Connect with us

Hi, what are you looking for?

News

ခရီးသည်တင်ယာဥ် သစ်ပင်ဝင်တိုက်မိ၍ ခရီးသည် နှစ်ဦး​သေ၊ နှစ်ဦးဒဏ်ရာရ

“ခရီးသည်နှစ်ယောက်တောင် သေတယ်။ နှစ်ယောက် ဒဏ်ရာရတယ်။ လပွတ္တာဆေးရုံကို ပို့မယ်လို့ ကြားတယ်”ဟုမျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

လပွတ္တာ-မြောင်းမြ ကားလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးသစ်ပင်အားအရှိန်ဖြင့် ဝင်တိုက်မိသဖြင့် ခရီးသည်နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။

ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်အပါအဝင် စုစုပေါင်း ၃၅ဦးလိုက်ပါလာသည့် ခရီးသည်တင် ကားသည် ယနေ့(ဒီဇင်ဘာ ၈ရက်) ညနေ ၄နာရီခန့်တွင် လပွတ္တာ-မြောင်းမြ ကားလမ်းတစ်နေရာတွင် တိုင်း​ရော့ပြုတ်ပြီး လမ်း​ဘေးသစ်ပင်ကိုအရှိန်ဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“ခရီးသည်နှစ်ယောက်တောင် သေတယ်။ နှစ်ယောက် ဒဏ်ရာရတယ်။ လပွတ္တာဆေးရုံကို ပို့မယ်လို့ ကြားတယ်”ဟုမျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း အသုံးပြုနေသော ခရီးသည်တင်ကားအများစုသည် ကြံ့ခိုင်ရေးမကောင်းဘဲ အချို့ကားများသည် အဝင်အထွက် တံခါးပေါက်များ ဖြုတ်ချထားသည်အထိ စုတ်ပြတ်နေသည်ကို​တွေ့ရ​ကြောင်း​ခရီးသွားအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီလက်ထက်တွင်ခရီးသည်များဆီမှ ကားလက်မှတ်ခများပိုတောင်းနေပြီး ယင်းလုပ်ရပ်အပေါ် ထိန်းသိမ်းမည့်သူမရှိဖြစ်နေသည်ဟု ခရီးသွားများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတံတား (ရတနာပုံတံတား)ပေါ်မှာ စစ်အုပ်စုကပေါ်တာဆွဲတာတွေဆက်တိုက်လုပ်လာတာကြောင့် ဒီတံတားကိုဖြတ်သန်းပြီး မန္တလေးကိုသွားမယ့် ကျေးရွာတွေက ခရီးသည်တင်ကားတချို့ စတင်ရပ်နားလာကြတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းတွင်ဇွန်လ ၂ရက် နံနက် ၃နာရီခွဲခန့်က ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ပြီးခရီးသည် ၆ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရခဲ့သည်။

သတင်း

■စစ်သား​တွေက ခရီးသည်တင်ယာဥ်​​မောင်းကို​သေနတ်​ထောက် တိုက်ပွဲဖြစ်ရာ​နေရာကို လိုက်ပို့ခိုင်းရာမှ ခရီးသည်​တွေတိုက်ပွဲကြားပိတ်မိခဲ့တာလို့ချောင်းဦးပကဖ​ပြော မင်းညို/People’s Spring ၏စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲကြားပိတ်မိတဲ့ ခရီးသည်​တွေအနက် ၃ နှစ်အရွယ်ကလေးတဦးနဲ့မိခင်အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၄ ရက် ညနေပိုင်းက မုံရွာ-မန္တလေးလမ်းပေါ်၊...