Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးက ပျူစောထီးနဲ့ စစ်တပ်ထောက်ခံသူတွေ ဒေသခံလူထုကို ဒုက္ခမပေးဖို့ TRI ဗျူဟာနည်းဗျူဟာမှူး သတိပေး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က နေရာအများစုကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြန်ထိန်းချုပ်‌နေစဉ် ဒေသမှာရှိနေတဲ့ ပျူစောထီးတွေနဲ့ စစ်အုပ်စုထောက်ခံသူတွေအနေနဲ့ အရပ်သားပြည်သူတွေကို လက်ထောက်ချ ဒုက္ခပေးတာမျိုးတွေမလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ အမှတ်-၉၃ (TRI ဗျူဟာ)၊နည်းဗျူဟာမှူး ကို​ဝေမိုး​ကျော်က သတိပေးပါတယ်။

TRI ဗျူဟာက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - PDF - TRI ဗျူဟာ

ဒီဇင်ဘာ-၂၀၊၂၀၂၅။အိမ်သွင်/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က နေရာအများစုကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြန်ထိန်းချုပ်‌နေစဉ် ဒေသမှာရှိနေတဲ့ ပျူစောထီးတွေနဲ့ စစ်အုပ်စုထောက်ခံသူတွေအနေနဲ့ အရပ်သားပြည်သူတွေကို လက်ထောက်ချ ဒုက္ခပေးတာမျိုးတွေမလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ အမှတ်-၉၃ (TRI ဗျူဟာ)၊နည်းဗျူဟာမှူး ကို​ဝေမိုး​ကျော်က သတိပေးပါတယ်။

စစ်အုပ်စုနဲ့ပေါင်းပြီး အရပ်သားပြည်သူတွေကို ဒုက္ခပေးပါက တချိန်မှာ အရေးယူမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ဗျူဟာအမှတ်-၉၃(TRI ဗျူဟာ)၊ နည်းဗျူဟာမှူး ကို​ဝေမိုး​ကျော်က သတိပေးထားပါတယ်။

” စဉ့်ကူးနယ်ကို စကစက ထိုးနိုင်လာတော့ ကျန်တဲ့ ပျူ နဲ့ စကစထောက်ခံ အသိုင်းအဝိုင်းကို

Public Service Announcement

Public Service Announcement

ခိုင်ခိုင်မာမာ သတိပေးစရာရှိပါတယ်။ကျွန်တော်တို့ စဉ့်ကူးကို စသိမ်းတော့ ကျွန်တော်တို့တပ်ကပျူ နဲ့ စကစ အင်အား အတော်အများ မိတဲ့အခါ ‌စစ်စည်းကမ်းကျင့်ဝတ်နဲ့ အညီ ပြုမူပါတယ်။စစ်ကောင်စီကို ထောက်ခံခဲ့ကြတဲ့ အရပ်သားပြည်သူတွေအပေါ်မှာ ယုတ်ရင့်စေတဲ့ အပြုအမူ ကျွန်တော်တို့ “TRI”

တပ်က နည်းနည်းမှ မလုပ်ခဲ့ပါဘူး။ယခုအခါ စကစ ပြန်လည်စိုးမိုးတဲ့အချိန်မှာအရင် ခေတ်ကလို ဟိုလူ ဒီလူ လက်ညှိုးထိုး ဖမ်း/သတ်လုပ်ရင် ပါဝင်တဲ့ လူအားလုံးကိုမှတ်တမ်းနဲ့တကွ မြေလှန်ပြီး အပြတ်လုပ်ပါ့မယ်။”TRI”ရဲ့ အပြန်ခရီး နောက်တကျော့ စောင့်နေပါ”လို့ ကိုဝေမိုးကျော်က သတိပေးထားပါတယ်။

စဉ့်ကူးမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာပါ။

တိုက်ပွဲအတွင်း စဉ့်ကူးမြို့နယ် ပျူစောထီးခေါင်းဆောင် ရေတော်ငနိုင်နဲ့ ထုံးကြီး၊ဆည်သည် ၊ ဒိုးပင်ကုန်း ၊ ဇီးပင်ကုန်း၊ရေတော်ရွာတွေက ပျူစောထီးခေါင်းဆောင်တွေအပါအဝင် စုစုပေါင်း ပျူစောထီး ၁၀၀ခန့် ဖမ်းမိခဲ့ပါတယ်။ရေတော်ရွာက ပျူစောထီးခေါင်းဆောင်မောင်နိုင်အပါအဝင် ပျူစောထီးအချို့ဟာ ဖမ်းဆီးမခံရခင်က စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဒေသခံတွေကို သတ်ဖြတ်ခြင်း၊ အမျိုးသမီး တချို့ကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ ဝန်ခံခဲ့ပါတယ်။

ဖမ်းမိထားတဲ့ ပျူစောထီးတွေထဲက ရာဇဝတ်မှုကျူးလွန်ထားသူတွေကို စဉ့်ကူးမြို့နယ်ပကဖက စစ်ဆေးပြီး ၎င်းတို့ရဲ့မိသားစုဝင်တွေကို မူလရွာတွေမှာ ပြန်လည်နေရာချထားခဲ့တာပါ။

” ပျူတွေက တော်တော်ဆိုးဆိုး တွေရှိတယ်။ အဓိကကတော့ စစ်တပ်အားကိုးပြီး ခိုးဆိုးလုယက်ကြတာ။ အခု စစ်တပ်မြို့ထဲ ပြန်ဝင်လာ‌တော့ သူတို့က လုကြယက်ကြအုံးမယ်။ ဒေသခံတွေကို PDF ထောက်ပို့ဆိုပြီး လက်ညိုးထိုးပြီး ဒုက္ခပေးနိုင်တယ်။ သူတို့ အသိတရားမရဘဲ မိုက်လုံးကြီးရင်တော့ ပြန်ခံရမှာပဲ”လို့ စဉ့်ကူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်ကို ၂၀၂၅ နှစ်လယ်ပိုင်းကစတင် စစ်ကြောင်းထိုးခဲ့ပြီး အခုအခါမှာတော့ ပြန်လည်ထိန်းချုပ်နိုင်တဲ့အခြေအနေ ‌ရောက်လာတာပါ။

ဒီဇင်ဘာ ၁၈ ရက်မှာ စစ်တပ်က လက်ပန်လှကျေးရွာကို ဝင်ရောက်သွားပြီးတဲ့နောက် ညပိုင်းမှာပဲ စဉ့်ကူးမြို့ကို ဆက်ဝင်ရောက်ခဲ့သလို ထုံးကြီးရွာဘက်က စစ်ကြောင်းကလည်း ဆည်သည်ရွာကနေ တဆင့်ဝင်ရောက်လာတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။စစ်ကောင်စီက စဉ့်ကူးမြို့နယ်ရဲ့ နရောအများစုပြန်လည်ထိန်းချုပ်ထားပြီး မိုးကုတ်- မန္တလေး လမ်းပိုင်းကိုလည်း အပြည့်အဝထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

စဉ့်ကူးမြိုကို စစ်တပ်ပြန်ထိန်းချုပ်လိုက်တာကြောင့် တမြို့နယ်လုံးနီးပါးက ပြည်သူတွေထွက်ပြေးနေကြပြီး စစ်ကိုင်းဘက်ကနေရှောင်တိမ်းရတဲ့ လမ်းပိုင်းတချို့လည်း အဲဒီဘက်က စစ်ကြောင်းတွေကြောင့် ပိတ်နေတယ်လို့ ဆိုပါတယ်။ထွက်ပြေးလာတဲ့ ပြည်သူတွေကို စစ်ကိုင်းတိုင်းဘက်က ပြည်သူတွေနဲ့ တော်လှန်ရေးတပ်တွေက အကူအညီတွေပေးနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook