Connect with us

Hi, what are you looking for?

သတင်း

တနိုင်းက KIAတပ်စွဲရာနေရာအချို့ လက်လွှတ်ရ၊ အချိန်မရွေးတိုက်ပွဲဆက်ဖြစ်နိုင်ဟု KIAပြော

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရှေ့တန်း ကာကင်းစခန်း တစ်ခုနဲ့ ဂိတ် တစ်ခုကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်တွေက ရရှိသွားတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြီး ဒေသတွင်းမှာ စစ်ကောင်စီ လက်အောက်ခံတပ်တွေ ဆက်ရှိနေလို့ အချိန်မရွေး တိုက်ပွဲဆက်ဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

KIAရဲ့ ကာကင်းစခန်းနေရာကို သိမ်းရာမျာရတဲ့ လက်နက်ခဲယမ်းတွေလို့ ဝါရာဇွပ်ပြည်သူ့စစ်က ထုတ်ပြန်ထားစဉ်။ ဓာတ်ပုံ - ဝါရာဇွပ်ပြည်သူ့စစ်

ဇန်နဝါရီ-၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရှေ့တန်း ကာကင်းစခန်း တစ်ခုနဲ့ ဂိတ် တစ်ခုကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်တွေက ရရှိသွားတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြီး ဒေသတွင်းမှာ စစ်ကောင်စီ လက်အောက်ခံတပ်တွေ ဆက်ရှိနေလို့ အချိန်မရွေး တိုက်ပွဲဆက်ဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်က KIA ရဲ့ ဝေလော ဂိတ်စခန်းနဲ့ ကာကင်းစခန်းနေရာကို သိမ်းရပြီး အလောင်း၊ လက်နက်ခဲယမ်းတွေရတယ်လို့ ထုတ်ပြန်ထားတဲ့အပေါ် ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောတာပါ။

အဲဒီဒေသဟာ KIA တပ်မဟာ (၂) တပ်ရင်း(၁၄) တည်ရှိရာ ပယင်းမှော်ရွှေမှော်တွေဘက်ဖြစ်ပြီး ၂၀၂၅ ဒီဇင်ဘာ ဒုတိယဘက်မှာ စစ်ကောင်စီ လက်အောက်ခံတပ်တွေ ထိုးစစ်ဆင်လာလို့ ရှေ့တန်းကာကင်းစခန်းနဲ့ ဂိတ်ကို လက်လွှတ်ခဲ့ရတာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

” နောက်ဆက်တွဲအနေနဲ့တော့ အဲဒီမှော်ဒေသမှာ သူတို့ထိန်းချုပ်နိုင်ဖို့အတွက် စစ်ဆင်ရေးတွေလုပ်တာတွေ့ရပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လတ်တလောမှာ တိုက်ပွဲကြီးတွေမတွေ့ရဘဲ စစ်ကောင်စီလက်အောက်ခံတပ်တွေက ဒရုန်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာမျိုးရှိတယ်လို့ပြောပါတယ်။

“KIAဘက်ကလည်း ဒရုန်းနဲ့ပစ်တာ လက်နက်ကြီးနဲ့ ပစ်တာတွေရှိတယ်။ ဒါကြောင့် စစ်ရေးအခြေအနေကတော့ အဲဒီဒေသမှာ တင်းမာတယ်လို့ ပြောလို့ရပါတယ်။ သူတို့ စစ်ကြောင်းတွေ ပြန်ဆုတ်သွားတာမရှိသေးပါဘူး။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ ပြည်သူတွေ လုပ်ဆောင်နေတဲ့ ရွှေတူးဖော်မှု လုပ်ငန်းတွေ ရပ်နားခိုင်းတာတွေရှိတယ်လို့ ပြောပြပါတယ်။

“တချို့အဖွဲ့တွေလည်း ဆက်လုပ်တာတွေရှိတယ်။ သူတို့ လူတွေကိုတော့ လုပ်ခိုင်းပြီးတော့ သူတို့နဲ့ အကြောမတည့်တဲ့သူတွေကိုတော့ မလုပ်ခိုင်းတဲ့ သဘောတွေ့ရပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အဲဒီဒေသမှာ ပြည်သူလူထုသွားလာရေး အဟန့်အတား အခက်အခဲတွေရှိနေတဲ့ အကြောင်းနဲ့ အချိန်မရွေးထိတွေ့ရင်ဆိုင်တိုက်ပွဲဖြစ်နိုင်တဲ့ အလားအလာရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ဒီကနေ့ အောက်တိုဘာ ၇ရက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

Facebook