Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လန်ဒန်ကို လာလည်ဖို့ ဂျပန်ဝန်ကြီးချုပ်ကို ဗြိတိန် ဝန်ကြီးချုပ် ဖိတ်ကြား

လန်ဒန်မြို့ဆီ အလည်အပတ် လာရောက်ဖို့ ဂျပန်ဝန်ကြီးချုပ်ကို ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက ဖိတ်ကြားခဲ့ပါတယ်။

လန်ဒန်မြို့ဆီ အလည်အပတ် လာရောက်ဖို့ ဂျပန်ဝန်ကြီးချုပ်ကို ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက ဖိတ်ကြားခဲ့ပါတယ်။

တရုတ်နိုင်ငံကို ၄ ရက်ကြာ အလည်အပတ် သွားရောက်ခဲ့ပြီးတဲ့နောက် စတာမာဟာ ဂျပန်ကို ခရီးဆက်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်နေ့မှာ အိမ်ရှင်နိုင်ငံ ဝန်ကြီးချုပ် စနအဲ တကအိချိနဲ့ တွေ့ဆုံခဲ့ပါတယ်။

တိုကျိုမှာ တကအိချိက စတာမာနဲ့ ဗြိတိန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့သလို နှစ်နိုင်ငံကြား တူညီစွာ ထားရှိတဲ့ စံတန်ဖိုးတွေကို ထိန်းသိမ်းနိုင်ရေး၊ နှစ်ဖက် ဆက်ဆံရေး ကဏ္ဍကို ထိထိရောက်ရောက် မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ တကအိချိက ပြောပါတယ်။

အဲဒီနောက် စတာမာက တကအိချိကို လန်ဒန်မြို့ဆီ လာရောက်ဖို့ ပြန်လည် ဖိတ်ကြားခဲ့တာပါ။ ဒါပေမဲ့ တကအိချိက လန်ဒန်ကို သွားနိုင်မလား ဆိုတာကတော့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကျင်းပမယ့် ဂျပန် ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်ပေါ်မှာ အဓိက မူတည်နေပါတယ်။ လက်ရှိ အခြေအနေမှာတော့ လူထုအမြင် စစ်တမ်းတွေအရ တကအိချိရဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ အနိုင်ရပြီး အာဏာပြန်လည် ရယူနိုင်မယ့် အခြေအနေတွေ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်ဝမ်ကိစ္စနဲ့ ပတ်သက်ပြီး တကအိချိရဲ့ အငြင်းပွားစရာ မှတ်ချက် စကားတစ်ခွန်းကြောင့် ဂျပန်နဲ့ တရုတ်တို့ကြား ဆက်ဆံရေး တင်းမာနေချိန်မှာ စတာမာက အဲဒီ အရှေ့အာရှ အင်အားကြီး နှစ်နိုင်ငံဆီ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

စတာမာရဲ့ ခရီးစဉ်ဟာ ဗြိတိန်နဲ့ တရုတ်တို့ကြား အစဉ်အလာအရ တင်းမာမှုတွေ၊ အမြင်ကွဲပြားမှုတွေ ရှိခဲ့တာကို ဖြေလျှော့ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ စတုတ္ထ အကြီးဆုံး စီးပွားရေး အရင်းအမြစ်ကို ပိုင်ဆိုင်တဲ့ ဂျပန်ဟာ ဥရောပ မဟုတ်တဲ့ နိုင်ငံတွေထဲမှာ ဗြိတိန်ဆီ အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ တရုတ် ခရီးစဉ်အတွင်း စတာမာဟာ တရုတ်ဆီ ဝီစကီအရက် တင်ပို့မှုတွေအတွက် အခွန်လျှော့ချနိုင်ရေး၊ တရုတ်နဲ့ ဗြိတိန် နိုင်ငံသားတွေအတွက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ရရေးတွေကို သဘောတူခဲ့သလို စတာလင်ပေါင် ၂.၂ ဘီလီယံဖိုး ပို့ကုန်တွေ တင်ပို့ဖို့ ကိစ္စလည်း ညှိနှိုင်းနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – EPA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ မကြာခင် ရာထူးက နုတ်ထွက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်ရှိသြဇာအာဏာအရှိဆုံး မြို့ကြီးများထဲမှ တစ်မြို့အဖြစ် လန်ဒန်က ဆက်လက်ရပ်တည်နိုင်နေခြင်းမှာမြို့၏မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်တယ်လို့ လန်ဒန်မြို့တော်ဝန် ဆာဒီခ်ခန်းက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အင်္ဂလန် ဘောလုံးကလပ် အာဆင်နယ်ရဲ့ တစ်ကျော့ပြန် ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးမှု အောင်ပွဲခံ အခမ်းအနားကို လန်ဒန်မြို့မှာ ကျင်းပခဲ့ပြီး ပရိသတ် သိန်းနဲ့ချီ စုဝေး အောင်ပွဲခံခဲ့ကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ လန်ဒန်မြို့ မြန်မာသံရုံးမှာ ဆွေးနွေးပွဲတရပ် ကျင်းပဖို့ စီစဥ်ထားပေမယ့် ဗြိတိန်ရောက်မြန်မာအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုကြောင့် ဆွေးနွေးပွဲဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။