Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စုက အလုံးစုံပျက်သုန်းရေးတွန်းပို့နေ၍ စစ်အုပ်စုအမြစ်ဖြုတ်နိုင်ရေးကြိုးပမ်းမည်ဟု NUG ယာယီသမ္မတပြော

ဒီဇင်ဘာ ၅ရက် ကြည့်မြင်တိုင်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများအား စစ်ကောင်စီတပ်က ကားဖြင့် တိုက်၊သေနတ်ဖြင့်ပစ်ခတ် ဖြိုခွင်းခဲ့သည့် ဖြစ်စဉ်မျိုးကို စစ်ကောင်စီက ဖေဖေါ်ဝါရီမှစ၍ ပြည်သူများ အပေါ်အကြိမ်ကြိမ်ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စုသည် မြန်မာနိုင်ငံကို အလုံးစုံပျက်သုန်းရေးသို့ တွန်းပို့နေသူများဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူများနှင့် တစ်လုံးတစ်စည်း ပူးပေါင်းပြီး စစ်အာဏာရှင်အုပ်စုကို အပြီးဖြုတ်ချနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အစည်းအဝေးကို ယနေ့ ကျင်းပရာ ယာယီသမ္မတက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ၌ လူ့ကျင့်ဝတ်မရှိသည့် စစ်အာဏာရှင်လူတစ်စုက အာဏာကိုချုပ်ကိုင်ပြီး လုပ်ချင်ရာလုပ်နေကြ၍ မင်္ဂလာမဲ့ဖြစ်နေရသည်ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၅ရက် ကြည့်မြင်တိုင်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများအား စစ်ကောင်စီတပ်က ကားဖြင့် တိုက်၊သေနတ်ဖြင့်ပစ်ခတ် ဖြိုခွင်းခဲ့သည့် ဖြစ်စဉ်မျိုးကို စစ်ကောင်စီက ဖေဖေါ်ဝါရီမှစ၍ ပြည်သူများ အပေါ်အကြိမ်ကြိမ်ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

လူငယ်များ၏ သတ္တိ၊ ဗျတ္တိသည် စစ်ကောင်စီကို ဘယ်တော့မှ အရှူံးမပေးသည့် တစ်ကမ္ဘာလုံးတုန် လှုပ်သွားစေသည့် လှုပ်ရှားမှုဖြစ်ကြောင်း ၎င်းက ဆိုသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့်သမ္မတကြီး ဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ​လေးနှစ် ချမှတ်ပြီး နှစ်နှစ်လျော့ ပေါ့ပေးကြောင်း ကရုဏာထားဆောင်ရွက်သယောင် ကြေငြာသွားခြင်းသည်လည်း ဥပဒေမဲ့ ပရမ်းပတာလုပ်ရပ်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခုခံကာကွယ်စစ်ကိုကြေညာခဲ့သည်မှာ သုံးလတိတိ ကြာခဲ့ပြီဖြစ်ကြောင်း၊ ထိရောက်စွာအားစိုက် လုပ်နိုင်ခဲ့သည့်များရှိသော်လည်း လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ကြောင်း ပြောကြား သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အမြဲမပြတ်ဆွေးနွေးနေပြီး ဘဏ္ဍာငွေနှင့် တခြားလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး နေ့စဉ် စီမံအားထုတ်နေသည်ဟု ပြည်ထောင်စုဝန်ကြီး ချုပ်က ပြောသည်။

မကြာခင်၌ ပြည်သူများစိတ်အားတက်ကြွလာစေမည့် ရလဒ်ကောင်းများ ရရှိလာတော့မည်ဟုလည်း ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ကျင့်ဝတ်မဲ့စွာ လုပ်ဆောင်နေသည်ကို သိလျက်ရဲဝင့်စွာ ဆန္ဒပြတိုက်ပွဲဝင်ရဲသည့် လူငယ်များ၏ ရဲစွမ်းသတ္တိကိုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ဦးညွတ်အလေးပြုဂုဏ်ပြုကြောင်း ပြောဆိုခဲ့သည်။

ပြည်သူတစ်ယောက်ချင်းစီ၏ အသက်များသည် တန်ဖိုးကြီးလှ၍ ပြည်သူတစ်ရပ်လုံး၏ ပေးဆပ်ခဲ့ရမှုများ အလဟဿမဖြစ်စေရန် အဆုံးသတ်အထိ တိုက်ပွဲဝင်သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ကတိသစ္စာပြု ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။