Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျေးရွာ​တွေ မီးရှို့ပြန်လာ​သော စစ်​ကောင်စီတပ်သား ခုနစ်ဦးထပ်​မံသေဟု RKDF ထုတ်ပြန်

သေဆုံးသွားသော စစ်ကောင်စီတပ်သား စုစု ပေါင်း ၁၀ ဦးကို မြောက်စည်းရဲစခန်းမှ သုံးဘီးဆိုင်ကယ်ဖြင့်သယ်၍ ခုံတိုးမြို့သာ ရွာသုဿာန်တွင် မီးရှို့သဂြိုလ် သွားသည်ဟု မျက်မြင်တွေ့ ရှိခဲ့သော ဒေသခံများထံမှတစ်ဆင့်ကိုးကား၍ RKDFအတည်ပြုသည်။

(RKDF ရဲ​ဘော်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - RKDF)

ကလေးမြို့နယ်တွင် ယမန်​နေ့(ဒီဇင်ဘာ၃ရက်)က မိုင်းဆွဲတိုက်ခိုက်ခံရသော အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒဏ်ရာရသူများအနက် ခုနှစ်ဦးထပ်မံ​သေဆုံး၍ စုစုပေါင်းသေဆုံးသူ ၁၀ဦးအထိရှိလာပြီး ၎င်းတို့ကို ခုံတိုးမြို့သာ ရွာသုဿာန်တွင် မီးရှို့သဂြိုလ်ကြောင်း Ranger Kalay Defend Force(RKDF)က ထုတ်ပြန်သည်။

ဒီဇင်ဘာ၃ရက် နံနက်၈နာရီခွဲခန့်တွင် လယ်ခြားနှင့်ရှားတောကျေးရွာများအား မီးရှို့ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် RKDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(RKDF ရဲ​ဘော်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – RKDF)

တိုက်ပွဲ ဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား သုံးဦး သေဆုံးသည်ကိုသာ RKDFက ကနဦး ထုတ်​ပြန်ခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၃ ရက်ည ၁၀ နာရီတွင် နောက်ဆုံးရရှိသော အတွင်းသတင်းအရ နံနက်ပိုင်းက ဒဏ်ရာအပြင်း အထန်ရသွားသော တပ်သားများသည် ဆေးကုသမှု့ခံယူရင်း သေဆုံးသွားသည်မှာ ခုနစ်ဦးအထိရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသော စစ်ကောင်စီတပ်သား စုစု ပေါင်း ၁၀ ဦးကို မြောက်စည်းရဲစခန်းမှ သုံးဘီးဆိုင်ကယ်ဖြင့်သယ်၍ ခုံတိုးမြို့သာ ရွာသုဿာန်တွင် မီးရှို့သဂြိုလ် သွားသည်ဟု မျက်မြင်တွေ့ ရှိခဲ့သော ဒေသခံများထံမှတစ်ဆင့်ကိုးကား၍ RKDFအတည်ပြုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျန်ရှိဒဏ်ရာ ရသူစာရင်းမှာ ၂၃ ဦးဟု အတိအကျသိရှိရပြီး ထိုဒဏ်ရာရရှိထားသူများများအနက် စိုးရိမ်ရသောအခြေအနေအထိ ရောက်ရှိနေသော စစ်​ကောင်စီတပ်သားများပါဝင်ကြောင်းလည်း RKDFက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။