Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတွင်ခရီးသည်တင်ကားတိမ်းမှောက်၆ဦးသေ၊၁၁ဦး ဒဏ်ရာရ

မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းတွင်ဇွန်လ ၂ရက် နံနက် ၃နာရီခွဲခန့်က ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ပြီးခရီးသည် ၆ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရခဲ့သည်။

မှောက်သည့်ခရီးသည်တင်ယာဥ်ပေါ်မှ ခရီးသည်များအား ကယ်ဆယ်နေစဥ်။ ဓာတ်ပုံ-MFSD၊ပြည်သာယာလူငယ်လူမှုကူညီရေးအသင်း

ဇွန်-၂၊၂၀၂၅။ဇော်ရမ်း၊​မေရီ/People’s Spring

မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းတွင်ဇွန်လ ၂ရက် နံနက် ၃နာရီခွဲခန့်က ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ပြီးခရီးသည် ၆ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရခဲ့သည်။

မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် (၁၄မိုင်) ၃ဖာလုံနဲ့ ၄ဖာလုံကြားမှာ Elite Express ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါ (၆)ဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။

“မိုးကလည်း ရွာထားတယ်။ အဲလမ်းက ကျဥ်းလည်းကျဥ်းတယ်။”လို့ မိတ္ထီလာဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ (၁၁)ဦးကိုလည်း မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ကူညီကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။

သေဆုံးထိခိုက်သူတွေရဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။

ဒဏ်ရာသူများ၏အခြေအနေလည်း စောင့်ကြည့် နေရသည့်အနေအထားဖြစ်သည်ဟုလူမှုကူညီရေးအသင်းဝင်တဦးကပြောသည်။

မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ၆ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့သည်ဟုဖော်ပြထားသည်။ တိမ်းမှောက်သည့်ကားအမည်အပါအဝင် အခြား အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သည့် အရပ်ဖက်အဖွဲ့များကလည်း အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးပေ။

“နေ့မြင်ညပျောက်ဆိုတာတကယ်ကြီးရယ်။တချို့body တွေဆိုကားပိထားတော့မြင်လို့တောင်မကောင်းဘူး”ဟု မိတ္ထီလာမြို့မှ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက လူမှုကွန်ရက်တွင်တင်ထားသည်။

ယခုရက်ပိုင်း မိုးသည်းထန်စွာကရွာနေပြီး အိမ်စီးကားများ၊ ခရီးသည်တင်ကားများအနေဖြင့် ဂရုပြုမောင်းနှင်ကြရန် ဒေသခံများကအကြံပြုသည်။

ယာဥ်ပေါ်ပါသူများ၏အခြေအနေကိုသိရှိလိုသူများအနေဖြင့်ပြည်သာယာလူငယ်လူမှုကူညီရေးအသင်း၏ဖုန်းနံပါတ် 09692021192 နှင့်09792085085ထံ ဆက်သွယ်မေးမြန်းနိုင်​ကြောင်းအသင်းကအသိ​ပေးထားသည်။

ပြီးခဲ့တဲ့ မေလ (၂၆)ရက်နေ့ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မြင်းခြံ- ရန်ကုန် ခရီးသည်တင်ယာဥ်တစ်စီးဟာ ချောင်းရေလျှံနေတဲ့ ဆင်တဲဝချောင်းထဲ ဖြတ်သန်းရင်း မျောပါသွားခဲ့ပြီး ပြည်သူတွေ စုပေါင်းကယ်ကြလို့ ကားပေါ်ပါသူတွေ အသေအပျောက်မရှိခဲ့ပါဘူး။

ဒီကနေ့ ဇွန်လ(၂)ရက်နေ့မှာလည်း ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ သင်္ကြန်ရေပက်ခံကားတစ်စီး တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇ဦးရှိတယ်လို့ Yangon Rescue Organization (YRO)က အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတံတား (ရတနာပုံတံတား)ပေါ်မှာ စစ်အုပ်စုကပေါ်တာဆွဲတာတွေဆက်တိုက်လုပ်လာတာကြောင့် ဒီတံတားကိုဖြတ်သန်းပြီး မန္တလေးကိုသွားမယ့် ကျေးရွာတွေက ခရီးသည်တင်ကားတချို့ စတင်ရပ်နားလာကြတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

■စစ်သား​တွေက ခရီးသည်တင်ယာဥ်​​မောင်းကို​သေနတ်​ထောက် တိုက်ပွဲဖြစ်ရာ​နေရာကို လိုက်ပို့ခိုင်းရာမှ ခရီးသည်​တွေတိုက်ပွဲကြားပိတ်မိခဲ့တာလို့ချောင်းဦးပကဖ​ပြော မင်းညို/People’s Spring ၏စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲကြားပိတ်မိတဲ့ ခရီးသည်​တွေအနက် ၃ နှစ်အရွယ်ကလေးတဦးနဲ့မိခင်အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၄ ရက် ညနေပိုင်းက မုံရွာ-မန္တလေးလမ်းပေါ်၊...