Connect with us

Hi, what are you looking for?

သတင်း

NUGဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ ပဲခူးတိုင်းစစ်ဌာန နယ်မြေ အခြေအနေ ကွင်းဆင်းစစ်ဆေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အဖွဲ့ ဟာ ပဲခူးတိုင်းစစ်ဌာနသို့သွားရောက်ပြီး နယ်မြေအခြေအနေ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း NUG က မေလ ၄ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မေ ၄၊၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အဖွဲ့ ဟာ ပဲခူးတိုင်းစစ်ဌာနသို့သွားရောက်ပြီး နယ်မြေအခြေအနေ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း NUG က မေလ ၄ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ်နဲ့ အဖွဲ့ မြေပြင်သွားရောက်မှု မှတ်တမ်းဓာတ်ပုံတွေ ပါ ဖော်ပြထားပြီး ခရီးစဉ်မှာ လူထုနဲ့ တွေ့ဆုံတာ PDF ရဲဘော်တွေနဲ့တွေ့ဆုံတာ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ခရီးစဉ်သွားရောက်တဲ့နေ့ရက် အချိန်နဲ့ နေရာ အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပေမယ့်ဝန်ကြီးချုပ်နဲ့အတူ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်၊ ဦးမင်းကိုနိုင် တို့ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ခရီးစဉ်အတွင်း အမှတ်(၂)စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးနဲ့ တိုင်းစစ်ဌာနတာဝန်ရှိသူများကစစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအခြေအနေများရှင်းလင်းတင်ပြခဲ့ကြပြီး ပဲခူးတိုင်းစစ်ဌာနအတွင်လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အဖွဲ့ ပဲခူးတိုင်းစစ်ဒေသကိုသွားရောက်တဲ့ ရုပ်သံဟာ မနေ့က မေလ ၃ရက်ကတည်းက လူမှုကွန်ရက်မှာ ဖော်ပြမှုတွေရှိပါတယ်။ ဝန်ကြီးချုပ်နဲ့ ဦးမင်းကိုနိုင်တို့ ပါဝင်တဲ့အဖွဲ့ဟာ ပဲခူးတိုင်း မြို့ပေါ်ရပ်ကွက်တနေရာကို သက်တောင့်သက်သာ လမ်းလျှောက်နေတဲ့ မှတ်တမ်းဖြစ်ပြီး တဦးနဲ့တဦးစနောက်နေကြတာလည်း ရုပ်သံမှာ တွေ့ရပါတယ်။

ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ အရင်ကလည်း ရှေ့တန်းစစ်မြေပြင်တွေသွားရောက်ကာ PDF ရဲဘော်တွေနဲ့ တွေ့ဆုံတာ၊ လက်နက်တပ်ဆင်တဲ့အခမ်းအနားတွေ တက်ရောက်ခဲ့တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့အာဏာကို ပြည်သူ့ထံ မလွဲမသွေ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့ တွေနဲ့အတူ စုစုစည်းစည်းနဲ့တိုက်ပွဲဝင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ၊ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခြင်းတိုက်တွန်းပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး တရားဝင်အစိုးရအဖြစ် ပုံဖော်ကာ နိုင်ငံတကာကို လိမ်လည်ဖို့ လုပ်ဆောင်တော့မှာ ဖြစ်သလို သူတို့ လုပ်နေကျ အတိုင်း ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး စတဲ့ လမ်းကြောင်းတွေကို အကြောင်းပြ ဖိတ်ခေါ်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။

သတင်း

စစ်မြေပြင်အခြေပြုအခြေခံဆေးပညာသင်တန်းဆင်းပွဲကိုပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနစိုးမိုးနယ်မြေတနေရာမှာ ကျင်းပခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။