Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးအနောက်ခြမ်းကပြည်သူတွေရွာထဲပြန်ဝင်ဖို့ စစ်တပ်ကိုတစ်အိမ်ငါးသောင်း​​​​ပေး​နေရ

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေသခံပြည်သူတွေ ရွာအတွင်း ပြန်ဝင်ချင်ရင် စစ်တပ်ကို တအိမ်ကျပ် ငါး​သောင်းပေးရတယ်လို့ ဒေသခံအချို့က​ပြောပါတယ်။

စဥ့်ကူးမြို့နယ်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီး​နောက် အာဏာသိမ်းစစ်တပ်ကစစ်သား​တွေကို မြိို့နယ်အတွင်း​​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ

ဇန်နဝါရီ-၁၉၊၂၀၂၆။ရှိန်း/People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေသခံပြည်သူတွေ ရွာအတွင်း ပြန်ဝင်ချင်ရင် စစ်တပ်ကို တအိမ်ကျပ် ငါး​သောင်းပေးရတယ်လို့ ဒေသခံအချို့က​ပြောပါတယ်။

ဇန်နဝါရီလ၂ရက်နေ့ကစဉ့်ကူးမြို့နယ်အနောက်ခြမ်း၊ကျွန်းကြီးရွာကိုစစ်တပ်ကပစ်ခတ်ဝင် ရောက်ခဲ့ပြီး ဒီ​နေ့အထိတပ်စွဲထားတာလို့ သိရပါတယ်။

ဒါ့အပြင်သဲအင်း၊ကြက်တူရွေး၊ဟင်္သာမ ရွာ​တွေကိုပါ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်​ကြောင်း စီးနင်းဝင်​ရောက်မှု​ကြောင့်ဒေသခံပြည်သူ တွေထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။အဲဒီ​နောက် စစ်တပ်ကရွာအတွင်းတပ်စွဲပြီးဝင်ခွင့် ပိတ်ထားတာဖြစ်ပါတယ်။

“စစ်တပ်က ပေးမဝင်ဘူး။‌‌ဝင်ချင်ရင်တအိမ်ထောင်စုကို ငါးသောင်း ပေးဆိုပြီး တောင်းတာ။ကျွန်းကြီးရွာက တော့ ပေးလိုက်တာ။တရွာလုံးဆိုသိန်း ၄၀၀ ကျော်တဲ့။အခုသဲအင်းလည်းပေးမယ်ကြားတယ်။ငါးသောင်းဆိုတာနည်းတာမဟုတ်ဘူး။‌မရှိတဲ့သူ တော့မဝင်နဲ့ ပေါ့”လို့ ဒေသခံတဦး ကပြောပါတယ်။

အဲဒီကျေးရွာတွေဟာလက်ရှိမှာ မြေပဲနဲ့သီးနှံတွေစိုက်ပျိုးထားချိန်မို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေသခံ တွေက ရွာထဲဝင်ပြီး တောင်သူ လုပ်ကိုင်ချင်နေကြတာလို့သိရပါတယ်။

ကျွန်းကြီးနဲ့ ကြက်တူရွေးရွာကိုအထိုင်ချထားတဲ့ စစ်တပ်က လက်နက်ကြီး တွေနဲ့ပစ်ခတ်ခဲ့တာမို့ဇန်နဝါရီ၁၅ ရက်နေ့က ဝက်လက်မြို့နယ်အရှေ့ခြမ်းရေလည်မော်ရွာကပြည်သူ ၃ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က နေရာအများစုကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြန်ထိန်းချုပ်‌နေစဉ် ဒေသမှာရှိနေတဲ့ ပျူစောထီးတွေနဲ့ စစ်အုပ်စုထောက်ခံသူတွေအနေနဲ့ အရပ်သားပြည်သူတွေကို လက်ထောက်ချ ဒုက္ခပေးတာမျိုးတွေမလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ အမှတ်-၉၃ (TRI ဗျူဟာ)၊နည်းဗျူဟာမှူး ကို​ဝေမိုး​ကျော်က သတိပေးပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကံပျိုကျေးရွာမှာ အနှိပ်ခန်းတွေဖွင့်လှစ်ထားမှုကို အလိုမရှ်ိကြောင်းဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းက အိုက်ဒိုင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ သံဃာတစ်ပါးနဲ့ ပြည်သူ ၃ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။