Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမှာ ပန်းရံအလုပ်သမားတစ်ဦးဓာတ်လိုက်သေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာမှာ ပန်းရံအလုပ်သမားတစ်ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဓာတ်လိုက်သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၁၈၊၂၀၂၆။မေရီ/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမှာ ပန်းရံအလုပ်သမားတစ်ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဓာတ်လိုက်သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းက မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်က ဆောက်လုပ်ဆဲနေအိမ်တစ်ခုမှာ အလုပ်ဝင်နေတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးဟာ ဓာတ်လိုက်သေဆုံးသွားခဲ့တာဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

“ပန်းရံသွားလုပ်တာဘိလပ်မြေနယ်ဖို့ရေလိုတာ၊
ရေထမောင်းပေးပြီးရေပြည့်လို့ပြန်ပိတ်တဲ့အပိတ်ကိုလက်နဲဆွဲပြီးဝါယာကြိုးဖြုတ်တဲ့အချိန်ဓါတ်လိုက်သွားတာပါ”လို့ ​ဒေသခံတဦးက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလူငယ်ဟာ ဖြစ်ဖြစ်ချင်း သတိလစ်မေ့မျောသွားခဲ့ပြီး ဆေးရုံရောက်မှ သေဆုံးသွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ သေ
ဆုံးသူဟာ မိတ္ထီလာမြို့နယ်၊ ညောင်ကားယားကျေးရွာမှာ နေထိုင်သူဖြစ်ကြောင်း သိရပါတယ်။

စစ်​​ကောင်စီလက်​အောက်ခံအလုပ်သမားဝန်ကြီး
ဌာနနဲ့ လူမှုဖူလုံရေးအဖွဲ့ (SSB) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရ ၂၀၂၄ နဲ့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးသူ ၁၅၀ ဦးကနေ ၂၀၀ ဝန်းကျင်အထိ အစီရင်ခံတင်ပြလေ့ရှိကြောင်း၊ ဒီအချက်
အလက်ဟာ အာမခံထားသူစာရင်းသာဖြစ်ပြီး အပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ သိရပါတယ်။

(●မှတ်ချက်- သတင်းကို ဇန်နဝါရီ ၁၈ ရက်ည​နေ ၅ နာရီ ၂၂ မိနစ်မှာထပ်မံပြင်ဆင် ဖြည့်စွက်ထားပါတယ်)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်​လေယာဥ်၊ရဟတ်ယာဥ်ပျက်ကျမှုအနည်းဆုံး ၁၀ စီးရှိလာ

သတင်း

အ​နောက်သို့ဆက်သွားရင်ပန်းတောင်း၊ဥသျှစ်ပင်ဘက်သို့​​ရောက်ပြီး ​တောင်ဘက်သွားရင်ဧရာဝတီတိုင်းထဲ​ရောက်မယ်

Facebook