Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က လှည်းတန်းလမ်းမမှာ လမ်းဘေးဈေးရောင်းခွင့်ပိတ်ပင်ထား

ရန်ကုန်မြို့ရဲ့ လူစည်ကားရာ ကမာရွတ်မြို့နယ်က လှည်းတန်းလမ်းမပေါ်မှာ လမ်းဘေးဈေးသည်တွေကို အာဏာသိမ်းစစ်တပ်က​ရောင်းချခွင့်မပေးတော့တာကြောင့် ရှင်းလင်းနေပါတယ်။

ဒီဇင်ဘာ-၁၆၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့ရဲ့ လူစည်ကားရာ ကမာရွတ်မြို့နယ်က လှည်းတန်းလမ်းမပေါ်မှာ လမ်းဘေးဈေးသည်တွေကို အာဏာသိမ်းစစ်တပ်က​ရောင်းချခွင့်မပေးတော့တာကြောင့် ရှင်းလင်းနေပါတယ်။

အရင်က ညနေတိုင်း လှည်းတန်းလမ်းမတစ်လျှောက် ‌လမ်းနှစ်ဖက်စလုံးမှာ လမ်းဘေးဈေးသည်တွေပြည့်နေပေမယ့် ဒီရက်မှာတော့ အကုန်လုံးရှင်းလင်းနေတာပါ။

စစ်တပ်က လှည်းတန်းက​ဈေးသည်​တွေကို ​ဈေး​ရောင်းချခွင့်တားမြစ်ထားတာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်​နေ့မှာ ဘလူးတူး​ဘောက်စ် နဲ့ ဆန္ဒပြခဲ့ပြီး​နောက်အခုလိုတားမြစ်ထားတာလို့ ပြည်သူအချို့က​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

“ညဆို ဆိုင်တွေနဲ့ ပြည့်နေတဲ့ လှည်းတန်းလမ်းမကြီး အခု ဘာဆိုင်မှမရှိ​တော့ဘူး။စျေးဆိုင်တွေအားလုံး လကုန်ထိ ပိတ်ခိုင်းထားတယ်တဲ့”လို့ ​ပြည်သူတဦးက​ပြောပါတယ် ။

တချို့ဆိုင်​လေးတွေ​​ကတော့ လူသွားလမ်းပလက်ဖောင်းပေါ်လေးမှာပဲ ဆိုင်ခင်းထားပြီး ည ၇ နာရီလောက်မှာ ခုံခင်းရောင်းနေတာတော့ တွေ့ရပါတယ်။စိန်ဂေဟာဘက်ခြမ်းမှာ ဖွင့်လေ့ရှိတဲ့ လမ်းဘေးဈေးသည်တချို့ကိုတော့ လမ်းသွယ်တွေထဲမှာပဲ ရောင်းချနေတာတွေ့ရပါတယ်။

ဒီလိုလုပ်တာကစစ်အုပ်စုအတွက် စစ် အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကို ဘယ်​လောက်အထိကြောက်တယ်ဆိုတာပြတဲ့ လုပ်ရပ်လို့ ပြည်သူအချို့က​ပြောပါတယ်။

မန္တလေးမြို့မှာလည်းသပိတ်ခေါင်းဆောင်​တွေကိုယ်တိုင် မြေပြင်ဆင်းပြီး မန္တ​လေးမြို့လယ် ​ဈေးချိုအနီး ​ဈေးမှာ ဒီဇင်ဘာ လဆန်းမှာဆန္ဒပြခဲ့ပြီး စစ်အုပ်စုက ​ဈေးဆိုင်ခန်း​တွေကို ဖျက်ဆီးပိတ်သိမ်းခဲ့ပါတယ် ။ဒါအပြင် မန္တ​လေးမြို့ မှာလုံခြုံ​ရေး​တွေတိုးပြီး အစစ်အဆေးတွေ ပိုလုပ်​နေတယ်လို့ ​ဒေသခံပြည်သူအချို့က​ပြောပါတယ်။

မန္တ​လေးပြီး​တော့ရန်ကုန်မှာလည်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး ၊စစ်အာဏာရှင်ဆန့်ကျင်​ရေး ဘလူးတူး​ဘောက်စ် နဲ့ ဆန္ဒပြခဲ့တဲ့ လှည်းတန်းကိုအခုလို ဖိနှိပ်မှုတွေ လုပ်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းတိုင်းပြည်စီးပွား​ရေးကြပ်တည်းပြီး ပြည်သူ​တွေ စားဝတ်​နေ​ရေး ခက်ခဲကြပ်တည်း​နေချိန်မှာ စစ်တပ်ကအခုလိုဖိအား​ပေး ​ဈေးဆိုင်​တွေကိုပိတ်ခိုင်းတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွား​ရေးကြပ်တည်းမှုတွေကြောင့် ကုန်​ဈေးနှုန်းကြီးတာ၊ အလုပ်အကိုင်ရှားပါးတာ၊အကြောင်းပြချက်မရှိစစ်​တပ်ကဖမ်းဆီးဖိနှိပ်တာ၊ စစ်သားသစ်အဓမ္မစုဆောင်းတာစတဲ့ ပြသာနာ​တွေ​ကြောင့်ပြည်သူ​တွေပိုခက်ခဲကြပ်တည်းလာကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)စစ်တမ်းအရ ရန်ကုန်မြို့ရဲ့လူဦးရေ ၁၀ ဦးမှာ ၄ဦးကျော်က ဆင်းရဲနွမ်းပါးနေတယ်လို့ ဖော်ပြပါတယ်။

UNDP ကထုတ်ပြန်ခဲ့တဲ့ ရန်ကုန်မြို့ပြဆင်းရဲမှု စစ်တမ်းတွေအရ လွန်ခဲ့တဲ့ ၈ နှစ်(၂၀၁၇)က ရန်ကုန်မြို့လူဦးရေ ၁၀ ရာခိုင်နှုန်းက ဆင်းရဲနေသူတွေ ဖြစ်ပြီး စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ၂၀၂၃ ခုနှစ် အရောက်မှာ​တော့ ဆင်းရဲနွမ်းပါးမှုဟာ ၄၃ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ​ဖော်ပြထားပါတယ်။ ဒါ​ကြောင့်ဆင်းရဲနွမ်းပါမှုနှုန်းက ၈ နှစ် အတွင်းမှာ သုံးဆ​ကျော်​တောင်တိုးလာတာဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ စုစုပေါင်းမြို့ပြလူဦးရေ ခန့်မှန်းခြေ ၆ ဒသမ၂ သန်းရှိတာမှာ၂ ဒသမ ၇ သန်းခန့်က ဆင်းရဲတွင်းနက်နေရပြီးတော့ အရင်ကတည်းက ဆင်းရဲသူတွေကလည်း ပိုဆိုးရွားတဲ့ အဆင်မပြေမှုတွေ ရှိလာတယ်လို့ UNDPက ဖော်ပြပါတယ်။

ဒါအပြင်စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း အခုအခါ မြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှု တနည်းအားဖြင့် ငတ်မွတ်မှုကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာဝမ်းရေးမဖူလုံသူ လူဦးရေ ၁၃ ဒဿမ ၃ သန်းကနေ သိသိသာသာ တိုးလာတာလို့ WFPကဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။