Connect with us

Hi, what are you looking for?

သတင်း

ပတ်စ်ပို့လုပ်သူနည်းလာလို့ ကျပ်ငါးသိန်းပိုပေးရင် အမြန်ရမယ်လို့ စစ်ကောင်စီဆိုပြန်

နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားလိုသူနည်းလာချိန်မှာ ပုံမှန်‌ကြေးထက် ကျပ်ငါးသိန်းပိုပေးရင် ငါးရက်အတွင်း အမြန်လုပ်ပေးမယ်လို့ စစ်ကောင်စီရဲ့ လက်အောက်ခံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဒီကနေ့ (ဇန်နဝါရီ၁) ကြေညာပါတယ်။

ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇန်နဝါရီ ၁၊၂၀၂၆။မေရီ၊သတိုး/People’s Spring

နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားလိုသူနည်းလာချိန်မှာ ပုံမှန်‌ကြေးထက် ကျပ်ငါးသိန်းပိုပေးရင် ငါးရက်အတွင်း အမြန်လုပ်ပေးမယ်လို့ စစ်ကောင်စီရဲ့ လက်အောက်ခံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဒီကနေ့ (ဇန်နဝါရီ၁) ကြေညာပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကို ထွက်သူများပြားတာကြောင့် အရင်က ပတ်စပို့ရဖို့ Booking တင်တာကို လနဲ့ချီစောင့်ဆိုင်းခဲ့ရတာပါ။

လက်ရှိမှာတော့ Booking လျှောက်ထားသူမရှိသလောက်နည်းပါးနေပြီး ဒီနေ့လျှောက်၊ ဒီနေ့ ရုံးဝင်လို့ရတဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒီလို ပတ်စပို့လုပ်သူနည်းချိန်မှာ စစ်ကောင်စီက ပတ်စပို့လုပ်ရင် ပုံမှန်ကြေးထက် ကျပ်၅သိန်းအထိ ပိုပေးဆောင်ရင် ငါးရက်အတွင်းရမယ်လို့ ဆွဲဆောင်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“အခုလည်း လျှောက်တဲ့သူမရှိလို့ ဒီနေ့ဘွတ်ကင်တင်ရင် မနက်ဖြန်ရုံးဝင်လို့ရပြီ။ အမြန်ကြေးကိုတောင် တရားဝင်တောင်းတဲ့သဘောပဲ”လို့ ပြည်ပထွက်ခွာဖို့စီစဥ်နေတဲ့ နေပြည်တော်က အမျိုးသားတစ်ဦးက ပြောပါတယ်။

ပုံမှန်ကြေး ကျပ် ၄၅၀၀၀ ကို အပိုကြေး ငါးသိန်း ထပ်တိုးပြီး ကျပ်၅၄၅၀၀၀ နဲ့ ငါးရက်အတွင်းအပြီးလုပ်ပေးမယ်လို့ ကြေညာခဲ့တာပါ။

ပုံမှန်ကြေး ကျပ်၄၅၀၀၀ နဲ့ဆိုရင် ပတ်စပို့ရဖို့ လျှောက်ထားသူက အချိန် နှစ်ပတ်ပဲစောင့်ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ပုံမှန်ထက် ၉ ရက်စောလုပ်ပေးနိုင်တာကို အပိုကြေး ကျပ်ငါးသိန်းပေးဖို့ သတ်မှတ်လိုက်တာပါ။

“တကယ်တမ်း လုပ်တဲ့လူမရှိတော့ လုပ်ငန်းစဉ်အရ မြန်လာတာကို တမင်အပိုကြေးဆိုပြီး တောင်းတဲ့သဘောပဲ။ မသိတဲ့လူတွေကို ဂျင်းထည့်ဖို့ လုပ်တာ “လို့ ပြည်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဌာနဆိုင်ရာတွေထဲမှာ ငွေရပေါက်များတဲ့ ရုံးလို့ နာမည်ကြီးတာဖြစ်ပြီးပတ်စပို့ပြုလုပ်သူများတဲ့ ကာလကဆိုရင် ရုံးဘက်ကလူ‌တွေနဲ့ ရင်းနှီးတဲ့ ပွဲစားတွေကို ကျပ်သိန်းဆယ်ဂဏန်းအထိ ပေးရတာတွေရှိပါတယ်။

အမည်မည်းစာရင်းမှာ ပါဝင်သူ‌ ၊ ပြစ်မှုကျူးလွန်ပြီး စစ်ဆေးချက် မပြီးစီးသူ‌ ၊ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်မြောက်လာသူ ၊ ပြည်ပထွက်ခွာမှု တားဆီးခံရသူ ၊ လက်ရှိစစ်ကောင်စီဝန်ထမ်း‌ ၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်တဲ့ အခြားအဖွဲ့အစည်းတွေ နဲ့ ပုဂ္ဂလိအဖွဲ့အစည်း‌ တွေက ထောက်ခံချက်လိုအပ်သူတွေအနေနဲ့ ရုံးတွေမှာစုံစမ်းပြီးမှလျှောက်ဖို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။