Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဗုံးကြဲလို့ မိဘနှစ်ဦးဆုံးပါးခဲ့တဲ့ လသားကလေးငယ်ဒဏ်ရာရလို့ လိုင်ဇာဆေးရုံမှာ ကုသ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဧရာ၀တီမြစ်အနောက်ဘက်ခြမ်းက ကောင်ဂျာဒေသကို အာဏာသိမ်းစစ်တပ်က ဇန်နဝါရီ ၂၂ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိဘနှစ်ဦးဆုံးပါးခဲ့ရတဲ့ လသားအရွယ်ကလေးငယ်ဟာ ဒဏ်ရာရရှိထားလို့ လိုင်ဇာပြည်သူ့ဆေးရုံမှာ ကုသ စောင့်ရှောက်ထားကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

ဇန်နဝါရီ-၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဧရာ၀တီမြစ်အနောက်ဘက်ခြမ်းက ကောင်ဂျာဒေသကို အာဏာသိမ်းစစ်တပ်က ဇန်နဝါရီ ၂၂ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိဘနှစ်ဦးဆုံးပါးခဲ့ရတဲ့ လသားအရွယ်ကလေးငယ်ဟာ ဒဏ်ရာရရှိထားလို့ လိုင်ဇာပြည်သူ့ဆေးရုံမှာ ကုသ စောင့်ရှောက်ထားကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

မနေ့က ကောင်ဂျာဒေသ အောက်မေ့ဖွယ်ဆုတောင်းပွဲကို စစ်တပ်က ဗုံးကြဲခဲ့ရာ ၂၀ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူ တွေထဲက ၂၈ဦးကို လိုင်ဇာဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ နှစ်လသားအရွယ် သမီးငယ်လေးလည်းပါဝင်ပါတယ်။

အဲဒီ ကလေးငယ်လေးဟာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် မိဘနှစ်ဦးလုံး ဆုံးပါးခဲ့သလို သူကိုယ်တိုင်လည်း မျက်နှာနဲ့ ခြေထောက်မှာ ဒဏ်ရာတွေ ရခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” သေဆုံးသူ စာရင်းနဲ့ နောက်ဆက်တွဲ သတင်းတော့ မသိဘူး။ ကလေးလေးကဆေးရုံ ရောက်လာလို့ပဲ သိရတာပါနော်။ ကလေးလေးက အခြေအနေကောင်းပါတယ်။ မိဘနှစ်ပါးကတော့ ပွဲချင်းပြီးတဲ့”လို့ သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ ကလေးငယ်ကို ဆေးရုံကပဲ စောင့်ရှောက်ထားတာဖြစ်တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ (KHRW)က ပြင်းထန်စွာ ရှုတ်ချကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

” သေဆုံးသွားတဲ့ မိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းရပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ပြည်သူများအပေါ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူမပြုဘဲ၊ ပြည်တွင်းစစ်ကို ပိုမိုဆိုးရွားစေပြီး လူ့အခွင့်အရေးချိုးဖောက်မှုကို ဆက်လက်ကျူးလွန်နေတဲ့ သဘောဖြစ်ပါတယ်” လို့ ကိုဂျေကော့က ပြောပါတယ်။

အာဏာသိမ်း စစ်တပ်က နိုင်ငံတဝန်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အခြေအနေမှာ ပြည်သူတွေအနေနဲ့ လူစုလူဝေး မလုပ်ဖို လုံခြုံရေးသတိထားဖို့လည်း KHRWက တိုက်တွန်းပါတယ်။

” အကြမ်းဖက်စစ်ကောင်စီက လူအများရှိတဲ့နေရာတွေကို တမင်ရည်ရွယ်ပြီး လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတိုရဲ့ လုံခြုံရေးကို အထူးသတိပြုကြပါလို မေတ္တာရပ်ခံချင်ပါတယ်”လို့ ကိုဂျေကော့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားဇနီးမောင်နှံ ၂ဦး သေဆုံးခဲ့ရကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သင်္ကြန်အတက်နေ့ ပြည်သူတွေရေကစားနေတဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းဒေသက ရွှေလုပ်ကွက်နေရာတွေကို စစ်ကောင်စီက မတ်လ ၁၀ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ သိရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ထီးလင်းမြို့နယ်အတွင်းစစ်တပ်ကဒီ​နေ့ ​မွန်းလွဲပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံနှစ်ဦသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။