Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းမှာ PDFတွေကို အမြန်တိုက်ဖို့ အားပေးခဲ့တဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

အမြန်လမ်းမှာ PDFရဲဘော်တွေကို အမြန်တိုက်ဖို့ အားပေးခဲ့တဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေက အောင်ပွဲခံသတင်းဖြန့်နေပါတယ်။

ဖမ်းဆီးခံရတဲ့အမျိုးသားနဲ့ ၎င်းရဲ့ကားအား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ

ဒီဇင်ဘာ ၃၀၊ ၂၀၂၅။မေရီ/People’s Spring

အမြန်လမ်းမှာ PDFရဲဘော်တွေကို အမြန်တိုက်ဖို့ အားပေးခဲ့တဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေက အောင်ပွဲခံသတင်းဖြန့်နေပါတယ်။

ဖမ်းဆီးခံရတဲ့အမျိုးသားနဲ့ ၎င်းရဲ့ကားအား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ

ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်-မန္တ‌လေးအမြန် လမ်းပေါ်ကို မန္တလေးတိုင်း ပကဖ အဖွဲ့၊ စဉ့်ကိုင် မြို့နယ် ပကဖ၊ တံတားဦးမြို့နယ် ပကဖ အဖွဲ့တွေ ရှောင်တခင် စစ်ဆေးချိန် ဖြတ်သန်းသွားတဲ့ ကားတစ်စီးပေါ်ကနေ “မြန်မြန်ဆော်ဗျာ”လို့ ပြောသွားတဲ့ကားသမားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

အဲဒီအမျိုးသားကို ဖမ်းဆီးဖို့ မိတ္ထီလာမြို့က ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းအပါအဝင် စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေက ရေးသားခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရပြီးနောက် “အမြန်လမ်းအာချောင်တဲ့ EV ကားနှင့်အတူ တရားခံ ဘိုသိန်းအား ဖမ်းဆီးရမိပြီးဖြစ်”လို့ စစ်ကောင်စီထောက်ခံသူ မိတ္ထီလာမြို့က ပျူခေါင်းဆောင် ဇော်ယုထွန်းက အောင်ပွဲခံ ရေးသားပါတယ်။ စစ်ကောင်စီက အမြန်လမ်းပေါ်မှာ ၎င်းအမျိုးသားစီးနင်းခဲ့တဲ့ EV ကားအစိမ်းရောင်ကိုပါ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်သုံးစွဲသူတဦးက “လူတယောက်လွတ်လပ်ခွင့်ကိုတောင် မင်းတို့တွေယုတ်မာချင်ကြပုံက ရယ်စရာကောင်းလွန်းနေတယ်”လို့ မှတ်ချက်ပြုပါတယ်။

ဖမ်းဆီးခံရသူဟာ ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၉ နှစ်အရွယ် ကိုဘိုဘိုသိန်းဆိုသူဖြစ်ပြီး အိမ်ခန်းအလှဆင်လုပ်ငန်းလုပ်ကိုင်သူလို့ သိရပါတယ်။

တော်လှန်ရေးအဖွဲ့တွေဟာ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ကျောက်ဆည်လမ်းခွဲနဲ့ ပြင်စည်လမ်းခွဲကြားရှိ မိုင်တိုင်(၃၃၂)အနီးဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ရှောင်တခင် တက်ရောက်စစ်ဆေးခဲ့ကြတာပါ။ စစ်ဆေးချိန် စစ်ကောင်စီတပ်နဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မိဘဂုဏ်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

Facebook