Connect with us

Hi, what are you looking for?

သတင်း

ရက္ခိုင်တိုက်ပွဲအောင်ပွဲရနေပြီလို့ စစ်တပ်က စစ်သင်တန်း​တွေမှာဝါဒဖြန့်​နေ​ကြောင်း AAဆီအလင်းဝင်လာတဲ့ စစ်သားသစ်ပြော

အာဏာသိမ်းစစ်တပ်ဟာ အတင်းအဓမ္မစစ်သားစုဆောင်းထားတဲ့သူတွေကို ထွက်မပြေး​အောင်သတင်းအမှား​တွေနဲ့ဝါဒဖြန့်မှုတွေကို နည်းမျိုးစုံလုပ်​တာမှာ ရက္ခိုင်ဒေသတိုက်ပွဲတွေမှာ စစ်တပ်ဘက်က အောင်ပွဲရနေပြီဖြစ်တယ်လို့လိမ်ညာတာဝါဒဖြန့်​နေ​​ကြောင်း အာရက္ခတပ်တော်(AA) ထံအလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သားသစ် တပ်သား နိုင်ခန့်ကျော်က ပြောပါတယ်။

နတ်​ရေကန်ဗျူဟာက​ စစ်တပ်ဆီကနေ AAထံထွက်​ပြေးအလင်းဝင်တဲ့ စစ်သားသစ်တပ်သား နိုင်ခန့်ကျော်။ဓါတ်ပုံ-AA Infodesk

ဖေဖော်ဝါရီ-၅၊၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ဟာ အတင်းအဓမ္မစစ်သားစုဆောင်းထားတဲ့သူတွေကို ထွက်မပြေး​အောင်သတင်းအမှား​တွေနဲ့ဝါဒဖြန့်မှုတွေကို နည်းမျိုးစုံလုပ်​တာမှာ ရက္ခိုင်ဒေသတိုက်ပွဲတွေမှာ စစ်တပ်ဘက်က အောင်ပွဲရနေပြီဖြစ်တယ်လို့လိမ်ညာတာဝါဒဖြန့်​နေ​​ကြောင်း အာရက္ခတပ်တော်(AA) ထံအလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သားသစ် တပ်သား နိုင်ခန့်ကျော်က ပြောပါတယ်။

ဒါအပြင်စစ်တပ်က အဓမ္မစု​ဆောင်းထားတဲ့စစ်သားသစ်​တွေကို စစ်မှုထမ်း ၂နှစ်ပဲ တာဝန်ထမ်းရမှာဖြစ်ပြီး ပြီးရင်အိမ်ပြန်ခွင့်ပေးတာ၊ အလုပ်အကိုင် အဆင်သင့်ရှိတာ၊ တိုက်ပွဲမှာ ကြိုးစားရင် ရာထူးပေးမယ် ဆိုပြီး မက်လုံးပေး ဝါဒဖြန့်​နေတယ်လို့ သူကဆက်​ပြောပါတယ်။တပ်သား နိုင်ခန့်ကျော်ဟာ မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းရှိနတ်ရေကန်ဗျူဟာမှ AA ထံသို့ အခု နှစ် ဇန်နဝါရီ ၂၄ ရက်မှာ အလင်းဝင်လာတာဖြစ်ပါတယ်။

အလင်းဝင် တပ်သားဟာ ရက္ခိုင်လူမျိုးတဦးဖြစ်ပြီး ရက္ခိုင်ပြည်နယ် ရန်းဗြဲမြို့နယ်မှာ နေထိုင်သူဖြစ်ပါတယ်။၂၀၂၅ဇန်နဝါရီမှာကျန်းမာရေးမကောင်းလို့ ရန်ကုန် ဆေးကုသွား ပွဲစားကို ယုံပြီး ရန်ကုန်ကို သွားရောက်စဉ် လမ်းမှာ စစ်သားစုဆေားမှု ခံခဲ့ရတာလို့ ပြောပြပါတယ်။ ရက္ခိုင်ကနေ ရန်ကုန်ကို သွားဖို့ ပွဲစားခ ၁၇သိန်း ပေးရပေမယ့် လမ်းမှာ သူအပါအဝင် ၅ ဦးဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ အကျုံးဝင်နေတယ် ဆိုပြီးခေါ်ဆောင်ခံရကာ ကံမမြို့ စုဆောင်းရေးမှာ နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပါလာတဲ့ ဖုန်းတွေ ၊ ငွေဖြည့်ကတ်တွေ ပိုက်ဆံတွေသိမ်းယူပြီး မကွေးဆေးရုံမှာ ဆေးစစ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။တပ်သားနိုင်ခန့်ကျော်ဟာ ဗိုက်ခွဲထားရသူ ကျောက်ကပ်ရောင်၊ ကျောက်ကပ် ကျောက်တည်၊ ခါးရိုးဒဏ်ရာရှိသူ ဖြစ်လို့ ဆရာဝန်က ဆေးကျတယ်လို့ ပြောပေမယ့် စစ်ကောင်စီက ဆေးအောင်တယ်ဆိုပြီး လက်မှတ်ထုတ်ပေးပြီး စစ်သင်တန်းပို့ဆောင်ခဲ့တာလို့ ပြောပြပါတယ်။

၂၀၂၅ ဩဂုတ်မှာ စဖွင့်တဲ့ အပတ်စဉ် (၁၆) သင်တန်းမှာ တက်ခဲ့ရပြီး လူအင်အား ၆၀၀ ကျော်ပါဝင်ကြောင်း၊ အဲဒီထဲက ၉၀ ရာခိုင်နှုန်းကျော်ဟာ အတင်းအဓမ္မ စုဆောင်းခံရတဲ့ လူငယ်တွေဖြစ်ပြီး အဲဒီမှာ ရက္ခိုင်လူမျိုး ၂၆ ဦး တွေ့ခဲ့ရကြောင်း တပ်သား နိုင်ခန့်ကျော်က ပြောပါတယ်။ သင်တန်းမှာ ထွက်ပြေးသူတွေရှိပြီး ဖမ်းမိသူတွေကို သင်တန်းသားတွေရှေ့မှာ စစ်တပ်ကမေ့မြောသွားအောင်ရိုက်နှက်တာရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သင်တန်းကျောင်းအုပ်က သင်တန်းသားတွေကို ဝါဒဖြန့်စကား ပြောကြားရာမှာလည်း ရက္ခိုင်တိုက်ပွဲမှာ အောင်ပွဲရနေတယ်လို့ထည့်သွင်း ပြောဆိုခဲ့တယ်လို့ ပြောပြပါတယ်။

“ကျောင်းအုပ်ကြီးလက်ချာပိုင်းမှာ ကျောက်ဖြူအကြောင်းလည်း ပါသွားတယ်။ ကျောက်ဖြူမှာ ရန်သူတွေကို ဒရုန်းတွေနဲ့ဘယ်လိုတိုက်ခိုက်နေတယ်ဘယ်လိုချေမှုန်းနေတယ်သူတို့တပ်ဖွဲ့ဝင်တွေက ဘယ်လောက်ထိအောင်ပွဲရနေတယ် စခန်းတွေ ဘယ်လိုသိမ်းနေတယ်ဆိုပြီးတော့ကျောက်ဖြူအကြောင်းကို ထည့်ပြောသွားတာလည်းရှိတယ်” လို့ တပ်သား နိုင်ခန့်ကျော်က ပြောပြပါတယ်။

အောင်ပွဲရနေပြီဖြစ်လို့ ဘာမှ ကြောက်စရာမလိုကြောင်းပြောဆိုသလို ပြည်သူ့စစ်မှုထမ်းတွေ ၂ နှစ်ပဲတာဝန်ထမ်းရမယ်လို့ လိမ်ညာကြောင်း၊ ၂ နှစ်ပြည့်ရင်လက်မှတ်ရရင်အစိုးရအေဂျင်စီက အလုပ်အကိုင် အခွင့်အလမ်း အဆင်သင့် စီစဉ်ထားတာရှိတယ် အလုပ်လျှောက်ရင် မရဘူးဆိုတာ မရှိဘူးလို့ မက်လုံးပေးတာရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။ဒါ​ပေမယ့် ​ကျောက်ဖြူအပါအဝင် စစ်​တွေမြို့ အနီးမှာ AA ကစစ်တပ်စခန်း​တွေကို အခုနှစ်ဆန်းပိုင်းမှာ အရှိန်မြှင့်ထိုးစစ်ဆင်​နေတာဖြစ်ပါတယ်။ အမ်း-ပဒါန်းလမ်းက​နေ အမ်းမြို့ဘက်ကို စစ်တပ်ကစစ်​ကြောင်းထိုးဖို့ စစ်တပ်က စီစဥ်​ပေမယ့် AA နဲ့မဟာမိတ်​တွေရဲ့တန်ပြန်ထိုးစစ်​ကြောင့်အခိုင်အမာတပ်စွဲထားတဲ့ နတ်​ရေကန်ဗျူဟာမ​ကျ​အောင် စစ်ကူအများအပြားပို့ပြီး ခုခံ​နေရတာဖြစ်ပါတယ်။

တိုက်ပွဲမှာ ကြိုးစားရင် ရာထူးတိုးတာတွေ သူရဲကောင်းဘွဲ့ပေးတာတွေရှိတယ်လို့ သင်တန်းဆရာတွေက ပြောဆိုတာရှိကြောင်း ပြောပါတယ်။သင်တန်းကာလမှာသင်တန်းသားတွေမူးယစ်ဆေးသုံးတာတွေရှိကြောင်းလည်း တပ်သား နိုင်ခန့်ကျော်က ပြောပါတယ်။ တပ်ရင်းမှာ ရှိတဲ့ အရာရှိတွေ ဗိုလ်တွေကကိုယ်တိုင်သုံးသလို သင်တန်းသားတွေကိုရောင်းဝယ်ဖောက်ကားနေတာရှိတယ်လို့ လည်း ပြောပြပါတယ်။

သင်တန်းအပြီး စစ်မြေပြင်ကို သွားရမယ် အေးချမ်းတဲ့နေရာကို သွားရမယ်လို့ လိမ်ပြောပြီး ၊အမ်း-ပဒန်းလမ်းကို ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ဒေသမှာရှိတဲ့ ဒရုန်းတပ်ဖွဲ့ ရောက်တော့ ဗိုလ်ကြီးတွေက WY မူးယစ်ဆေးပြားတွေရောင်းတာတွေ့ရကြောင်း တပ်သား နိုင်ခန့်ကျော်က ပြောပါတယ်။

“ဒရုန်းတပ်ဖွဲ့ ဗိုလ်ကြီးတွေက ပစတွေရောက်တာနဲ့ WY ဆေးပြားတွေ မူးယစ်ဆေးပြားတွေ စရောင်းတယ်။ ဒီဟာက ရှေ့တန်းစစ်မြေပြင်မှာကောင်းတယ်ဒါကမဖြစ်မနေဆောင်ထားရမှာလို့ပြောတာရှိတယ်” လို့ တပ်သား နိုင်ခန့်ကျော်က ပြောပါတယ်။

အဲဒီမူးယစ်ဆေးတွေကိုတပ်ကြပ် တဦးကဆိုင်ကယ်နဲ့ယူလာတာဖြစ်ပြီး ၁၀၁ တပ်မက ဗိုလ်မှူးတွေ ဗိုလ်ကြီးတွေ ကိုလည်း သွားရောင်းတာရှိကြောင်း ပြောပြပါတယ်။

“အဲဒီမှာတွေ့ရတာစစ်တပ်နဲ့တောင်မတူတော့ဘူး။ မူးယစ်ဆေးဝါး WY ဆေးရောင်းဝယ်ဖောက်ကားနေတဲ့ နေရာကြီးတခုလိုတူတယ်လို့ ထင်ခဲ့သေးတယ်။ “ လို့ တပ်သား နိုင်ခန့်ကျော်က ပြောပါတယ်။

ဒါအပြင်မူးယစ်ဆေးသုံးပြီး အချင်းချင်း ရန်ဖြစ်စကားများတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ခမရ(၅၇၄)က တပ်ကြပ်တဦးဟာ မူးယစ်ဆေး အသုံးလွန်ပြီးကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်သတ်သေဆုံးသွားတာရှိတယ်လို့ ပြောပြပါတယ်။

ပြည်သူ့စစ်မှုထမ်းတွေနဲ့ သံ​န္ဓေစစ်သားတွေကို ခွဲခြားဆက်ဆံတာရှိသလို အထက်အရာရှိတွေက ပြည်သူ့စစ်မှုထမ်း အယောက် ၂၀နဲ့ သံန္ဓေ ၁ယောက်နဲ့ မလဲဘူး ဆိုပြီး ပြောဆိုသလို စစ်မြေပြင်မှာ ပြည်သူ့စစ်မှုထမ်းတွေကို ရှေ့တက်ခိုင်းမယ်လို့ အထက်အရာရှိက ပြောကြောင်း၊ အပြောသပ်သပ် မဟုတ်ဘဲ လက်တွေ လည်း ခွဲခြားဆက်ဆံကြောင်း တပ်သား နိုင်ခန့်ကျော်က ပြောပါတယ်။

ပစတွေကို ရှေ့က တိုက်ခိုင်းမယ်ဆိုတဲ့ အတွေးရှိလို့ ထွက်ပြေးမယ်ဆိုပြီး အချင်းချင်း ဆွေးနွေးကြတာရှိကြောင်းလည်း ပြောပါတယ်။ အများစုက ထွက်ပြေးလိုသူတွေဖြစ်တယ်လို့ ပြောပါတယ်။

တပ်သားနိုင်ခန့်ကျောအနေနဲ့အာရက္ခတပ်တော်(AA) ထဲက ယောက်ဖနဲ့ အဆက်အသွယ်လုပ်ပြီး အဲဒီကတဆင့် နတ်ရေကန်က AA ကတပ်ရင်းမှူးနဲ့ ချိတ်ဆက်ကာ အလင်းဝင်ဖို့ ပြင်ဆင်ခဲ့တာလို့လည်း ပြောပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာနိုင်ငံတဝန်းလူငယ်လူရွယ်တွေကို နည်းမျိုးစုံနဲ့ စစ်သားစုဆောင်းနေတာဖြစ်ပြီး အချိန်တိုစစ်သင်တန်းပေးကာ နိုင်ငံတဝန်း စစ်မျက်နှာအသီးသီးမှာ အသေခံတိုက်ပွဲဝင်ခိုင်းနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။