Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲမှာ တရုတ်နဲ့ ရုရှား ဗြောင်ကျကျပါဝင်ပတ်သက်တယ်လို့ အာဆီယံနဲ့ ဥရောပလွှတ်တော်အမတ်တွေ ပူးတွဲထုတ်ပြန်

အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲဖြစ်စဥ်မှာ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုက အာဆီယံအခြေခံမူကို ထိပါးယုတ်လျော့စေတယ်လို့ အာဆီယံနဲ့ ဥရောပလွှတ်တော်အမတ် ၂၆ဦးက ဒီဇင်ဘာ ၂၉ရက်မှာ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချနေကြတဲ့ အာဆီယံလွှတ်တော်အမတ်တချို့။ ဓာတ်ပုံ - APHR

▪️အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးမှုတိုးမြှင့်ဖို့အပါအဝင် အချက် ၄ချက် တောင်းဆို

ဒီဇင်ဘာ-၃၀၊ ၂၀၂၅။ People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲဖြစ်စဥ်မှာ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုက အာဆီယံအခြေခံမူကို ထိပါးယုတ်လျော့စေတယ်လို့ အာဆီယံနဲ့ ဥရောပလွှတ်တော်အမတ် ၂၆ဦးက ဒီဇင်ဘာ ၂၉ရက်မှာ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များ(APHR)နဲ့ ဥရောပပါလီမန်အမတ်တွေက စစ်တပ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တွေ့ဆုံခဲ့ကြတာပါ။ ၂၀၂၅ ဒီဇင်ဘာလကုန်မှာစတင်တဲ့ စစ်တပ်ရွေးကောက်ပွဲတွေက ဒီမိုကရေစီနည်းကျလုပ်ငန်းစဥ်အဖြစ် အယောင်ပြပြီး သူ့အုပ်ချုပ်ရေးတရားဝင်မှုရရှိရေး ကြိုးပမ်းမှုတစ်ခုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံနေရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုအမည်ခံရွေးကောက်ပွဲတွေကို နိုင်ငံတဝန်း အကြောက်တရား၊ နေရပ်စွန့်ခွာတိမ်းရှောင်မှုနဲ့ အဆင်ခြင်မဲ့အကြမ်းဖက်မှု ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ကြားကပဲ ကျင်းပနေတာလို့ အာဆီယံနဲ့ဥရောပလွှတ်တော်အမတ်တွေက ဆိုပါတယ်။ တိုင်းပြည်ရဲ့ တရားဝင်ရွေးကောက်ခံကိုယ်စားလှယ်တွေက ပြည်ပ ဒါမှမဟုတ် ထောင်သွင်းအကျဥ်းချခံထားရဆဲဖြစ်ပြီး ဒီလိုအခြေအနေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေက လွတ်လပ်မျှတမှု ဒါမှမဟုတ် အများယုံကြည်မှု ဘယ်လိုမှ ကိုက်ညီနေမှာမဟုတ်ဘူးဆိုတာ အကြီးအကျယ်သံသယဖြစ်စေတယ်လို့ ဖော်ပြပါတယ်။

စစ်တပ်ရွေးကောက်ပွဲပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်က တစ်ခုသာရှိပြီး အဲဒါကတော့ ကိုယ့်ပြည်သူအပေါ် အကြမ်းဖက်ကာ အာဆီယံအသိုင်းအဝိုင်းရဲ့ စံတန်ဖိုးတွေကို စနစ်တကျ ဖျက်ဆီးတဲ့ အစိုးရအဖွဲ့ကို လွဲမှားတဲ့ တရားဝင်မှု ပေးအပ်ဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီရွေးကောက်ပွဲက တဆင့် အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာအသိအမှတ်ပြုမှု၊ စီးပွားရေးအရင်းအမြစ်တွေနဲ့ စစ်ဘက်ဆိုင်ရာအထောက်အပံ့ရရှိဖို့ ဒီမိုကရေစီအယောင်ဆောင်မှုကို တည်ဆောက်ဖို့လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေတွေအောက်မှာ ကျင်းပမယ့် စစ်တပ်ရွေးကောက်ပွဲတွေက အကြမ်းဖက်မှုတွေကို ပိုမိုတိုးပွားလာစေပြီး တိုးတက်မှုမဟုတ်ဘဲ ဆုတ်ယုတ်မှုသာ ဖြစ်ပေါ်စေမှာကို အလွန်အမင်းစိုးရိမ်တယ်လို့ အာဆီယံနဲ့ ဥရောပလွှတ်တော်အမတ်တွေက ပြောပါတယ်။ အဲဒီရွေးကောက်ပွဲတွေက အာဆီယံရဲ့ တူညီဆန္ဒ ၅ရပ်နဲ့ ဒေသတွင်းပြည်သူတွေရဲ့စုပေါင်းဆန္ဒကို တိုက်ရိုက်စော်ကားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တရုတ်နဲ့ ရုရှားတို့လို ပြင်ပအင်အားကြီးနိုင်ငံတွေက ဒီစစ်တပ်ရွေးကောက်ပွဲလုပ်ငန်းစဥ်မှာ နိုင်ငံရေးအရ၊ ရုပ်ဝတ္တုပိုင်ဆိုင်ရာ ဗြောင်ကျကျပံ့ပိုးမှုတွေဟာ အာဆီယံရဲ့ အခြေခံမှုအုတ်မြစ်ကို ထိပါးယုတ်လျော့စေတယ်လို့ အာဆီယံနဲ့ ဥရောပလွှတ်တော်အမတ် ၂၆ဦးက ပူးတွဲထုတ်ပြန်ပါတယ်။

ဒါကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ ဥရောပသမဂ္ဂနဲ့ ဒီမိုကရေစီအစိုးရအားလုံးအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးမှုတိုးမြှင့်ဖို့၊ ရွေးကောက်ပွဲကို အသိအမှတ်ပြုရာမှာ အထူးသတိပြုဖို့၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေဆဲ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်သူတွေအပေါ် ပစ်မှတ်ထားအရေးယူမှု ပိုမိုအားကောင်းလာဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အသံ၊ ဆန္ဒတို့ကို ပြန်လည်ဖော်ဆောင်ပေးမယ့် စစ်မှန်ပြီး အားလုံးပါဝင်တဲ့နိုင်ငံရေးလုပ်ငန်းစဥ်ကို ပံ့ပိုးကူညီဖို့ အထက်ပါလွှတ်တော်အမတ်တွေက တောင်းဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ရဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး သူမရဲ့အခြေအနေကို လျစ်လျူရှုမထားဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ပြောပါတယ်။

နိုင်ငံတကာ

ရုရှား၊ တရုတ်တို့ရဲ့ အကူအညီတွေနဲ့အတူ မြောက်ကိုရီးယား စီးပွားရေးဟာ တဖြည်းဖြည်း ပြန်လည် ဦးမော့လာနေတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။