်းအချက်အလက် ဌာနမှာ အချက်အလက်တွေ ကြိုဖြည့်သွားဖို့လည်း တိုက်တွန်းထားပါတယ်။

အပစ်အခတ် ရပ်စဲထားတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား နယ်စပ် စစ်ရေးပဋိပက္ခတွေဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြန်လည် စတင်လာခဲ့ပါတယ်။ အဲဒီ စစ်ရေးပဋိပက္ခတွေကြောင့် ကမ္ဘောဒီးယားမှာ အရပ်သား ၉ ဦးသေ၊ ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ကြေညာထားပြီးထိုင်းကတော့စစ်သား ၄ ဦးသေ၊ စုစုပေါင်း ဒဏ်ရာရသူ ၆၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား-NL Times

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။