Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆင်းရဲတဲ့ နိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၅၀၀ လှူဖို့ အမေရိကန် စီစဉ်

ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကို ဖြန့်ဝေ ထောက်ပံ့ဖို့အတွက် အမေရိကန် အစိုးရက Covid-19 ကာကွယ်ဆေး အလုံးရေ သန်း ၅၀၀ ဝယ်ယူသွားမယ်လို့ သိရပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရ အဖွဲ့ဟာ လာမယ့် ၂ နှစ်တာ ကာလအတွင်း ဒီအစီအမံကို အထမြောက်အောင် အကောင်အထည် ဖော်သွားမယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။ ပထမအသုတ် ကာကွယ်ဆေး အလုံးရေ သန်း ၂၀၀ ကို ဒီနှစ်ထဲမှာ ဝယ်ယူ ဖြန့်ဝေပေးပြီး ကျန်တဲ့ အရေအတွက်ကတော့ ၂၀၂၂ ခုနှစ်ထဲမှာ ဖြန့်ဝေသွားဖို့ ဖြစ်ပါတယ်။

အမေရိကန် အစိုးရဟာ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေဆီ ကာကွယ်ဆေးတွေ ထောက်ပံ့ ပေးပို့ဖို့ ဘက်ပေါင်းစုံ ဖိအားပေး တောင်းဆိုမှုတွေနဲ့ ကြုံနေရပါတယ်။ ဘိုင်ဒန်ရဲ့ သမ္မတ သက်တမ်းတလျှောက် ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဗြိတိန်ကို သွားရောက်ချိန်မှာပဲ အခုလို ကာကွယ်ဆေး အလုံးရေ သန်း ၅၀၀ ဝယ်ယူ လှူဒါန်းမယ့် သတင်း ထွက်ပေါ်လာတာပါ။

အစောပိုင်းမှာတော့ ဘိုင်ဒန်က သူဟာ နိုင်ငံတကာ ကာကွယ်ဆေး ဖြန့်ဝေမှု ရည်မှန်းချက်နဲ့ ပတ်သက်လို့ အစီအမံတစ်ရပ် ရှိနေကြောင်း၊ မကြာခင်မှာ အများသိအောင် ကြေညာမှာဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။

အမေရိကန်ဟာ ကမ္ဘာအနှံ့က ဝင်ငွေနည်းပါးတဲ့ နိုင်ငံ ၉၂ ခုနဲ့ အာဖရိက သမဂ္ဂဆီကို ကာကွယ်ဆေးတွေ တင်ပို့သွားမှာပါ။ အမေရိကန်နည်းတူ ဗြိတိန်နဲ့ ကနေဒါတို့လို နိုင်ငံကြီးတွေကလည်း ကာကွယ်ဆေးတွေ လှူဒါန်းဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။