Connect with us

Hi, what are you looking for?

သတင်း

၂၀၂၅အလွန် စစ်တပ်ထိုးစစ်နဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေးကျော်ဖြတ်ဖို့ တပ်ပေါင်းစုဖွဲ့စည်းခဲ့ဟု SRA ပြော

မြန်မာနိုင်ငံဒေသအသီးသီးက တော်လှန်ရေးတပ်ဖွဲ့ ၁၉ခုနဲ့ ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance-SRA) ဟာ၂၀၂၅ အလွန်အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေး ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ဖြစ်ကြောင်း SRA ပြောရေး ဆိုခွင့်ရှိသူ ခွန်းဘီထူး(ခွန်းဘီးဒူ)က ပြောပါတယ်။

SRAပြောရေးဆိုခွင့်ရှိသူ ခွန်းဘီထူး(ခွန်းဘီးဒူ)အား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF

ဒီဇင်ဘာ-၁၈၊ ၂၀၂၅။ ဆန်အောင်/People’s Spring

မြန်မာနိုင်ငံဒေသအသီးသီးက တော်လှန်ရေးတပ်ဖွဲ့ ၁၉ခုနဲ့ ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance-SRA) ဟာ၂၀၂၅ အလွန်အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေး ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ဖြစ်ကြောင်း SRA ပြောရေး ဆိုခွင့်ရှိသူ ခွန်းဘီထူး(ခွန်းဘီးဒူ)က ပြောပါတယ်။

ဒီဇင်ဘာ ၁၅ရက်မှာ SRAကို ဖွဲ့စည်းလိုက်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သတင်းပြန်ကြားရေးဌာန PVTVက ခွန်းဘီထူးနဲ့ တွေ့ဆုံမေးမြန်းမှုမှာ အခုလို ရှင်းပြထားတာဖြစ်ပါတယ်။

” အခုနွေဦး‌တော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ တပ်ဖွဲ့တွေအားလုံးဟာ ၂၀၂၅ အလွန်ပေါ့ စစ် ကောင်စီရဲ့ ထိုးစစ် ၊စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေး တွေကို ကျော်ဖြတ်နိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ကျနော်တို့ တစ်ဖွဲ့ချင်းဘဲ ရပ်တည်မယ်၊ တစ်နေရာတည်းမှာဘဲ ကျနော်တို့ အချင်းချင်းဘဲ စစ်ကောင်စီကို နိုင်ရာနိုင်ရာလေးဘဲ တိုက်ကြ မယ်ဆိုရင် အခက်အခဲတွေက ပိုများလာနိုင်တာပေါ့၊ အဲဒါကြောင့် မို့လို့ ဒီနွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့အဖွဲ့တွေ တတ်နိုင်သမျှ စုစည်းပြီးတော့ လိုအပ်ရင် ၅ နှစ်တောင် မကဘဲ ကျော်ဖြတ်မယ် ဆိုပြီး ကတိကဝတ်တွေပြုပြီးတော့ တွေ့ဆုံကြတာဖြစ်ပါတယ်”လို့ ခွန်းဘီထူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ခွန်းဘီထူးဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သယံဇာတနဲ့ သဘာ၀ပတ် ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်သလို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ ဒါ့အပြင် SRA စုဖွဲ့မှု ဖြစ်ပေါ်လာရေး ဦးဆောင်ကြိုးပမ်းခဲ့သူတွေထဲမှာလည်း ပါဝင်သူဖြစ်ပါတယ်။

တပ်ပေါင်းစုဖွဲ့စည်းနိုင်ရေးအတွက် တော်လှန်ရေးသမိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ တပ်ပေါင်းစုတွေ ပြိုလဲမှုကို သင်ခန်းစာယူခဲ့ကြသလို သက်ဆိုင်ရာအဖွဲ့ ခေါင်းဆောင်တွေနဲ့ လူချင်းတွေ့ စကားပြောဆိုဖို့ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ စစ်ကိုင်း၊ မကွေး ဘက်တွေ ဆင်းပြီး တပ်ဖွဲ့တွေအားလုံးနဲ့ တွေ့ဆုံခဲ့တာ၊ ညီလာခံတရပ် ခေါ်ယူပြီးအကြိမ်အနယ်ဆွေးနွေးတာ လုပ်ဆောင်ခဲ့ပြီး စုဖွဲ့နိုင်ခဲ့တာလို့ အသိပေးပါတယ်။

ဒါ့အပြင် တပ်ပေါင်းစုဖွဲ့စည်းမှုအပေါ် အမြင်မမှားစေရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့လည်း တိုင်ပင်ပြီး အကြံဉာဏ်ရယူခဲ့ဟု ခွန်းဘီထူးက ရှင်းပြပါတယ်။

” ကျနော်တို့ရဲ့ EROတွေ၊ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတိုင်ပင်ပြီးမှ သူတို့ရဲ့ အကြံညဏ်တွေ ၊သူတို့ရဲ့ အားပေးမှုတွေကို ရယူနိုင်ခဲ့တယ်ပေါ့၊ တောင်ပိုင်း ဘက်မှာ ရှိတဲ့ အဖွဲ့အစည်းတွေ နဲ့ ကော တိုင်ပင်ခဲ့သလို ၊မြောက်ပိုင်း ဘက်မှာ ရှိတဲ့ အဖွဲ့အစည်းတွေ နဲ့ကော တိုင်ပင်ခဲ့ပါတယ်။ အားလုံးရဲ့ အကြံပြုမှု နဲ့ ဒီဟာကို ယုံယုံကြည်ကြည် အားကောင်းကောင်း နဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်ပေါ့နော်”လို့ခွန်းဘီထူးက ရှင်းပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ကိစ္စဟာလည်း အရေးကြီးဆုံးကိစ္စ တရပ်ဖြစ်ဟု ပြောပါတယ်။

” ဒီနှစ် နွေဦးတော်လှန်ရေးရဲ့ တပ်ဦး ဖြစ်တဲ့ NUGရဲ့ ဦးဆောင်မှုတွေ လက်ရှိ ရှိနေတဲ့ တော်လှန်ရေး အနေအထားတွေက နွေဦးတော်လှန်ရေး မဟာမိတ် မပေါ်ခင်ကတည်းက ဦးရည်မွန် နဲ့ ကျနော်တို့ အညာ မှာပေါ့ တွေ့ဆုံခွင့်ရခဲ့တယ်၊ ၂ ကြိမ်၊ ၃ ကြိမ်ပေါ့၊ အဲဒီမှာ ယာယီ သမ္မတကြီးကိုလည်း တွေ့ဆုံခွင့်ရခဲ့သလို တခြားသော ဝန်ကြီးတွေ နဲ့ တွေ့ဆုံပြီးမှ ညှိနှိုင်းမှုတွေ လုပ်ခဲ့တာပေါ့”လို့ ခွန်းဘီထူးက ပြောပါတယ်။

PDF၊ ပကဖတွေ၊ ပဖလတွေစတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ NUGအောက်မှာ ဆက် ရပ်တည်ဖို့ အားပေးကြောင်း ခွန်းဘီထူးက ပြောကြားခဲ့သလို EROတွေ အဆက်ဆက်ကအခုဖြစ်ပေါ်လာတဲ့ ယူနစ်အစိုးရအသီးသီး‌ အောက်မှာရှိတဲ့ တပ်တွေကိုလည်း ယူနစ်အစိုးရနဲ့အတူတူ EROတွေနဲ့အတူတူဆက်ပြီးချိတ်ဆက်ကြဖို့ အားပေးကြောင်းပြောပါတယ်။

” အတူတူလက်တွဲဖို့လည်း မျှော်လင့်ပါတယ်ပေါ့နော်၊ ဒီကြားထဲမှာ ရုန်းထွက်နေတဲ့ တပ်တွေတချို့လည်းရှိတယ်၊ နွေဦးတော်လှန်ရေးမှာပေါ်လာပြီးတော့ NUGရဲ့ COCအောက်မှာလည်း မရှိဘူး၊ EROတွေ ယူနစ်အစိုးရ တစ်ခုခုအောက်က စီမံမှုအောက်မှာမရှိတဲ့ တပ်တွေလည်း ဖြာထွက်မသွားရလေအောင် စုစုစည်း စည်း နဲ့ တော်လှန်ရေးကို ဆက်လက်သွားလို့ရအောင်ဆိုတဲ့ သဘော နဲ့ နွေဦးတော်လှန်ရေး မဟာမိတ်အဖွဲ့ကို စုဖွဲ့လိုက်တာ ဖြစ်ပါတယ်”လို့ ခွန်းဘီထူးက ပြောပါတယ်။

SRA အနေနဲ့ NUG ကွပ်ကဲမှုအောက်မှာ ရှိတဲ့ တပ်တွေ၊ EROယူနစ်အစိုးရတွေကွပ်ကဲတဲ့ တပ်တွေနဲ့ ချိတ်ဆက်ပြီး အားကောင်းကောင်းနဲ့ တော်လှန်ရေးကို ဆက်သွားဖို့ဖြစ်ကြောင်း ရှင်းပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အနေနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေးအပါအဝင် ပိုမိုကြီးမားတဲ့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ဆောင်ရွက်နေသလို ချင်းညီနောင်ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဟာလည်း တော်လှန်ရေးအောင်မြင်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးဆောင်ရွက်လျက်ရှိတယ်လို့ ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က ပြောပါတယ်။

သတင်း

၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုတွေကြောင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့တိုင်းက လေးစားအားကျ အတုယူနေကြရတဲ့ TNLAနဲ့ MNDAA အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေဟာ စစ်အာဏာရှင်တော်လှန်ရေးကို အကျိုးသက်ရောက်စေတဲ့အတွက်တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဦးဆောင်ကော်မတီက​မေတ္တာရပ်ခံတိုက်တွန်းကြောင်းထုတ်ပြန်လိုက်ပါတယ်။

သတင်း

တော်လှန်ရေးပိုအားကောင်းစေဖို့ ငွေ၊အဆက်အသွယ်၊လူအင်အား မျှဝေသုံးစွဲတာတွေလုပ်ဖို့ရှိဟု အသိပေး

သတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဟာ တော်လှန်ရေးက တောင်းဆိုလို့ ဖြစ်ပေါ်လာတာဖြစ်ပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းချိတ်ဆက် စစ်ရေးဖော်ဆောင်သွားမယ်လို့ ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။