ဖေဖော်ဝါရီ-၁၆၊၂၀၂၆။အိမ်သွင်/People’s Spring
“ဝ”ပြည်သွေးစည်းညီညွတ်ရေတပ်မတော်(UWSA)အရာရှိနှစ်ဦးကို အွန်လိုင်းငွေလိမ်လုပ်
ငန်း(ကျားဖြန့်မှု)မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ရာထူးကနေ ထုတ်ပယ်တာနဲ့ ထောင်ဒဏ်ချမှတ်တာတွေကို “ဝ”ပြည်တရားစီရင်ရေး ကော်မတီ – WSPကအမိန့်ချခဲ့ပါတယ်။
အသက် (၃၀)အရွယ် ဒုတပ်ရင်းမှူး ကျိုးရှီးကုန်းနဲ့ အသက် (၃၉) တပ်ခွဲအဆင့် နိုင်ငံရေးမှူးလော်ယွန့်ကိုင် တို့ကို အရေးယူတာလို့ ဝဒေသသတင်းရင်း
မြစ်ကပြောပါတယ်။
“အမှုက ဖြစ်တာကြာပြီ။စစ်ဆေးနေဝာာပေါ့။ စစ်ဆေးဆဲအမှုတွေလည်းရှိတယ်။တရုတ်က စာရင်းပေးထားပြီးလွတ်နေတဲ့တရားခံတွေလည်းရှိတယ်”လို့ အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
ကျိုးရှီးကုန်း နဲ့ညလော်ယွန့်ကိုင်တို့က ကျားဖြန့်လုပ်ကိုင်သူတွေကို ဝှက်ထားပေးခြင်း၊ကူညီရွှေ့ပြောင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့တာကြောင့် ရာထူးအားလုံးကို ရပ်ဆိုင်းလိုက်ပြီကျိုးရှီးကုန်းကို ထောင်ဒဏ် (၃)နှစ်၊လော်ယွန့်ကိုင်ကို ထောင်ဒဏ် (၁) နှစ်စီ ချမှတ်လိုက်တယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်ကWSP ကြေငြာချက်ကို ကိုးကားပြီ ဝဒေသတွင်းသတင်းတွေကိုအသားပေးဖော်ပြပေးနေတဲ့ Wa News Land ကဖော်ပြထားပါတယ်။
UWSA ဟာ ဒေသတွင်း ကျားဖြန့်နှိမ့်နင်းရေးအတွက် တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ကြေညာထားပြီး ကျားဖြန့်အမှုမှာ ပါဝင်ပတ်သက်သူတရုတ်နိုင်ငံသားတွေကိုလည်း တရုတ်အစိုးရထံ ပြန်လွှဲပေးနေပါတယ်။ ဒါ့အပြင် ကျားဖြန့်နဲ့ ပတ်သက်ပြီး UWSA အရာရှိတချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ကိုတရုတ်အစိုးရကဖမ်းဝရမ်းထုတ်ထားပါတယ်။
UWSAရဲ့ဆောက်လုပ်ရေးဌာနမှူးကြီးပေါက်အိုက်ပန်းနဲ့မိုင်းလင်းခရိုင်မှူးအိုက်ဟော်ဟာတရုတ်နိုင်ငံသားတွေ ထိခိုက်နစ်နာစေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဦးဆောင်ပြုလုပ်နေတာသက်သေအခိုင်အမာရရှိထားတယ်ဆိုပြီး တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်၂၀၂၄ခုနှစ်အောက်တိုဘာလမှာ တရုတ်နိုင်ငံ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာမှာ ပေါက်အိုက်ပန်းနဲ့အိုက်ဟော်အကြောင်း သတင်းပေးနိုင်သူကို တရုတ်ယွမ် ၁၀၀,၀၀၀ မှ ယွမ် ၅၀၀,၀၀၀ အထိ ပေးမယ်လို့ ဆုကြေးထုတ်ခဲ့ပါတယ်။တရုတ်က ဖမ်းဝရမ်းထုတ်ပြီးတဲ့နောက် ပေါက်အိုက်ပန်းနဲ့အိုက်ဟော်ကို ထုတ်ပယ်ကြောင်းနဲ့၎င်းတို့ နှစ်ဦးဟာ “ဝ”ပြည်နယ်အစိုးရနဲ့ အိမ်နီးချင်းနိုင်ငံများအပေါ် နိုင်ငံရေးအရ ယုံကြည်မှုကိုထိခိုက်စေတယ်လို့ UWSAကထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံနဲ့နယ်စပ်မြို့တွေမှာ ကျားဖြန့်တိုက်ဖျက်ရေးအတွက်တရုတ်အစိုးရကUWSAအပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့နဲ့လည်း ဆွေးနွေးမှုတွေရှိနေတယ်လို့သိရပါတယ်။


















































