Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စုက အလုံးစုံပျက်သုန်းရေးတွန်းပို့နေ၍ စစ်အုပ်စုအမြစ်ဖြုတ်နိုင်ရေးကြိုးပမ်းမည်ဟု NUG ယာယီသမ္မတပြော

ဒီဇင်ဘာ ၅ရက် ကြည့်မြင်တိုင်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများအား စစ်ကောင်စီတပ်က ကားဖြင့် တိုက်၊သေနတ်ဖြင့်ပစ်ခတ် ဖြိုခွင်းခဲ့သည့် ဖြစ်စဉ်မျိုးကို စစ်ကောင်စီက ဖေဖေါ်ဝါရီမှစ၍ ပြည်သူများ အပေါ်အကြိမ်ကြိမ်ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စုသည် မြန်မာနိုင်ငံကို အလုံးစုံပျက်သုန်းရေးသို့ တွန်းပို့နေသူများဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူများနှင့် တစ်လုံးတစ်စည်း ပူးပေါင်းပြီး စစ်အာဏာရှင်အုပ်စုကို အပြီးဖြုတ်ချနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အစည်းအဝေးကို ယနေ့ ကျင်းပရာ ယာယီသမ္မတက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ၌ လူ့ကျင့်ဝတ်မရှိသည့် စစ်အာဏာရှင်လူတစ်စုက အာဏာကိုချုပ်ကိုင်ပြီး လုပ်ချင်ရာလုပ်နေကြ၍ မင်္ဂလာမဲ့ဖြစ်နေရသည်ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၅ရက် ကြည့်မြင်တိုင်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများအား စစ်ကောင်စီတပ်က ကားဖြင့် တိုက်၊သေနတ်ဖြင့်ပစ်ခတ် ဖြိုခွင်းခဲ့သည့် ဖြစ်စဉ်မျိုးကို စစ်ကောင်စီက ဖေဖေါ်ဝါရီမှစ၍ ပြည်သူများ အပေါ်အကြိမ်ကြိမ်ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

လူငယ်များ၏ သတ္တိ၊ ဗျတ္တိသည် စစ်ကောင်စီကို ဘယ်တော့မှ အရှူံးမပေးသည့် တစ်ကမ္ဘာလုံးတုန် လှုပ်သွားစေသည့် လှုပ်ရှားမှုဖြစ်ကြောင်း ၎င်းက ဆိုသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့်သမ္မတကြီး ဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ​လေးနှစ် ချမှတ်ပြီး နှစ်နှစ်လျော့ ပေါ့ပေးကြောင်း ကရုဏာထားဆောင်ရွက်သယောင် ကြေငြာသွားခြင်းသည်လည်း ဥပဒေမဲ့ ပရမ်းပတာလုပ်ရပ်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခုခံကာကွယ်စစ်ကိုကြေညာခဲ့သည်မှာ သုံးလတိတိ ကြာခဲ့ပြီဖြစ်ကြောင်း၊ ထိရောက်စွာအားစိုက် လုပ်နိုင်ခဲ့သည့်များရှိသော်လည်း လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ကြောင်း ပြောကြား သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အမြဲမပြတ်ဆွေးနွေးနေပြီး ဘဏ္ဍာငွေနှင့် တခြားလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး နေ့စဉ် စီမံအားထုတ်နေသည်ဟု ပြည်ထောင်စုဝန်ကြီး ချုပ်က ပြောသည်။

မကြာခင်၌ ပြည်သူများစိတ်အားတက်ကြွလာစေမည့် ရလဒ်ကောင်းများ ရရှိလာတော့မည်ဟုလည်း ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ကျင့်ဝတ်မဲ့စွာ လုပ်ဆောင်နေသည်ကို သိလျက်ရဲဝင့်စွာ ဆန္ဒပြတိုက်ပွဲဝင်ရဲသည့် လူငယ်များ၏ ရဲစွမ်းသတ္တိကိုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ဦးညွတ်အလေးပြုဂုဏ်ပြုကြောင်း ပြောဆိုခဲ့သည်။

ပြည်သူတစ်ယောက်ချင်းစီ၏ အသက်များသည် တန်ဖိုးကြီးလှ၍ ပြည်သူတစ်ရပ်လုံး၏ ပေးဆပ်ခဲ့ရမှုများ အလဟဿမဖြစ်စေရန် အဆုံးသတ်အထိ တိုက်ပွဲဝင်သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ကတိသစ္စာပြု ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကြပ်တဲ့ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် (Saint Louis) BTS မှတ်တိုင်အနီး၊ မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်မှာ “Myanmar is bleeding. No handshakes with a brutal dictator”လို့​ရေးထားတဲ့ စာတန်းပါဘန်နာကို ရန်ကုန်လူထုသပိတ်နှင့်Burmese Exile Movement (BEM)တို့မှ ပူးပေါင်း...

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ကို ဖိတ်ကြားခဲ့သူ ထိုင်းဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူကို ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေက ယ​နေ့ည​နေပိုင်းမှာဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။