Connect with us

Hi, what are you looking for?

သတင်း

ပုလောနယ်က CDM ဆရာမနဲ့ ခင်ပွန်းကို သတ်ဖြတ်သူ ၄ဦး ဖမ်းမိပြီလို့ KNU ထုတ်ပြန်

တနင်္သာရီတိုင်း ပုလောမြို့နယ်က CDM ဆရာမနဲ့ခင်ပွန်းဖြစ်သူကို သတ်ဖြတ်သူ ၄ဦးကို ဖမ်းမိပြီဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူဟုဆိုသူ​လေးဦးကို​တွေ့ရစဥ်။ ဓါတ်ပုံ-KNU

ဒီဇင်ဘာ-၂၁၊၂၀၂၅။ဆန်အောင်/People’s Spring

တနင်္သာရီတိုင်း ပုလောမြို့နယ်က CDM ဆရာမနဲ့ခင်ပွန်းဖြစ်သူကို သတ်ဖြတ်သူ ၄ဦးကို ဖမ်းမိပြီဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ တာဝန်ခံဖြစ်တဲ့ CDM ဆရာမ ဒေါ်အေသီအောင်နဲ့ အမျိုးသားဟာ ပုလောမြို့နယ် ဆားခဲရွာ နေအိမ်မှာဒီဇင်ဘာ ၁၅ရက်က သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅)မှာ ချုပ်နှောင်ထားတဲ့ ပြစ်မှုကျူးလွန်ထားတဲ့ အောင်နိုင်ဦး၊ဖြိုးဝေဦး၊ ဇော်ထိုက် ၊ဝင်းစိုးတို့ဟာအကျဉ်ခန်း အတွင်းကဒီဇင်ဘာ ၁၃ ရက် မနက် ၄နာရီ ၅၀မိနစ် အချိန်မှာထွက်ပြေးလွတ်မြောက်သွားစဥ် အထက်ပါလူသတ်မှုကိုကျူးလွန်ခဲ့တာလို့ ​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“CDM ဆရာမနဲ့ သူ့ယောက်ျားကို သတ်ဖြတ်တဲ့ တရားခံ ၄ဦးကို ကျနော်တို့ KNDO တပ်ရင်း (၇)က လိုက်လံဖမ်းဆီးရရှိခဲ့တယ်။ကျနော်တို့ ကော်သူးလေဥပဒေအရ အရေးယူသွားမယ်”လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ဆရာမနဲ့ ခင်ပွန်းကို သတ်ဖြတ်သူတွေဟာ အရင်က ပြစ်မှုနဲ့ အချုပ်ကျနေသူတွေဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒီဇင်ဘာ ၁၃ရက်မှာ ထွက်ပြေးခဲ့ပြီး ဒီဇင်ဘာ ၁၅ရက်မှာ လူသတ်မှု ကျူးလွန်ခဲ့ရာ ၁၇ရက်နေ့တွင် ကျူးလူသူ ၃ဦး၊ ၁၈ရက်တွင် ၁ဦး ပြန်ဖမ်းမိခဲ့တာလို့သိရပါတယ်။

“၁၃ရက်‌နေ့မှာ ထွက်ပြေးတာ။၁၃ရက်နဲ့ ၁၅ရက်အကြားမှာသူတို့ကထမင်းမစားရဘူးပေါ့။ ‌ဆရာမအိမ်ကိုရောက် တော့ ဆရာမ ဒေါ်အေသီအောင်ဆီမှာ ထမင်းသွားတောင်းစားတာ။ ထမင်းတောင်းစားပြီးတာနဲ့ ပြောရမယ်ဆို သူတို့က အရင်ကတည်းက ဆေးကြောင်တာ ဆိုတော့ ဆေးသုံးစွဲတဲ့ သူတွေ ဆိုတော့ လူတယောက်ကို သတ်ဖြတ်တာ ဝန်မလေးဘူး။ ဆရာမကို သတ်ဖြတ်တယ် ပြီးတော့ သူ့ရဲ့ လက်ဝတ်ရတနာတွေပေါ့ လက်စွပ်တွေ နားမှာတပ်ထားတဲ့ နားကပ်လားယူသွားတယ်ပေါ့နော်။ဆရာမမှာ ရှိတဲ့ ပိုက်ဆံ လက်ဝတ်ရတနာတွေ ယူသွားတာပေါ့။ ပြောမယ်ဆို ထမင်းသွားတောင်းစားတယ် ဆရာမက ထမင်းမပေးစားတဲ့အတွက် သတ်ဖြတ်တယ်။သူ့ယောကျ်ားပါ သတ်
ဖြတ်ပြီးတော့ ဆရာမရဲ့ လက်ဝတ်ရတနာတွေယူသွားတာ။ နောက်ဆုံး လူအပါအဝင် လက်ဝတ်ရတနာတွေ အကုန်လုံး ပြန်ရရှိခဲ့ပြီ။”လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

ဒီဇင်ဘာ ၁၅ ရက်ညမှာထို​၄ ဦးထဲမှ ဝင်းစိုးက ဆရာမဒေါ်အေးသီတာအောင် ထံထမင်းတောင်းစားပြီး မပေးဟုဆိုကာဓားဖြင့်ခုတ်သတ်ခဲ့ပြီး ဆရာမ အော်သံကို ကြား၍ ထွက်ကြည်တဲ့ခင်ပွန်းကိုကျန် (၃)ဦးကဖမ်းချုပ်ခဲ့တယ်လို့ဆိုတယ်။အဲဒီ​နောက် ဝင်းစိုးကပဲဆရာမ၏ ခင်ပွန်းကိုပါ သတ်ဖြတ်ခဲ့တယ်လို့KNU ကထုတ်ပြန်ပါတယ်။

ဆရာမတို့လင်မယာ နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် လက်ဝတ်ရတနာများ နားကပ်၊ ဆွဲကြိုး နဲ့နှလက်ကောက်တို့ကို ယူ၍ထိုင်းနိုင်ငံသို့ သွားဖို့ကြိုးပမ်းနေစဉ် ဖမ်းဆီးရမိခဲ့တာလို့အသိ​ပေးပါတယ်။

ဆရာမ ဒေါ်အေသီအောင်သတ်ဖြတ်ခံရမှု အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန အပါအဝင်ပညာရေးအဖွဲ့တွေ၊ KNLA တပ်မဟာ(၄) အပါအဝင် တော်လှန်ရေးအင်အားစုတွေက ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့ကြပါတယ်။ ဒါ့ အပြင်ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ အမှုမှန်ပေါ်ပေါက်အောင်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

၎င်းတို့အားကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ ကော်သူးလေတရားဥပဒေများနှင့်အညီ ထိရောက်စွာ အပြစ်ပေး အရေး ယူသွားမယ်လို့ KNU က​ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။