Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ပျူတွေက အမျိုးသားတစ်ဦးအားရိုက်သတ်​ပြီး အလောင်းအမှိုက်ပုံမှာစွန့်ပစ်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်​ဖြတ်ပြီး ရုပ်အလောင်းကို အမှိုက်ပုံလာပစ်သွားကြောင်း သတင်းရရှိပါတယ်။

စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်မွေးထားတဲ့ မန္တလေးနဲ့ စစ်ကိုင်းက ပျူစောထီးအဖွဲ့ဝင် အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Screengrab

ဒီဇင်ဘာ ၃၀၊ ၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်​ဖြတ်ပြီး ရုပ်အလောင်းကို အမှိုက်ပုံလာပစ်သွားကြောင်း သတင်းရရှိပါတယ်။

မနေ့က ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ ၅၉လမ်း၊ ၁၁၄လမ်းနဲ့ ၁၁၅လမ်းကြားရှိ အမှိုက်ကန်အနီးမှာ ရိုက်နှက်နှိပ်စက်ခံထားရပြီး ဦးခေါင်းကြေမွဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို လူတစ်စုက လာရောက်စွန့်ပစ်သွားကြောင်း MDY Revolution က အသိပေးပါတယ်။

မျက်မြင်တွေ့ရှိသူတွေရဲ့အဆိုအရ အလောင်းလာပစ်သူတွေဟာ ၆၂လမ်း ၁၁၇လမ်းနဲ့ ၁၁၈ကြားရှိ ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက် ရပ်ကွက်ရုံးက ပျူစောထီးတွေ ဖြစ်ကြောင်း MDY Revolution က ထပ်မံ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“တော်တော်သောင်းကျန်းနေတာ။ အဲဒီဘက် ဃ ရပ်ကွက်က ပျူတွေချည့်ပဲ။ ညဘက်ဆို ဘယ်သူမှ အပြင်မထွက်ရဲဘူး”လို့ အဆိုပါ ရပ်ကွက်အနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

သတ်ဖြတ်စွန့်ပစ်ခံရသူရဲ့ အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ စွန့်ပစ်ခံရတဲ့ ရုပ်အလောင်းကို မနက်ပိုင်းမှာပဲ လာရောက်ကောက်ယူသွားတယ်လို့ သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်က (ဃ) ရပ်ကွက်ရုံးဟာ အလုပ်အကိုင်မရှိ ရပ်ကွက်ကြမ်းပိုးတွေက ပျူစောထီးများအဖြစ် လုပ်ကိုင်နေပြီး မွှေနှောက်သောင်းကျန်းနေကြောင်း၊ ၎င်းတို့က ပေါ်တာဆွဲတာ အပါအဝင် ရပ်ကွက်နေပြည်သူများအပေါ် အနိုင်ကျင့်လို့ ပြည်သူအချို့မှာ အိမ်ခြံမြေများ ရောင်းချပြီး အခြားနေရာသို့ ပြောင်းရွှေ့သွားကြရသူများပင်ရှိနေကြောင်း MDY Revolution က ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင် ပျူစောထီးတွေကနေ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ငွေညှစ်တာ၊ ခြိမ်းခြောက်လုယက်တာတွေ အဖြစ်များနေကြောင်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလအတွင်းကလည်း အဲဒီ (ဃ)ရပ်ကွက်ထဲမှာပဲ နေအိမ်တစ်အိမ်ကို ပျူစောထီးအဖွဲ့က ဓားပြဝင်တိုက်ပြီး အတွင်းပစ္စည်းတွေနဲ့ Hi Jet ကားတစ်စီး ပါသွားခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook