Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Zoomကနေ အစည်းအဝေးခေါ်ပြီး ဝန်ထမ်း ၉၀၀ ကျော် အလုပ်ဖြုတ်ခံရ

အွန်လိုင်း ချေးငွေ ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Better.comဟာ ဝန်ထမ်း အရေအတွက် ၉ ရာခိုင်နှုန်းကို လျှော့ချပစ်လိုက်တာပါ။ အဲဒီနေ့မှာ ဂါ့ဂ်က Zoomကနေတဆင့် အွန်လိုင်းမှာ အစည်းအဝေးလုပ်ဖို့ အီးမေးလ်ပေးပို့ ခေါ်ယူထားသူ အားလုံးဟာ အလုပ်ပြုတ်ကုန်ကြရပါတယ်။

အမေရိကန် စီးပွားရေး လုပ်ငန်းတစ်ခုရဲ့ အမှုဆောင်ချုပ်ဟာ ဝန်ထမ်း ၉၀၀ ကျော်ကို Zoomကနေ အစည်းအဝေး လုပ်ရင်း အလုပ်ဖြုတ်လိုက်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က Zoom Meetingတစ်ခုမှာ လူပေါင်း ၉၀၀ ကျော် တပြိုင်တည်း အလုပ်ဖြုတ်ခံရတဲ့ သတင်းကို Meetingမှတ်တမ်း ဗီဒီယိုအရ CNN သတင်းဌာနက အတည်ပြုနိုင်ခဲ့ပါတယ်။ ခရစ္စမတ် အားလပ်ရက် မတိုင်ခင် ရက်ပိုင်းအလိုမှာ Better.comရဲ့ အမှုဆောင်ချုပ် ဗီရှဲလ် ဂါ့ဂ်က သူ့ဝန်ထမ်းတွေကို သတင်းဆိုး အသိပေးခဲ့တာ ဖြစ်ပါတယ်။

အွန်လိုင်း ချေးငွေ ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Better.comဟာ ဝန်ထမ်း အရေအတွက် ၉ ရာခိုင်နှုန်းကို လျှော့ချပစ်လိုက်တာပါ။ အဲဒီနေ့မှာ ဂါ့ဂ်က Zoomကနေတဆင့် အွန်လိုင်းမှာ အစည်းအဝေးလုပ်ဖို့ အီးမေးလ်ပေးပို့ ခေါ်ယူထားသူ အားလုံးဟာ အလုပ်ပြုတ်ကုန်ကြရပါတယ်။

ဒီZoom Meetingမှာ ရှိနေတယ်ဆိုရင် ကုမ္ပဏီရဲ့ ကံဆိုးသူ ဝန်ထမ်းတွေထဲမှာ ပါဝင်သွားတယ်ဆိုတာ နားလည်စေလိုကြောင်း၊ အားလုံးကို အလုပ်ဖြုတ်တဲ့ ဆုံးဖြတ်ချက်က ချက်ချင်း အသက်ဝင်လာမှာဖြစ်ကြောင်း ဂါ့ဂ်က အစည်းအဝေးမှာ ပြောကြားထားပါတယ်။ နစ်နာကြေးနဲ့ တခြား ငွေရေးကြေးရေး ကိစ္စတွေ အတွက်တော့ လူ့စွမ်းအား အရင်းအမြစ် (HR) ဌာနက ဆက်သွယ်လာလိမ့်မယ်လို့ သူက အသိပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ထမ်း အင်အား လျှော့ချရတာဟာ စျေးကွက် သက်ရောက်မှု၊ လုပ်ရည်ကိုင်ရည်၊ အကျိုးဖြစ်ထွန်းမှု အစရှိတဲ့ ကဏ္ဍပေါင်းစုံကို ခြုံငုံသုံးသပ်ပြီးမှ အကောင်အထည် ဖော်လိုက်တဲ့ ဆုံးဖြတ်ချက်လို့လည်း ဂါ့ဂ်က ဆိုပါတယ်။ တချို့ ဝန်ထမ်းတွေဟာ မလုပ်၊ မရှုပ်၊ မပြုတ် သဘောမျိုးနဲ့ ခိုကပ်နေပြီး ဒါဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကုမ္ပဏီရဲ့ ဖောက်သည်တွေအပေါ် မရိုးမသား ခိုးမှု ကျူးလွန်နေသလိုပဲလို့လည်း သူက စွပ်စွဲသွားပါတယ်။

ဂါ့ဂ်ဟာ အရင်ကလည်း ဝန်ထမ်းတွေနဲ့ အငြင်းပွားစရာ ပြဿနာတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဝန်ထမ်း တစ်ယောက်ကို အလုပ်ထုတ်တဲ့ အီးမေးလ် ပေးပို့ရာမှာ အရမ်းနှေးကွေး ညံ့ဖျင်းလွန်းတယ် ဆိုတာမျိုး ပယ်ပယ်နယ်နယ် သုံးနှုန်း ပြစ်တင်ထားတာကို Forbes မဂ္ဂဇင်းက ပြန်လည် ဖော်ပြဖူးပါတယ်။

နောက်ပြီး ဂါ့ဂ်က အထူးတလည် ချီးကျူးပြီး ဒေါ်လာ သန်းနဲ့ချီတန်တဲ့ ရှယ်ယာတွေ ချီးမြှင့် မြှောက်စား ခံရတဲ့ ဝန်ထမ်း တစ်ဦးကလည်း အလုပ်ခွင်မှာ တခြားလုပ်ဖော် ကိုင်ဖက်တွေအပေါ် အနိုင်ကျင့်လို့ ပြဿနာ ရှင်းခဲ့ရဖူးကြောင်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ပညာရေး ဝန်ကြီးဌာနဟာ ဝန်ထမ်းအင်အား စုစုပေါင်း ထက်ဝက်လောက်ကို လျှော့ချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာ ထုတ်မရ ဖြစ်နေတယ်လို့ အဲဒီဝန်ထမ်းအသိုင်းအဝိုင်းထံကသိရပါတယ်။

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။