ဇန်နဝါရီ-၁၉၊၂၀၂၆။ရှိန်း/People’s Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ဒေသခံပြည်သူတွေ ရွာအတွင်း ပြန်ဝင်ချင်ရင် စစ်တပ်ကို တအိမ်ကျပ် ငါးသောင်းပေးရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ဇန်နဝါရီလ၂ရက်နေ့ကစဉ့်ကူးမြို့နယ်အနောက်ခြမ်း၊ကျွန်းကြီးရွာကိုစစ်တပ်ကပစ်ခတ်ဝင် ရောက်ခဲ့ပြီး ဒီနေ့အထိတပ်စွဲထားတာလို့ သိရပါတယ်။
ဒါ့အပြင်သဲအင်း၊ကြက်တူရွေး၊ဟင်္သာမ ရွာတွေကိုပါ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

Public Service Announcement
အဲဒီစစ်ကြောင်း စီးနင်းဝင်ရောက်မှုကြောင့်ဒေသခံပြည်သူ တွေထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။အဲဒီနောက် စစ်တပ်ကရွာအတွင်းတပ်စွဲပြီးဝင်ခွင့် ပိတ်ထားတာဖြစ်ပါတယ်။
“စစ်တပ်က ပေးမဝင်ဘူး။ဝင်ချင်ရင်တအိမ်ထောင်စုကို ငါးသောင်း ပေးဆိုပြီး တောင်းတာ။ကျွန်းကြီးရွာက တော့ ပေးလိုက်တာ။တရွာလုံးဆိုသိန်း ၄၀၀ ကျော်တဲ့။အခုသဲအင်းလည်းပေးမယ်ကြားတယ်။ငါးသောင်းဆိုတာနည်းတာမဟုတ်ဘူး။မရှိတဲ့သူ တော့မဝင်နဲ့ ပေါ့”လို့ ဒေသခံတဦး ကပြောပါတယ်။
အဲဒီကျေးရွာတွေဟာလက်ရှိမှာ မြေပဲနဲ့သီးနှံတွေစိုက်ပျိုးထားချိန်မို့ ဒေသခံ တွေက ရွာထဲဝင်ပြီး တောင်သူ လုပ်ကိုင်ချင်နေကြတာလို့သိရပါတယ်။
ကျွန်းကြီးနဲ့ ကြက်တူရွေးရွာကိုအထိုင်ချထားတဲ့ စစ်တပ်က လက်နက်ကြီး တွေနဲ့ပစ်ခတ်ခဲ့တာမို့ဇန်နဝါရီ၁၅ ရက်နေ့က ဝက်လက်မြို့နယ်အရှေ့ခြမ်းရေလည်မော်ရွာကပြည်သူ ၃ဦး သေဆုံးခဲ့ပါတယ်။

















































