Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမှာ စစ်တပ်က ဧရာဝတီမြစ်အတွင်းသွားလာနေတဲ့ စက်လှေပစ်ခတ်လို့ အမျိုးသားတစ်ဦး သေဆုံး

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဧရာဝတီမြစ်အတွင်း စက်လှေနဲ့ သွားလာနေတဲ့ပြည်သူတွေကို ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ Wetlet information Networkက ပြောပါတယ်။

စဉ့်ကူးမြို့အတွင်း ၂၀၂၄ ဇူလိုင်က တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - စစ်ကောင်စီ

ဒီဇင်ဘာ-၁၅၊၂၀၂၅၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဧရာဝတီမြစ်အတွင်း စက်လှေနဲ့ သွားလာနေတဲ့ပြည်သူတွေကို ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ Wetlet information Networkက ပြောပါတယ်။

ဒီဇင်ဘာ ၁၃ရက်က စဉ့်ကူးမြို့နယ် ထုံးကြီးရွာရဲ့ အနောက်ဘက် ဧရာဝတီမြစ်အတွင်း သွားလာနေတဲ့ စက်လှေတစ်စီးကို ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ပစ်ခတ်ခံရမှုမှာ စက်လှေပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးလွတ် မြောက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တစ်ဦးက ရေကူး ပြေးလာလို့ လွတ်တယ်လို့ သိရတယ်။မနေ့ကတော့ သေတဲ့ အလောင်းပြန်ရတယ်လို့ သိရပါတယ်”လို့ Wetlet information Network တာဝန်ခံတစ်ဦး ကပြောပါတယ်။

သေဆုံးသူတွေဟာ မတ္တရာမြို့နယ်အနောက်ခြမ်းက ဆင်ကုန်းရွာသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ၁၃ ရက်မှာဘဲ စစ်ကောင်စီတပ်က ထုံးကြီးရွာကို ပြန်လည်ဝင်ရောက်ခဲ့ပြီး နောက် ဧရာဝတီမြစ်အတွင်းသွားလာသူ တွေကို ယခုလိုသတ်ဖြတ်ခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးမတိုင်မီကလည်း စစ်ကောင်စီတပ်ဟာ ထုံးကြီးရွာဆိပ်ကမ်းကနေ ကုန်ပစ္စည်း ရောင်းချဖို့လာတဲ့ ဒေသခံတွေကို ပစ်ခတ်တာတွေလုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။