Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ဆီဘောက်ဆာကားတွေကို လေကြောင်းက ဗုံးကြဲနေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပြည်သူတွေရဲ့ ဆီဘောက်ဆာကားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်မှာ စစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ ခရီးသည်တင်ယာဉ်ကားတွေအပါအဝင် ကားတွေ ပျက်စီးနေစဉ်။ ဓာတ်ပုံ - Wetlet information Network

ဒီဇင်ဘာ-၁၈၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပြည်သူတွေရဲ့ ဆီဘောက်ဆာကားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက် နေ့လယ် ၂ နာရီခန့်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းနဲ့ ခင်ဦးမြို့ဘက်သွားတဲ့လမ်းဆုံတနေရာမှာ ဆီဘောက်ဆာကားတွေကို စစ်တပ်က ဂျက်ဖိုက်တာာ ၅ စီး ၊ ဂျိုင်ရိုကော်ပတာ ၃စီးနဲ့ လေကြောင်းတိုက်ခိုက်နေပြီး မီးလောင်ပျက်စီးမှုတွေရှိနေကြောင်း ဒေသခံတွေနဲ့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

“ဆီဘောက်စာကားတွေ အတန်းလိုက်ကြီးကိုချနေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူထိခိုက်သေဆုံးမှုတော့ မသိရသေးဘူးလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

ဒီဇင်ဘာ ၁၇ရက်က ခင်ဦးမြို့နယ်အရှေ့ခြမ်းမှာ စစ်ဘေးရှောင်တွေ ဇက်ကူးတဲ့နေရာကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူတွေ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၇ရက် ညကလည်း ရေဦးနဲ့ဝက်လက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်ကလည်း ရွှေဘိုမြို့နယ်မှာ ခရီးသည်တင်ယာဉ် ကားတန်းကို စစ်တပ်က လေကြောင်းကနေ ၁၀ကြိမ်ထပ်မနည်းတိုက်ခိုက်ခဲ့ရာ သံဃာတစ်ပါးအပါအဝင် ၄ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ‌‌‌‌‌‌‌ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်တောင်ခြမ်းက မအူရွာနဲ့ ရွာသစ် ကုန်းရွာအနီး ပိတ်မိနေတဲ့ခရီးသွားယာဉ်တန်းကို စစ်တပ်က ဗုံးကြဲခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook