Connect with us

Hi, what are you looking for?

News

မင်္ဂလာစျေးမီးပွိုင့်ထိပ်ရှိ ယာဥ်ထိန်းရဲရုံး မီးရှို့ခံရ

မီးလောင်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြည်သူများက ပြောသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာစျေးမီးပွိုင့်ထိပ်ရှိ ယာဥ်ထိန်းရဲရုံးအား ယနေ့ (ဒီဇင်ဘာ ၂ ရက်) ညနေ ၆ နာရီခွဲခန့်က မီးရှို့ခံခဲ့ရကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

“မီးပွိုင့်ထိပ်က ယာဥ်ထိန်းရဲရုံး မီးရှို့ခံရတယ်လို့ သိရတယ်။ ကျွန်တော်တို့က သွားကြည့်တော့ မီးကလောင်နေပြီ။ အနားက ကောင်လေးအချို့ကို ထိုင်ခိုင်းထားပြီး ဖမ်းထားတာ တွေ့ရတယ်။ ဘယ်သူရှို့မှန်းတော့ မသိရပါဘူး။ ရဲကား၊ စစ်ကား၊ မီးသတ်ကားတွေ အများကြီး ရောက်နေပါတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

မီးလောင်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြည်သူများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက လူ ၅ ဦး သေဆုံးစေခဲ့တဲ့ ဂိမ်းဆိုင် မီးရှို့မှု တရားခံကို ဂျပန်က သေဒဏ်စီရင် ကွပ်မျက်ခဲ့ပါတယ်။