Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်မယ်လို့ ထရမ့်ကြေညာပေမယ့် စစ်ဆင်ရေးတွေ မရပ်ဘူးလို့ ထိုင်းပြော

ကမ္ဘောဒီးယားနဲ့ စစ်တိုက်နေတာကို ရပ်တန့်လိုက်မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - FC Anutin

ဒီဇင်ဘာ – ၁၃ ၊၂၀၂၅

ကမ္ဘောဒီးယားနဲ့ စစ်တိုက်နေတာကို ရပ်တန့်လိုက်မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးရဲ့ဝန်ကြီးချုပ်တွေနဲ့ ဖုန်းပြောခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းကစလို့ အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြား စတင် အပစ်အခတ် ရပ်စဲကြမှာဖြစ်ကြောင်း လူမှုကွန်ရက်ပေါ် ကြေညာထားပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်မှာတော့ အနူတင်က တိုက်ခိုက်မှုတွေ ရပ်နားမယ်ဆိုတဲ့ ကိစ္စကို ပယ်ချသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းပြည်သူတွေနဲ့ ထိုင်းပိုင်နက်ကို နောက်ထပ် ထိပါးခြိမ်းခြောက် မခံရတော့တာ သေချာမယ့် အချိန်အထိ စစ်ဆင်ရေးတွေ ဆက်ပြီး လုပ်သွားမယ်လို့ အနူတင်က Facebookပေါ်မှာ ရေးသားထားခဲ့ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က တိုက်ခိုက်မှုအားလုံး ရပ်နားဖို့ သဘောတူကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြောခဲ့ပေမယ့် အနူတင်ကတော့ စစ်ဆင်ရေးတွေ ဆက်လုပ်မယ့် ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။

စစ်ပွဲရပ်နားလိမ့်မယ်လို့ ထရမ့်ဆီက မှတ်ချက်ထွက်ပေါ်လာ အပြီးမှာ ထိုင်းက ဆက်ပြီး တိုက်ခိုက်နေတယ်လို့ ကမ္ဘောဒီးယားကလည်း အတည်ပြုခဲ့ပါတယ်။

အနူတင်က ထရမ့်ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ အတိအကျ ရည်ညွှန်းတာမျိုး မရှိပေမယ့် လက်ရှိမှာတော့ ဘယ်လို အပစ်ရပ် သဘောတူညီမှုမှ ရမထားသေးဘူးလို့ ဆိုပါတယ်။

ကိစ္စတွေကိုရှင်းအောင် ပြောချင်ကြောင်း၊မနက်ပိုင်းတုန်းက လုပ်ဆောင် ချက်တွေဟာ ထိုင်းရဲ့ ရပ်တည်မှု ဘာလဲဆိုတာကို ပြခဲ့ပြီးဖြစ်ကြောင်း အနူတင်က ပြောပါတယ်။ ထိုင်းဟာ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းကလည်း ကမ္ဘောဒီးယား စစ်ရေးပစ်မှတ်တွေကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေခဲ့ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်ကတော့ အောက်တိုဘာလမှာ ရရှိခဲ့တဲ့ နှစ်ဖက် နယ်စပ်ဆိုင်ရာ သဘောတူညီမှုတွေနဲ့အညီ အခြေအနေတွေကို ပြန်လည် ငြိမ်းချမ်းအောင် ညှိနှိုင်းဖို့ လိုလားကြောင်း ဒီဇင်ဘာ ၁၃ ရက်နေ့က Facebookမှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား – CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

Facebook