Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမှာ စစ်တပ်က ဧရာဝတီမြစ်အတွင်းသွားလာနေတဲ့ စက်လှေပစ်ခတ်လို့ အမျိုးသားတစ်ဦး သေဆုံး

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဧရာဝတီမြစ်အတွင်း စက်လှေနဲ့ သွားလာနေတဲ့ပြည်သူတွေကို ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ Wetlet information Networkက ပြောပါတယ်။

စဉ့်ကူးမြို့အတွင်း ၂၀၂၄ ဇူလိုင်က တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - စစ်ကောင်စီ

ဒီဇင်ဘာ-၁၅၊၂၀၂၅၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဧရာဝတီမြစ်အတွင်း စက်လှေနဲ့ သွားလာနေတဲ့ပြည်သူတွေကို ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ Wetlet information Networkက ပြောပါတယ်။

ဒီဇင်ဘာ ၁၃ရက်က စဉ့်ကူးမြို့နယ် ထုံးကြီးရွာရဲ့ အနောက်ဘက် ဧရာဝတီမြစ်အတွင်း သွားလာနေတဲ့ စက်လှေတစ်စီးကို ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ပစ်ခတ်ခံရမှုမှာ စက်လှေပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးလွတ် မြောက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တစ်ဦးက ရေကူး ပြေးလာလို့ လွတ်တယ်လို့ သိရတယ်။မနေ့ကတော့ သေတဲ့ အလောင်းပြန်ရတယ်လို့ သိရပါတယ်”လို့ Wetlet information Network တာဝန်ခံတစ်ဦး ကပြောပါတယ်။

သေဆုံးသူတွေဟာ မတ္တရာမြို့နယ်အနောက်ခြမ်းက ဆင်ကုန်းရွာသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ၁၃ ရက်မှာဘဲ စစ်ကောင်စီတပ်က ထုံးကြီးရွာကို ပြန်လည်ဝင်ရောက်ခဲ့ပြီး နောက် ဧရာဝတီမြစ်အတွင်းသွားလာသူ တွေကို ယခုလိုသတ်ဖြတ်ခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးမတိုင်မီကလည်း စစ်ကောင်စီတပ်ဟာ ထုံးကြီးရွာဆိပ်ကမ်းကနေ ကုန်ပစ္စည်း ရောင်းချဖို့လာတဲ့ ဒေသခံတွေကို ပစ်ခတ်တာတွေလုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။