Connect with us

Hi, what are you looking for?

သတင်း

လူ့အသက်တွေစတေးဆင်နွှဲရတဲ့ တော်လှန်ရေးမှာ သဘောထားတွေဖြစ်နိုင်သမျှတိုက်ဆိုင်ကြဖို့ NUG ဝန်ကြီးချုပ် တိုက်တွန်း

နိုင်ငံရေးမှာ အမြဲတမ်းသဘောထားတိုက်ဆိုင်နေတာတွေ မရှိဘူးဆိုတာ ပုံမှန်သဘောတရားပဲ ဖြစ်ပေမယ့် တော်လှန်ရေးမှာတော့ သဘောထားတွေက ဖြစ်နိုင်သမျှ တိုက်ဆိုင်နိုင်အောင်၊ သဘောမျှနိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒီဇင်ဘာ-၁၈၊ ၂၀၂၅။ ဆန်အောင်/People’s Spring

နိုင်ငံရေးမှာ အမြဲတမ်းသဘောထားတိုက်ဆိုင်နေတာတွေ မရှိဘူးဆိုတာ ပုံမှန်သဘောတရားပဲ ဖြစ်ပေမယ့် တော်လှန်ရေးမှာတော့ သဘောထားတွေက ဖြစ်နိုင်သမျှ တိုက်ဆိုင်နိုင်အောင်၊ သဘောမျှနိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၈ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မိန့်ခွန်းမှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလို ပြောကြားခဲ့တာပါ။

“ လူ့အသက်တွေ အများကြီး စတေးပြီး တိုင်းပြည်ရဲ့အနာဂတ်ကိုရင်းကာ ဆင်နွှနေကြရတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို ဦးဆောင်တိုက်ပွဲဝင်နေသူတွေအတွက်ပိုပြီး တာဝန်ကြီးတဲ့တော်လှန်ရေးလည်း ဖြစ်ပါတယ်။”လို့လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတ်။

Public Service Announcement

Public Service Announcement

လက်ရှိ တော်လှန်ရေးဘက်က ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လူ့အခွင့်အရေးနေ့မျိုးမှာတောင် ဆေးရုံလို နေရာမျိုးကို ဗုံးကြဲချခဲ့တဲ့ ဆိုးရွားလွန်းသူတွေဖြစ်တယ်ဆိုတာကို မေ့လိုမရကြောင်း သတိပေးပါတယ်။

“ ဒီလို အကြမ်းဖက်စစ်အုပ်စုမျိုးကို တော်လှန်နေကြရတဲ့ ကျွန်တော်တို တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ ပထမဆုံး ဦးတည်ချက်က အကြမ်းဖက်စစ်အုပ်စုကို ဖြိုချဖိုပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တိုအားလုံး ဒီထက်ပိုမိုစုစည်းပြီး ပိုမိုအလုပ်လုပ်ကြဖိုပဲ ဖြစ်ပါတယ်”လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

၂၀၂၅ ခုနှစ်ဟာ နွေဦးတော်လှန်ရေးရဲ့ စိန်ခေါ်မှုတွေ အများဆုံးဖြစ်နေတဲ့၊ အရှိန်မြင့်နေတဲ့ ကာလတခုကို ရောက်ရှိဖြတ်သန်းနေရတာ ဖြစ်ကြောင်းလည်း ပြောပြပါတယ်။

“ စစ်ရေးကဏ္ဍဘက်မှ အရှိန်အဟုန်တွေက ပြင်းထန်သလို နိုင်ငံရေးကဏ္ဍဘက်မှာလည်း ပိုမိုခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ဆွေးနွေးဆုံးဖြတ်ကြရမဲ့အရာတွေ အများကြီးကြုံတွေ့လာကြရတယ်ဆိုတာ ကိုယ်စားလှယ်တော်ကြီးများအားလုံးလည်း သိရှိပြီးဖြစ်မယ်လို ယုံကြည်ပါတယ်”လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ လွှတ်တော်အစည်းအဝေး မိန့်ခွန်းမှာ ပါရှိပါတယ်။

ဒီလို လှိုင်းကြမ်းလေထန်ကာလမျိုးမှာ ၅ နှစ်နီးပါးကာလအတွင်း ပြည်သူကို ပေးခဲ့တဲ့ ကတိတွေအတိုင်း တော်လှန်ရေးရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေကို မယိမ်းမယိုင်နဲ့ လက်ချင်းချိတ်ပြီး ရှေ့ခရီးကို အတူဆက်လှမ်းကြရမယ့်အချိန်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အဖွဲ့ ဟာ ပဲခူးတိုင်းစစ်ဌာနသို့သွားရောက်ပြီး နယ်မြေအခြေအနေ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း NUG က မေလ ၄ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် ကမ္ဘာအခြေအနေအရပ်ရပ်က မျက်နှာသာပေးမှု အများကြီး မရှိတဲ့အပေါ်စိတ်ပျက်အားငယ်နေစရာမလိုဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ တော်လှန်ရေးကိုအဆုံးသတ် အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းမှာ မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအားပေးကူညီနေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။