Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲကြားပိတ်မိတဲ့ ခရီးသည်​တွေအနက် ၃ နှစ်အရွယ်က​လေးငယ်နဲ့မိခင်အပါအဝင် သုံးဦး သေဆုံး

ပျက်စီးခဲ့တဲ့ခရီးသည်တင်ယာဥ်နဲ့ ​သေဆုံးခဲ့တဲ့သားအမိကိုတွေ့ရစဥ်။ဓာတ်ပုံ-CJ

■စစ်သား​တွေက ခရီးသည်တင်ယာဥ်​​မောင်းကို​သေနတ်​ထောက် တိုက်ပွဲဖြစ်ရာ​နေရာကို လိုက်ပို့ခိုင်းရာမှ ခရီးသည်​တွေတိုက်ပွဲကြားပိတ်မိခဲ့တာလို့ချောင်းဦးပကဖ​ပြော

မင်းညို/People’s Spring

၏စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲကြားပိတ်မိတဲ့ ခရီးသည်​တွေအနက် ၃ နှစ်အရွယ်ကလေးတဦးနဲ့မိခင်အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက် ညနေပိုင်းက မုံရွာ-မန္တလေးလမ်းပေါ်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီးမှာ စစ်ကောင်စီယာဥ်တန်းဖြတ်သန်းလာချိန် ကာကွယ်ရေးအဖွဲ့​တွေက ​စောင့်ကြိုတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွား​နေချိန်မှာထပ်လာတဲ့ စစ်သား​တွေက ခရီးသည်တင်ကား ၁ စီးကို တိုက်ပွဲဖြစ်​နေတဲ့​နေရာဆီ ဖြတ်​မောင်းခိုင်းပြီး တိုက်ပွဲ​နေရာ​ရောက်တဲ့အခါ ဆင်း​နေခဲ့ကြပါတယ် ။တိုက်ပွဲကြားပိတ်မိသွားတဲ့ ခရီးသည်တင်ယာဥ်ပေါ်က အသက် ၂၇ အရွယ် ခရီးသည်အမျိုးသမီးနဲ့ သူရဲ့အသက် ၃ နှစ်အရွယ်သမီးငယ်တဦး၊ အခြားခရီးသည် အမျိုးသမီးတဦး စုစု​ပေါင်း ၃ ဦ္ဟာ စစ်တပ်ရဲ့ စက်တပ်​လေထီး​ပေါ်က ချတဲ့ ဗုံးထိမှန်ပြီး​သေဆုံးခဲ့တယ်လို့ချောင်းဦးပကဖအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မုံရွာဘက်ကလာတဲ့ကားနှစ်စီးကို ဖြတ်တိုက်တာ။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ပထမတော့ကားတွေက တန်းစီရပ်နေတာ။ စစ်ကောင်စီတပ်သားတွေက Express ကားပေါ်လိုက်လာပြီး ယာဥ်မောင်းကို သေနတ်နဲ့ထောက်ပြီး မောင်းခိုင်းတယ်။ အခင်း

ဖြစ်တဲ့နားရောက်တော့ စစ်သား ၁၅ ဦးလောက် ဆင်းသွားတယ်။ ကျွန်တော်တို့လည်း Express ကားပေါ်က ပြည်သူတွေကို ကယ်ထုတ်တယ်။ လမ်းဘေးမှာ မှောက်ခိုင်းထားတဲ့အချိန် ပါရာမိုတာနဲ့ချတာ။ အဲချိန်မှာဖြစ်သွားတာ။”လို့ ချောင်းဦးပကဖအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကားပျက်စီးမှုတွေကလည်း မိုင်းထိတာမဟုတ်ပဲ ကားကတိုက်ပွဲကြား ဝင်သွားချိန် ပစ်ခတ်ခံထားရတာတွေဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

စစ်​ကောင်စီဝါ ဒဖြန့် တယ်လီဂရန့်​တွေက ​တော့သားအမိကို PDF ​တွေက ပစ်လို့​သေတယ်ဆိုပြီးတယ်လီဂရန်ချန်နယ်လ်​တွေမှာ ​ရေးသားဖြန့်​ဝေ​နေကြပါတယ် ။

မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီယာဥ် ဖြတ်သန်းသွားတိုင်း ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်လေ့ရှိပြီး အဲဒီလိုတိုက်ခိုက်ချိန် လမ်းပိုင်းယာယီပိတ်ထားလေ့ရှိပါတယ်။ တိုက်ပြီး​တွေဖြစ်ပြီး​နောက်​နေ့ မတ်လ ၅ ရက်နေ့မှာတော့ မုံရွာ-မန္တလေးလမ်း ပြန်လည်သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်း လမ်းပြန်ဖွင့်ပေမဲ့ စစ်အုပ်စုက နတ်ရေကန်ရွာအနီးမှာ ကားတွေကို ထိန်းလွှတ်နေလို့ ကားအစီးရေ ရာချီပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတံတား (ရတနာပုံတံတား)ပေါ်မှာ စစ်အုပ်စုကပေါ်တာဆွဲတာတွေဆက်တိုက်လုပ်လာတာကြောင့် ဒီတံတားကိုဖြတ်သန်းပြီး မန္တလေးကိုသွားမယ့် ကျေးရွာတွေက ခရီးသည်တင်ကားတချို့ စတင်ရပ်နားလာကြတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းပေါ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကထိခိုက်မှုတွေရှိပြီးကား ၁ စီးပျက်စီးကာ လက်နက်အချို့ကိုပါ ကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။