Connect with us

Hi, what are you looking for?

သတင်း

ပေါက်မှာ စစ်တပ်က စစ်ကြောင်းထိုးပစ်ခတ်လို့ ပြည်သူ ၅ထောင်ကျော် တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-)က စစ်ကြောင်းထိုးပြီး ဂျက်ဖိုက်တာနဲ့ပါ ပစ်ခတ်နေလို့ ကျေးရွာ ၆ရွာက ဒေသခံပြည်သူ ၅၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ-၆၊ ၂၀၂၆ ဟာနာဆန်၊မိုမို/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-)က စစ်ကြောင်းထိုးပြီး ဂျက်ဖိုက်တာနဲ့ပါ ပစ်ခတ်နေလို့ ကျေးရွာ ၆ရွာက ဒေသခံပြည်သူ ၅၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်ကတည်းက ပေါက်မြို့နယ်ကကပစ(၂၄)လက်နက်စက်ရုံကနေ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ သစ်ချိုကုန်းပျူစောထီးကျေးရွာရောက်ရှိပြီး အဲဒီရွာကနေတဆင့် အနီးရှိကျေးရွာတွေကို စစ်ကြောင်းထိုးနေပါတယ်။

ဒါ့အပြင် ဂျက်ဖိုက်တာနဲ့ပါ ပစ်ခတ်ပြီး ကပစ(၂၄)လက်နက်စက်ရုံကနေလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်​နေတာကြောင့် ကျေးရွာ ၆ ရွာ အိမ်ထောင်စု ၁၁၀၀ ၊ လူဦးရေ ၅၀၀၀ နီးပါးဟာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ပေါက်တောင်ပိုင်းကို စကစ စစ်ကြောင်းက ပျူစောထီးရွာရိက္ခာအတွက် စစ်ကြောင်းဝင်ရောက်နေတာ။ပြည်သူတွေ လက်နက်ကြီးနဲ့ မနားတမ်းအပစ်ခံနေရတယ်။စစ်ကြောင်းဝေးရာ ပြေးလွှားနေကြတယ်။”လို့ ပေါက်မြို့နယ်က တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ပေါက်မြို့နယ်က စစ်ရှောင်တွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေပြီး ကာလရှည်ကြာ ရှောင်နေရတဲ့ စစ်ရှောင်တွေမှာလည်း အရေပြားရောဂါတွေဖြစ်ပွားကာ ဆေးဝါးပြတ်လပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

“တောင်ပိုင်းမှာကသစ်ချိုကုန်း၊ဝန်ခြုံးတို့သီးချောက်တို့က ပျူစောထီးရွာတွေ ဖြစ်တယ်။အဲဒီရွာတွေက ပြီးခဲ့တဲ့ သုံးလလောက်က တော်လှန်ရေးအဖွဲ့တွေ ဝင်တိုက်ခိုက်ဖူးတယ်။နောက်ပြီး အခုက တောင်ပိုင်း တပ်ကုန်းရွာမှာလည်း စစ်ကြောင်းတစ်ခုရှိနေသေးတယ်။အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းတဲ့ ပုံစံ”လို့ ပေါက်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

လတ်တလော စစ်ရှောင်နေရတဲ့ ပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့လည်း သိရပါတယ်။

ပေါက်နဲ့ နယ်မြေချင်းဆက်နေတဲ့ မြိုင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁ ရက်က စစ်ကြောင်းထိုးပြီး ပြည်သူတွေရဲ့ ဆန်အိတ်ပေါင်း ၄၀၀ ကျော်နဲ့ ပဲအိတ်တွေ သိမ်းယူသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓါတ်ပုံ-ပေါက်လူသားစာနာဌာန)

ဆက်စပ်သတင်းများ

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။