Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲထောက်ခံမှု မြန်မာပြည်သူများ သတ်ဖြတ်ခံနေမှုမျက်ကွယ်ပြုခြင်းဟု NUGပြော

စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းမှာ မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအားပေးကူညီနေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကော်ဘရာစစ်ကြောင်းအား လက်နက်ပေးအပ်နေစဉ်။ဓာတ်ပုံ - NUG

စက်တင်ဘာ-၁၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းမှာ မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအားပေးကူညီနေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ယနေ့ (စက်တင်ဘာ ၁၅ရက်)တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ကြီးမှူး ကျင်းပသည့် နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

” အချိုသော အိမ်နီးချင်းနိုင်ငံများနဲ့ ဒေသတွင်းနိုင်ငံအချိုဟာ စစ်အုပ်စုရဲ့ အတုအယောင်ရွေး ကောက်ပွဲကို အားပေးထောက်ခံမှုအချိုကို မသိမသာရော သိသိသာသာပါ လုပ်လာတာ တွေ့ရပါ တယ်။ အဲ့လို ထောက်ခံတဲ့ နိုင်ငံကြီးတွေကို ဒီနေ့ အခမ်းအနား ကတစ်ဆင့် ကျွန်တော်တိုရဲ့ ပြတ်သားတဲ့ သဘောထားကို သတင်းစကားပါးလိုပါတယ်။ အကြမ်းဖက် စစ်အုပ်စုကပြုလုပ်မဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းဟာ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ် မှုတွေကို အားပေးကူညီနေခြင်းသာဖြစ်ပါတယ်။ အဲဒီလို ရွေးကောက်ပွဲကို ထောက်ခံတဲ့ လုပ်ရပ်တိုင်းဟာ မြန်မာပြည်သူတွေ သတ်ဖြတ်ခံရခြင်းကို မျက်ကွယ်ပြုခြင်းဖြစ်ပြီး ဒီမိုကရေစီရဲ့ စံတန်ဖိုးတွေကို ချေမှုန်းဖျက်ဆီးလိုက်ခြင်းပဲ ဖြစ်ပါတယ်။”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ မြန်မာပြည်သူများ၏ ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေမှုကို လက်တွေ့ကျကျ ပံ့ပိုးကူညီပေးရန်လည်း ဝန်ကြီးချုပ်က ပန်ကြားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလကလည်း အခမ်းအနား၌ စစ်ကောင်စီ ကြိုးပမ်းနေသည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောကြားခဲ့ရာ စစ်ကောင်စီသည် စစ်အာဏာရှင်စနစ်ကို ခေါင်းစဉ်အမျိုးမျိုးပြောင်း သက်ဆိုးရှည်အောင် လုပ်နေကြောင်း ပြောကြားသည်။

” စစ်ကော်မရှင်ဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ဒီမိုကရေစီရွေးကောက်ပွဲကို အတုအယောင်ရွေး ကောက်ပွဲနဲ့ ပုံမှားရိုက်ဖို ကြိုးစားနေပါတယ်။ ပြည်တွင်းအင်အားစုတချိုကလည်း အတုအယောင် ရွေးကောက်ပွဲ မှန်းသိပေမယ့်၊ ဒါဟာ အဖြေရဲ့ လမ်းစများဖြစ်မလားဆိုပြီး မျှော်ကိုးနေတာကို တွေ့ရပါတယ်။ ဒီလို မျှော်ကိုးမှုဟာ လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးအတွက်လား၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ဝိုင်းဝန်းချီးမြှောက်နေခြင်းလားဆိုတာလည်း မသဲမကွဲဖြစ်နေပါတယ်။ ကျွန်တော်တိုအနေနဲ့ လူထုကို လှည့်ဖြားတဲ့ မည်သည့်နိုင်ငံရေးလှည့်ကွက်မျိုးကိုမဆို၊ ကန့်ကွက်ရှုတ် ချကြောင်း ပြောကြားလိုပါတယ်”ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲသည် ပြည်သူလူထု၏ ထွက်ပေါက်မဟုတ်ဘဲ စစ်အာဏာရှင် ခေါင်းဆောင်များ၏ နိုင်ငံရေးထွက်ပေါက်ဖြစ်ဟု ဆိုသည်။

” အကြမ်းဖက်စစ်အာဏာရှင်တွေရဲ့ အသက်ရှုပေါက် ချောင်လေလေ ၊ ပြည်သူလူထုဟာ အသက်ရှုကြပ်လေလေဖြစ်တယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် စစ်မှန်သည့် လူထု လွတ်လပ်ခွင့်အာမခံချက်များ ရရှိရေးကြိုးပမ်းနေကြောင်းလည်း အသိပေးသည်။

” အဲသည့်လို ကြိုးပမ်းတဲ့နေရာမှာ လူထုနိုင်ငံရေး နည်းလမ်းတွေ အပါအဝင် လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ သံတမန်နည်းလမ်းတွေကိုလည်း ပေါင်းစပ် အသုံးပြုပြီး ကြိုးစားနေကြပါတယ်။ တိုင်းပြည်နဲ့ လူ့အဖွဲအစည်းတစ်ခုလုံးမှာ စစ်မှန်တဲ့ ဒီမိုကရေစီမူဘောင်တွေ အသက်ဝင်ရေးနဲ့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ ခိုင်ခိုင်မာမာ အသက်သွင်းတည်ဆောက်နိုင်ရေးဟာ ကျွန်တော်တိုနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးပဲဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေးဟာ တော်လှန်ရေး မအောင်မြင်ဘဲနဲ့ ကျကျနန တည်ဆောက်လို မရနိုင်ဘူး ဆိုတာလည်း သတိချပ်ဖို လိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

တော်လှန်ရေးနှင့် တည်ဆောက်ရေးတွဲဖက်နေ၍ စစ်အာဏာရှင်စနစ် အောင်မြင်စွာ တွန်းလှန်ပြီး ဒီမိုကရေစီစနစ်ကို အခိုင်အမာတည်ဆောက်နိုင်ရန် များစွာ အရေးကြီးကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားခဲ့သည်။

နွေဦးတော်လှန်ရေးသည် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ထူထောင်နိုင်ရေးအတွက် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိ ၂၀၂၅သည် ပိုမိုအကဲဆတ်သည့် နိုင်ငံရေးမုန်တိုင်း များနှင့် ကြုံနေရသည့် နှစ်တနှစ်အဖြစ် သတ်မှတ်နိုင်ကြောင်း ယာယီသမ္မတက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အဖွဲ့ ဟာ ပဲခူးတိုင်းစစ်ဌာနသို့သွားရောက်ပြီး နယ်မြေအခြေအနေ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း NUG က မေလ ၄ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။